အခန်း (၂၅)
ဆစ်ကျီ၏ ချက်ချင်းပင် ပြောင်းလဲသွားသော အမူအရာအား.. ကျန်းမင်ရှီ တအံ့တသြဖြစ်စွာဖြင့်.. သူထိုင်နေသော နေရာအနီးတစ်ဝိုက်မှ ရေများ မခဲသွားအောင် အအေးဓာတ်ကို ကာထားလိုက်ရသည်။ သို့သော် အေးစိမ့်နေသော.. အအေးဓာတ်ကို ကာဆီးထားဖို့ သူ့ လက်ချောင်းတွေပင် တုန်ရင်လာသည်ဟု ကျန်းမင်ရှီ ထင်မြင်မိသည်။
ဆစ်ကျီ ဆိုသော နတ်ဘုရား၏ စွမ်းအားက လုံးဝ လျော့တွက်လို့ မရသော အနေအထားမှာ ရှိမှန်း နားလည်လိုက်သည်။ သူ့လက်တွေ တုန်ရင်လာတဲ့ အထိ ဆစ်ကျီ၏ အအေးဓာတ်ကို တားဆီးထားတာတောင်မှ သူ့အနားထိ နီးကပ်စွာ တရွေ့ရွေ့ အေးခဲလာနေဆဲ ဖြစ်သည်။
ထိုင်နေ၍ မဖြစ်တော့သဖြင့်.. သူ ထရပ်လိုက်ပြီးမှ.. လက်တွေတွင် အစိမ်းရောင်အငွေ့များ ပျံတက်စေပြီး အပူဓာတ်ကို ဖန်တီးကာ.. သူရှိနေသော နေရာတစ်ဝိုက်အား လောင်ကျွမ်း စေလိုက်သည်။ ထိုအခါမှ ဆစ်ကျီ နတ်မင်းထံမှ အအေးဓာတ်က ရပ်တန့်သွား၏။
ကျန်းမင်ရှီက နဂိုရ်ကတည်းက ပျော်တတ်သော နတ်မင်းတစ်ပါး ဖြစ်တာမို့ ဆစ်ကျီ ဒေါသထွက်သွားတာကို မသိချင်ယောင်ဆောင် ပစ်လိုက်ဖို့ကို ဆုံးဖြတ်လိုက်သည်။ ထို့အတွက်.. ဆစ်ကျီ နတ်မင်းအား မသိသလို မျက်နှာပေးမျိုးနှင့်..
“ကျိုးဟူ ဆိုတာက မင်းရဲ့ ရန်သူမို့.. မင်းက ဒီလောက် ဒေါသတွေ ထွက်လာတာလား.. မင်းလို ခံစားချက်မဲ့ နတ်မင်းကို ဒေါသထွက်အောင် လုပ်နိုင်တဲ့ နတ်ဆိုတော့.. ငါ ပိုပြီး သူ့ကို သိချင်သွားတယ်..”
ဆစ်ကျီ၏ အစဉ်မြဲ တည်တင်းနေသော မျက်နှာတွင် တွန်းကွေးနေသည့် မျက်ခုံးမွေးက တစ်ခုနှင့် တစ်ခု ထိစပ်လု မတတ် ဖြစ်လာသည်။ ကျန်းမင်ရှီ နတ်မင်းက သလင်းရေကန်ကို ဖြတ်လျက် ရှိသော.. တံတားပေါ်သို့ ပျံတက်သွားပြီးမှ.. စကားကို ဆက်ပြောသည်။
“သူက မင်းရဲ့ မျက်နှာအေးနတ်အို ဆိုတဲ့ ဂုဏ်ပုဒ်ကို ထိပါးနိုင်တယ် မဟုတ်လား.. သူက အရမ်းကို အစွမ်းထက်မှာပဲ..”
ဆစ်ကျီက အေးစက်သည့်ထက် အေးစက်နေသော မျက်နှာထားနှင့်.. အလျံတငြီးငြီးတောက်တော့မည့် မီးတောက်လို.. ဖြစ်လာပြီး.. ကြာရွက်ပေါ်တွင် ထိုင်နေရာမှ.. ကျန်းမင်ရှီ ရှိရာ သလင်းရေကန်၏ တံတားသို့ ဆင်းသက်လာ၏။
“သူက မရှိတော့ဘူး.. ပြီးတော့ သူက ကျိုးမျိုးနွယ်က မဟုတ်ဘူး.. တလီမျိုးနွယ်က..”
တလီမျိုးနွယ်က ဆိုတော့ ဘယ်သူဆိုတာ တော်တော့ကို ရှာရခက်တော့မည်။ နတ်တစ်ပါး၏ ဆရာဖြစ်ခွင့် ရဖို့ ဒီလောက်တောင် ခက်ခဲတာလား ဆိုတာကို ကျန်းမင်ရှီ လက်ခံမိတော့မလို ဖြစ်သွားသည်။ ဆစ်ကျီ နတ်မင်းကျတာ့ တပည့်တွေ ဟော့တစ်ယောက် ဟော့တစ်ယောက် မွေးထုတ်နိုင်တာ သူ ဘာတွေများ စားထားလို့ ပါလိမ့်။
“မင်း မသွားသေးဘူးလား..”
ဒီမျက်နှာ မကြည့်တတ်တဲ့ နတ်မင်းက သူ့ကို အေးစက်စွာပဲ နှင်လေသည်။ သူသာ အလိုက်မသိပဲ ဆက်ပြီး မေးမြန်းနေလျှင် နန်းဆောင်အတွင်းမှ လွင့်ပျံသွားတော့မတတ် ကြည့်နေသော မျက်လုံးများ၏ အရှိန်အဝါကြောင့် ကျန်းမင်ရှီ အလိုက်သတိပင် ထိုနေရာမှ ထရပ်လိုက်ရသည်။
တလင်း နန်းဆောင်မှ ထွက်လာပြီး.. ပန်းတစ်ရာနန်းဆောင်သို့ သွားမိသည်။ သို့သော် ပန်းတစ်ရာ နန်းဆောင်ရှေ့တွင်သာ ရပ်လျက်ကြည့်နေမိတော့၏။ ဒီနေရာမှာ သူ့ရဲ့ ငယ်ဘဝ ရှိသည်။ ဒီနေရာတွင် ဖန့်အော်၏ နန်းဆောင် ရှိခဲ့ဖူးသည်။
သို့သော် ကောင်းကင်၏ ထုံးစံအတိုင်း နတ်တစ်ပါး စုတေကျလျှင် ထိုနတ်၏ နန်းဆောင်က အလိုလို ပျောက်ကွယ် သွားသည်။ အခုတော့ ဖန့်အော်၏ နန်းဆောင် နေရာတွင်.. ဘယ်ကမှန်း မသိသော နန်းဆောင် ပိုင်ရှင်များက အသီးသီး နေရာယူထားကြပြီ။
ပန်းတစ်ရာ နန်းဆောင် အတွင်းသို့ လှမ်းဝင်လိုက်သည်နှင့် ကြိုင်လှိုင်နေသော ပန်းရနံ့များက ထုံသင်းနေသည်။ ဒီပန်းတွေကို သူ လူ့ပြည်ကနေ တကူးတက လိုက်ရှာပြီး စိုက်ပျိုးထားရခြင်း ဖြစ်သည်။ သူ့လက်နှင့် ပျိုးထားသော ပန်းများမို့ နှစ်ပေါင်း ရှည်ကြာသည့်တိုင် လှပမွှေးပျံ့နေခြင်း ဖြစ်၏။
ဒီပန်းခင်းတွေထဲမှာ.. ဖန့်အော်နဲ့သူ ဆော့ကစားဖူးသည်။ အရွယ်မရောက်သေးခင်က တူတူပုန်းလျက် ဆော့သည်။ အရွယ်ရောက် လာတော့ ကျမ်းဂန်တွေ အတူတူ လေ့လာဖူးသည်။ နောက်ဆုံး.. ကျိုးလွီနှင့် တွေ့ဆုံခြင်းကိုပင် ဒီပန်းခင်းထဲမှာ ဖန့်အော်က ရှက်စနိုးဖြင့် ပြောပြလာခဲ့သည်။ ပြောရလျှင် ဒီပန်းခင်ထဲမှာ သူ အသည်းကွဲခဲ့သည် ဆိုရမည်။
တစ်ခါတစ်လေ ကျန်းမင်ရှီ သူ့ကိုယ်သူ အံ့သြရသည်။ သူတို့ မျိုးနွယ်က ကျိုးမျိုးနွယ်လိုမျိုး တစ်ဦးတစ်ယောက် စုံဖက်ခြင်း ဆိုတာမျိုး မဟုတ်ပဲနဲ့ ဘာလို့များ သူကသာ.. ဖန့်အော်ကို မမေ့နိုင်တာလဲဟု ဖြေကြားနိုင်သူဆီ မေးမြန်းချင်သည်။
ကျန်းမျိုးနွယ် နတ်တွေအားလုံး နတ်သခင်မ တစ်ပါးတည်းကို တင်မြှောက်တာမျိုး မဟုတ်ပဲနဲ့ နှစ်ဦး ဒါမှမဟုတ် သုံးဦး ဆိုတာ အနည်းဆုံး လက်ထက်ယူကြသည်။
ကျန်းမင်ရှီ၏ အစ်ကိုတော်တွေ ဆိုလျှင်.. နတ်သခင်မ ခုနှစ်ဦး တင်မြောက်သူတောင် ရှိသည်။ ထို့အတွက် သူ့နန်းဆောင်ထဲတွင် နတ်သခင်မများ၏ အိမ်တော်များနှင့် များပြားရှုပ်ထွေးကာ.. ပြသနာတွေ ဖြစ်မည် ဆိုတာ ကျန်းမင်ရှီ ကြိုပြီး ခန့်မှန်းနိုင်သေးသည်။
“ဖန့်အော်.. ငါ နန်းဆောင်ကို မင်းမရှိတော့ပဲနဲ့ ပထမတစ်ကြိမ် ခြေပြန်ချပြီ.. မင်းသိလား.. သူက သူ့မျက်လုံးတွေ မင်းနဲ့ အရမ်းတူတယ်.. မင်းလိုပဲ ဘာမှသာ မတတ်တာ မာနကြီးတယ်.. ငါသာ မင်းရဲ့သေဆုံးခြင်းကို အသိအမှတ်မပြုခဲ့ဘူး ဆိုရင်.. သူ့ကို မင်းရဲ့ အငယ်ဆုံးသားလို့ ထင်မိအုံးမှာ..”
သူ ပန်းတစ်ရာ နန်းဆောင်ထဲကနေ ပြန်ထွက်လာပြီးမှ.. ရှင်သန်ခြင်း ကျောင်းသို့ တစ်ခါတည်း ရောက်လာခဲ့သည်။ ဒီတစ်ကြိမ်တော့ ကျောင်းသားတွေ မျက်လုံးကို မကွယ်ဝှက်ချင်တာမို့.. သူ၏ အစိမ်းရောင် အရောင်အဝါက တောက်ပစွာ မြင်နေရမှာကို သူနားလည်သည်။
သူ ထင်တဲ့အတိုင်းပဲ ကျောင်းအုပ် ကျိုးလျန်က ချက်ချင်းပဲ ရောက်လာပြီး.. သူ့ကို အရိုအသေပေးရင်း..
“ဘယ်က နတ်မင်းလဲ မသိဘူး.. ကျောင်းကို အလည်လာတာ.. ကြည့်ရတာ ပြိုင်ပွဲတုန်းက ရင်းအာ မေးတဲ့ နတ်မင်း ဖြစ်မယ် ထင်ပါတယ်..”
“ဟုတ်တယ်.. ကျိုးရင်းရဲ့ အမြင်ကိုတော့ ကွယ်လို့ မရခဲ့ဘူး.. ငါက ကျန်းမင်ရှီ..”
“နတ်မင်း ဘာကိစ္စ ရှိလို့.. ဒီကို ရောက်တာလဲ ဆိုတာကို သိပါရစေ..”
“ငါ့တပည့်ကြီးက ဒီမှာပဲ ပညာသင်ချင်ပါတယ်လို့ ဆိုနေတော့.. ငါလည်း မတတ်သာပဲ ဒီကို လာနေရတာ..”
ကောင်းကင်နတ်တွေ၏ ထုံးစံအရ ဆရာကို ရှာဖွေနိုင်သလို ဆရာကလည်း တပည့်ကို ရွေးယူနိုင်တာမို့ ကျိုးလျန်က ထပ်မေးသည်။
“နတ်မင်းရဲ့ တပည့် ဆိုတာ ဘယ်က ကျောင်းသားလဲ မသိဘူး.. သူက နေမင်းရဲ့ရောင်ခြည် စာသင်ဆောင်က ထင်ပါတယ်..”
ကျန်းမင်ရှီ လက်ကို နောက်ပစ်လိုက်ပြီးမှ.. ခေါင်းယမ်းသည်။
“ငါက ကောင်းကင်နတ်တွေကို သဘောမကျဘူး.. သူက ကောင်းကင်ရောင်ဝါ ထွက်တဲ့ မြေနတ်တစ်ပါးပဲ.. သူ့နာမည်က ပိုင်ဟုန်ဟူ..”
“အဲ့ဒီ မြေခွေးနတ်လေးလား.. သူက.. နတ်မင်းရဲ့ တပည့်လား..”
ကျိုးလျန်က မေးတော့ ကျန်းမင်ရှီက လျင်မြန်စွာ ခေါင်းခါပြသည်။
“သူ ငါ့တပည့် ဖြစ်လာအောင် ငါအရမ်းကို ကြိုးစားနေတယ်.. နောက်ဆို သူ ငါ့ကို ဆရာအဖြစ် လက်ခံတော့မှာပါ..”
ကျိုးလျန်ပင် ထိုနေရာတွင် ခြေလှမ်းတွေ ရပ်တော့မလို ဖြစ်သွား၏။ ကျန်းမျိုးနွယ် နတ်တွေက များပြားသော်လည်း နတ်ဘုရားက ရှားပါးတာမို့ ကျိုးလျန်.. ဒီနတ်မင်းရဲ့ အသက်ကို ခန့်မှန်းရခက်နေသည်။ ကျန်းမင်ရှီက ကျိုးလျန်ကို တစ်ချက် ကြည့်လိုက်ပြီးမှ.. လက်အတွင်းမှ အစိမ်းရောင် အငွေ့လေးတစ်ခု ဖြစ်လာစေပြီး..
“ငါက နယ်လှည့်ခရီးသွား နတ်တစ်ပါးမို့.. ကောင်းကင်ပြည်မှာ ငါတို့ ဆုံဆည်းဖူးချင်မှ ဆုံဆည်းဖူးမှာ.. ဒါပေမယ့် ကျိုးလွီက ငါ့သူငယ်ချင်း.. ပြီးတော့ ငါက ကျိုးရှီ နတ်မင်းရဲ့ အငယ်ဆုံးတပည့်.. ကျိုးလွီရဲ့ သားသမီးတွေကို ခေါင်းကိုင်အဖေ လုပ်ပေးမယ်လို့ ပြောထားတယ်.. ဆန္ဒရှိရင် ကျိုးလျန် မင်း ငါ့ကို အဖေလို့ ခေါ်နိုင်တယ်..”
ဒီနတ်မင်းက စကားပြောတာမှာ ဘာလို့ ဒီလောက် ဗရုတ်သုတ်ခ နိုင်နေရတာလဲ ဆိုတာကို ကျိုးလျန် အသည်းအသန် တွေးနေမိသည်။ အခုချိန်ကြီး ကျမှ ကျိုးလျန် အသက်နှစ်သိန်းကျော်ကာမှ.. တစ်ခါမှ မခေါ်ဝေါ်ဖူးသော အဖေ ဆိုတာကို ခေါ်ဖို့က ဘယ်လိုများ လွယ်ကူနေမှာတဲ့လဲ။ ပြီးတော့ အဖေ ခေါ်ရမယ့် နတ်မင်းကို ကြည့်လိုက်လျှင် ကျိုးရန် ထက်ပင် နုငယ်နေသေးတဲ့ ပုံနဲ့ ဖြစ်နေခြင်းက ပိုပြီး ဆိုးဝါးသေး၏။
သူတို့ သွားနေတာ လမင်းရဲ့ကြယ်စင် စာသင်ဆောင်သို့ ရောက်လာပြီမို့.. ကျိုးလျန် ဒီနတ်မင်းက ကျောင်းမှာ တစ်ချိန်လုံး နေနေတယ် ဆိုတာ သံသယ မရှိပဲ ယုံကြည်လိုက်ပြီ ဖြစ်သည်။
“နတ်မင်း သွားလိုတာကို ဖြည်းဖြည်း သွားပါ..”
“အားမနာပါနဲ့.. မင်း တစ်ချိန်လုံး ငါ့နောက်က လိုက်မကြည့်အားဘူး ဆိုတာ ငါသိပြီးသားပါ..”
ကျိုးလျန် နတ်မင်း ထွက်သွားတာကို ကြည့်လိုက်ပြီးမှ.. ဟူအာ၏ အခန်းအတွင်းသို့ လှမ်းဝင်လိုက်သည်။ ဟူအာက စာအုပ်တစ်အုပ်ကို ငြိမ်သက်စွာ ဖတ်နေပြီးတော့ ရှောင်ညောင်က အခန်းရဲ့ အပေါ်မှာ တန်းထားတဲ့ ကြိုးတန်းမှာ ထိုင်နေ၏။
“မင်းရှာခိုင်းတဲ့ နတ် ကို ငါသိခဲ့ပြီ..”
“သူက ဘယ်သူလဲ..”
“သူက တလီမျိုးနွယ်က ဒါပေမယ့် သူ မရှိတော့ဘူးလို့ ပြောတယ်..”
“ဟုတ်လား..”
ဟူအာ၏ မျက်လုံးတွေ အရောင်မှိန်ဖျော့သွားပြီး ဖတ်လက်စ စာအုပ်ကို ဆက်ဖတ်နေသည်။ ကျန်းမင်ရှီက ဟူအာအနားသို့ တိုးသွားပြီးမှ.. ဘေးတွင် ဝင်ထိုင်လိုက်သည်။
“တကယ်လို့ မင်း ပြောတဲ့အတိုင်း ဆိုရင် ငါ့ကို မင်း ဆရာလို့ ခေါ်သင့်ပြီ..”
“ကောင်းပြီ.. တပည့် ဆရာကို တစ်ကြိမ် ကန်တော့ပါတယ်..”
ချက်ချင်းပဲ အရိုအသေပေးလိုက်တာမို့ ကျန်းမင်ရှီ အနည်းငယ် မနေတတ် မထိုင်တတ် ဖြစ်သွားသည်။ သို့သော် ဟူအာက တစ်ကြိမ်တည်း အရိုအသေပေးခြင်း ဖြစ်သည်။
“အဖေနဲ့ အမေဆီကနေ ခွင့်တောင်းပြီးရင် နောက်ထပ် တစ်ကြိမ် အရိုအသေပေးပါ့မယ်..”
“ကောင်းပြီလေ.. ငါတို့ ဒီကနေ သွားကြတာပေါ့..”
ဟူအာ တကယ်လည်း ဒီရှင်သန်ခြင်း ကျောင်းမှာ မနေလိုတော့ပေ။ ကျောင်းသားတွေ အားလုံး၏ အကြည့်ကို မခံနိုင်တော့သလို ဟုန်ရွယ်၏ ရန်လိုသော အကြည့်ကိုလည်း မခံနိုင်တော့ပေ။ ဟူအာ ပစ္စည်းတွေကို သိမ်းလိုက်ပြီးမှ အိတ်ငယ်အတွင်းသို့ ထည့်ထားလိုက်သည်။
ရှောင်ညောင်က တက်ကြွစွာဖြင့် ခုန်ဆွနေသည်။ ဟူအာတို့ ထွက်လာတာကို ဘယ်ဆရာကမှ မတားသလို ဘယ်ကျောင်းသားကမှလည်း လာပြီး မနှုတ်ဆက်ပေ။ ကျောင်းဝန်းအတွင်းရှိ သစ်ပင်တန်းတွေကနေ ထွက်ခွာလာပြီး.. ကျောင်းဝ ဖြစ်သည့် ကျောက်တိုင်သို့ ရောက်တော့.. ကျောင်းအုပ်ဖြစ်သည့် ကျိုးလျန် နတ်မင်းက ရပ်စောင့်နေသည်။
“ဒါက စည်းမျဉ်းနဲ့ သိပ်ပြီး မညီညွှတ်ဘူး ဆိုပေမယ့် ကောင်းကင်နတ်တွေက တပည့်တွေကို ခေါ်ဆောင်ခွင့် ရှိတယ် ဆိုတဲ့ နတ်စည်းမျဉ်းကို မဖောက်ဖျက်ပဲနဲ့ ကျိုးလျန် ခွင့်ပြုလိုက်ပါတယ်..”
“ကောင်းပြီ.. မင်း ငါ့ဆီ အမွေတောင်းချင်ရင်.. ရတယ်.. အဲဒါက မင်းရဲ့ အခွင့်အရေးပဲ..”
“နောက်မှပဲ လာလည်ပါတော့မယ်..”
@@@@@@@@@@
“ဒီနေ့ နတ်မင်း မျက်နှာ မသာယာဘူး..”
ခံစားချက်မဲ့ နတ်မင်း၏ မျက်နှာကို အကဲခတ်ရင်း ဆိုလိုက်တော့.. ဆစ်ကျီ နတ်မင်းက လှည့်ကြည့်လာသည်။ အခါတိုင်းလိုပဲ မျက်နှာက အေးစက်နေတဲ့ အငွေ့တွေ ပျံတက်လာတော့မတတ်.. အေးစက်နေသည်။
“မင်း ကိစ္စမဟုတ်ဘူး..”
ဆစ်ကျီ နတ်မင်းက ထိုသို့ ပြောတော့.. ရှင်းရောင်းက သနားစဖွယ် မျက်နှာလေး ဖြစ်သွား၏။ သို့သော် လက်လျော့သွားလိုခြင်း မဟုတ်ပဲနှင့်..
“နတ်မင်းက နေ့တိုင်း နေ့တိုင်း ခံစားချက်မဲ့ ဂါထာကို ရွတ်ဆိုတယ်.. တစ်နေ့တာမှာ ခံစားချက်မဲ့ ဂါထာ ကုန်ဆုံးချိန်တိုင်း နတ်မင်း မနာကျင်ဘူးလား.. တစ်နေကုန် မခံစားခဲ့သမျှ နတ်မင်း.. ပိုပြီး မနာကျင်ရဘူးလား..”
ဆစ်ကျီ နတ်မင်းက ရှင်းရောင်းအား.. လှည့်ကြည့်လာပြီးမှ..
“မင်းက သလင်းနန်းဆောင်ကနေ ထွက်သွားချင်ပြီလား..”
အေးစက်သော မေးခွန်းကို မေးမြန်းလာသည်။ ရှင်းရောင်း မျက်နှာလေး ငုံ့သွား၏။ သို့သော်.. မျက်နှာလေး ငုံ့သွားတာပဲ ဖြစ်ကာ ပြောလက်စတွေ ရပ်သွားခြင်းတော့ မဟုတ်ခဲ့ပဲ သူမက ဆက်ပြောပြန်သည်။
“နတ်မင်း ခံစားချက်မဲ့ ဂါထာကို မရွတ်ပဲ တစ်နေ့တာကို ဖြတ်သန်းကြည့်ပါလား..”
“အပိုတွေ ပြောနေတယ်..”
ဆစ်ကျီ နတ်မင်းက ရှင်းရောင်းကိုတော့ တခြားသော နတ်များအား လွင့်စင်သွားအောင် နှင်ထုတ်သလို မပြုလုပ်ပေ။ ထိုအနီးသို့ ကျိုးယွီက အလန့်တကြား ရောက်လာသည်။
“ညီမလေး.. မင်းတော့ ဆရာ့ကို ဘာတွေ သွားပြောတာလဲ.. မင်းကို လွင့်စင်သွားစေမယ် ထင်နေတာ.. တော်သေးတယ်.. ဆရာ စိတ်ကောင်းရှိနေလို့..”
“ဆရာက သူ့အကြောက်တရားနဲ့သူ ပိတ်လှောင်နေတယ်လို့ ရှင်းရောင်းတွေးမိတယ် အဲဒါကြောင့်..”
“ဆရာက ဒီလိုနေလာတာ နှစ်ပေါင်း သိန်းနဲ့ချီကြာနေပြီ.. မင်း တိုက်တွန်းရုံလောက်နဲ့ ဆရာက ပြောင်းလဲသွားမယ် ထင်လို့လား.. ဒေါ်လေးတောင် ဆရာကို ခံစားချက်မဲ့ ဂါထာနဲ့ မစီးမျောအောင် မပြောနိုင်ဘူး.. မင်းက ဘာတွေ ထပ်ပြီး ကြိုးစားချင်သေးတာလဲ..”
××××××××××
Paid Groupရှိပါတယ်
အခန္း (၂၅)
ဆစ္က်ီ၏ ခ်က္ခ်င္းပင္ ေျပာင္းလဲသြားေသာ အမူအရာအား.. က်န္းမင္႐ွီ တအံ့တၾသျဖစ္စြာျဖင့္.. သူထိုင္ေနေသာ ေနရာအနီးတစ္ဝိုက္မွ ေရမ်ား မခဲသြားေအာင္ အေအးဓာတ္ကို ကာထားလိုက္ရသည္။ သို႔ေသာ္ ေအးစိမ့္ေနေသာ.. အေအးဓာတ္ကို ကာဆီးထားဖို႔ သူ႕ လက္ေခ်ာင္းေတြပင္ တုန္ရင္လာသည္ဟု က်န္းမင္႐ွီ ထင္ျမင္မိသည္။
ဆစ္က်ီ ဆိုေသာ နတ္ဘုရား၏ စြမ္းအားက လုံးဝ ေလ်ာ့တြက္လို႔ မရေသာ အေနအထားမွာ ႐ွိမွန္း နားလည္လိုက္သည္။ သူ႕လက္ေတြ တုန္ရင္လာတဲ့ အထိ ဆစ္က်ီ၏ အေအးဓာတ္ကို တားဆီးထားတာေတာင္မွ သူ႕အနားထိ နီးကပ္စြာ တေ႐ြ႕ေ႐ြ႕ ေအးခဲလာေနဆဲ ျဖစ္သည္။
ထိုင္ေန၍ မျဖစ္ေတာ့သျဖင့္.. သူ ထရပ္လိုက္ၿပီးမွ.. လက္ေတြတြင္ အစိမ္းေရာင္အေငြ႕မ်ား ပ်ံတက္ေစၿပီး အပူဓာတ္ကို ဖန္တီးကာ.. သူ႐ွိေနေသာ ေနရာတစ္ဝိုက္အား ေလာင္ကြၽမ္း ေစလိုက္သည္။ ထိုအခါမွ ဆစ္က်ီ နတ္မင္းထံမွ အေအးဓာတ္က ရပ္တန္႔သြား၏။
က်န္းမင္႐ွီက နဂိုရ္ကတည္းက ေပ်ာ္တတ္ေသာ နတ္မင္းတစ္ပါး ျဖစ္တာမို႔ ဆစ္က်ီ ေဒါသထြက္သြားတာကို မသိခ်င္ေယာင္ေဆာင္ ပစ္လိုက္ဖို႔ကို ဆုံးျဖတ္လိုက္သည္။ ထို႔အတြက္.. ဆစ္က်ီ နတ္မင္းအား မသိသလို မ်က္ႏွာေပးမ်ိဳးႏွင့္..
“က်ိဳးဟူ ဆိုတာက မင္းရဲ႕ ရန္သူမို႔.. မင္းက ဒီေလာက္ ေဒါသေတြ ထြက္လာတာလား.. မင္းလို ခံစားခ်က္မဲ့ နတ္မင္းကို ေဒါသထြက္ေအာင္ လုပ္ႏိုင္တဲ့ နတ္ဆိုေတာ့.. ငါ ပိုၿပီး သူ႕ကို သိခ်င္သြားတယ္..”
ဆစ္က်ီ၏ အစဥ္ၿမဲ တည္တင္းေနေသာ မ်က္ႏွာတြင္ တြန္းေကြးေနသည့္ မ်က္ခုံးေမြးက တစ္ခုႏွင့္ တစ္ခု ထိစပ္လု မတတ္ ျဖစ္လာသည္။ က်န္းမင္႐ွီ နတ္မင္းက သလင္းေရကန္ကို ျဖတ္လ်က္ ႐ွိေသာ.. တံတားေပၚသို႔ ပ်ံတက္သြားၿပီးမွ.. စကားကို ဆက္ေျပာသည္။
“သူက မင္းရဲ႕ မ်က္ႏွာေအးနတ္အို ဆိုတဲ့ ဂုဏ္ပုဒ္ကို ထိပါးႏိုင္တယ္ မဟုတ္လား.. သူက အရမ္းကို အစြမ္းထက္မွာပဲ..”
ဆစ္က်ီက ေအးစက္သည့္ထက္ ေအးစက္ေနေသာ မ်က္ႏွာထားႏွင့္.. အလ်ံတၿငီးၿငီးေတာက္ေတာ့မည့္ မီးေတာက္လို.. ျဖစ္လာၿပီး.. ၾကာ႐ြက္ေပၚတြင္ ထိုင္ေနရာမွ.. က်န္းမင္႐ွီ ႐ွိရာ သလင္းေရကန္၏ တံတားသို႔ ဆင္းသက္လာ၏။
“သူက မ႐ွိေတာ့ဘူး.. ၿပီးေတာ့ သူက က်ိဳးမ်ိဳးႏြယ္က မဟုတ္ဘူး.. တလီမ်ိဳးႏြယ္က..”
တလီမ်ိဳးႏြယ္က ဆိုေတာ့ ဘယ္သူဆိုတာ ေတာ္ေတာ့ကို ႐ွာရခက္ေတာ့မည္။ နတ္တစ္ပါး၏ ဆရာျဖစ္ခြင့္ ရဖို႔ ဒီေလာက္ေတာင္ ခက္ခဲတာလား ဆိုတာကို က်န္းမင္႐ွီ လက္ခံမိေတာ့မလို ျဖစ္သြားသည္။ ဆစ္က်ီ နတ္မင္းက်တာ့ တပည့္ေတြ ေဟာ့တစ္ေယာက္ ေဟာ့တစ္ေယာက္ ေမြးထုတ္ႏိုင္တာ သူ ဘာေတြမ်ား စားထားလို႔ ပါလိမ့္။
“မင္း မသြားေသးဘူးလား..”
ဒီမ်က္ႏွာ မၾကည့္တတ္တဲ့ နတ္မင္းက သူ႕ကို ေအးစက္စြာပဲ ႏွင္ေလသည္။ သူသာ အလိုက္မသိပဲ ဆက္ၿပီး ေမးျမန္းေနလွ်င္ နန္းေဆာင္အတြင္းမွ လြင့္ပ်ံသြားေတာ့မတတ္ ၾကည့္ေနေသာ မ်က္လုံးမ်ား၏ အ႐ွိန္အဝါေၾကာင့္ က်န္းမင္႐ွီ အလိုက္သတိပင္ ထိုေနရာမွ ထရပ္လိုက္ရသည္။
တလင္း နန္းေဆာင္မွ ထြက္လာၿပီး.. ပန္းတစ္ရာနန္းေဆာင္သို႔ သြားမိသည္။ သို႔ေသာ္ ပန္းတစ္ရာ နန္းေဆာင္ေ႐ွ႕တြင္သာ ရပ္လ်က္ၾကည့္ေနမိေတာ့၏။ ဒီေနရာမွာ သူ႕ရဲ႕ ငယ္ဘဝ ႐ွိသည္။ ဒီေနရာတြင္ ဖန္႔ေအာ္၏ နန္းေဆာင္ ႐ွိခဲ့ဖူးသည္။
သို႔ေသာ္ ေကာင္းကင္၏ ထုံးစံအတိုင္း နတ္တစ္ပါး စုေတက်လွ်င္ ထိုနတ္၏ နန္းေဆာင္က အလိုလို ေပ်ာက္ကြယ္ သြားသည္။ အခုေတာ့ ဖန္႔ေအာ္၏ နန္းေဆာင္ ေနရာတြင္.. ဘယ္ကမွန္း မသိေသာ နန္းေဆာင္ ပိုင္႐ွင္မ်ားက အသီးသီး ေနရာယူထားၾကၿပီ။
ပန္းတစ္ရာ နန္းေဆာင္ အတြင္းသို႔ လွမ္းဝင္လိုက္သည္ႏွင့္ ႀကိဳင္လိႈင္ေနေသာ ပန္းရနံ႔မ်ားက ထုံသင္းေနသည္။ ဒီပန္းေတြကို သူ လူ႕ျပည္ကေန တကူးတက လိုက္႐ွာၿပီး စိုက္ပ်ိဳးထားရျခင္း ျဖစ္သည္။ သူ႕လက္ႏွင့္ ပ်ိဳးထားေသာ ပန္းမ်ားမို႔ ႏွစ္ေပါင္း ႐ွည္ၾကာသည့္တိုင္ လွပေမႊးပ်ံ႕ေနျခင္း ျဖစ္၏။
ဒီပန္းခင္းေတြထဲမွာ.. ဖန္႔ေအာ္နဲ႔သူ ေဆာ့ကစားဖူးသည္။ အ႐ြယ္မေရာက္ေသးခင္က တူတူပုန္းလ်က္ ေဆာ့သည္။ အ႐ြယ္ေရာက္ လာေတာ့ က်မ္းဂန္ေတြ အတူတူ ေလ့လာဖူးသည္။ ေနာက္ဆုံး.. က်ိဳးလြီႏွင့္ ေတြ႕ဆုံျခင္းကိုပင္ ဒီပန္းခင္းထဲမွာ ဖန္႔ေအာ္က ႐ွက္စႏိုးျဖင့္ ေျပာျပလာခဲ့သည္။ ေျပာရလွ်င္ ဒီပန္းခင္ထဲမွာ သူ အသည္းကြဲခဲ့သည္ ဆိုရမည္။
တစ္ခါတစ္ေလ က်န္းမင္႐ွီ သူ႕ကိုယ္သူ အံ့ၾသရသည္။ သူတို႔ မ်ိဳးႏြယ္က က်ိဳးမ်ိဳးႏြယ္လိုမ်ိဳး တစ္ဦးတစ္ေယာက္ စုံဖက္ျခင္း ဆိုတာမ်ိဳး မဟုတ္ပဲနဲ႔ ဘာလို႔မ်ား သူကသာ.. ဖန္႔ေအာ္ကို မေမ့ႏိုင္တာလဲဟု ေျဖၾကားႏိုင္သူဆီ ေမးျမန္းခ်င္သည္။
က်န္းမ်ိဳးႏြယ္ နတ္ေတြအားလုံး နတ္သခင္မ တစ္ပါးတည္းကို တင္ေျမႇာက္တာမ်ိဳး မဟုတ္ပဲနဲ႔ ႏွစ္ဦး ဒါမွမဟုတ္ သုံးဦး ဆိုတာ အနည္းဆုံး လက္ထက္ယူၾကသည္။
က်န္းမင္႐ွီ၏ အစ္ကိုေတာ္ေတြ ဆိုလွ်င္.. နတ္သခင္မ ခုႏွစ္ဦး တင္ေျမာက္သူေတာင္ ႐ွိသည္။ ထို႔အတြက္ သူ႕နန္းေဆာင္ထဲတြင္ နတ္သခင္မမ်ား၏ အိမ္ေတာ္မ်ားႏွင့္ မ်ားျပား႐ႈပ္ေထြးကာ.. ျပသနာေတြ ျဖစ္မည္ ဆိုတာ က်န္းမင္႐ွီ ႀကိဳၿပီး ခန္႔မွန္းႏိုင္ေသးသည္။
“ဖန္႔ေအာ္.. ငါ နန္းေဆာင္ကို မင္းမ႐ွိေတာ့ပဲနဲ႔ ပထမတစ္ႀကိမ္ ေျချပန္ခ်ၿပီ.. မင္းသိလား.. သူက သူ႕မ်က္လုံးေတြ မင္းနဲ႔ အရမ္းတူတယ္.. မင္းလိုပဲ ဘာမွသာ မတတ္တာ မာနႀကီးတယ္.. ငါသာ မင္းရဲ႕ေသဆုံးျခင္းကို အသိအမွတ္မျပဳခဲ့ဘူး ဆိုရင္.. သူ႕ကို မင္းရဲ႕ အငယ္ဆုံးသားလို႔ ထင္မိအုံးမွာ..”
သူ ပန္းတစ္ရာ နန္းေဆာင္ထဲကေန ျပန္ထြက္လာၿပီးမွ.. ႐ွင္သန္ျခင္း ေက်ာင္းသို႔ တစ္ခါတည္း ေရာက္လာခဲ့သည္။ ဒီတစ္ႀကိမ္ေတာ့ ေက်ာင္းသားေတြ မ်က္လုံးကို မကြယ္ဝွက္ခ်င္တာမို႔.. သူ၏ အစိမ္းေရာင္ အေရာင္အဝါက ေတာက္ပစြာ ျမင္ေနရမွာကို သူနားလည္သည္။
သူ ထင္တဲ့အတိုင္းပဲ ေက်ာင္းအုပ္ က်ိဳးလ်န္က ခ်က္ခ်င္းပဲ ေရာက္လာၿပီး.. သူ႕ကို အ႐ိုအေသေပးရင္း..
“ဘယ္က နတ္မင္းလဲ မသိဘူး.. ေက်ာင္းကို အလည္လာတာ.. ၾကည့္ရတာ ၿပိဳင္ပြဲတုန္းက ရင္းအာ ေမးတဲ့ နတ္မင္း ျဖစ္မယ္ ထင္ပါတယ္..”
“ဟုတ္တယ္.. က်ိဳးရင္းရဲ႕ အျမင္ကိုေတာ့ ကြယ္လို႔ မရခဲ့ဘူး.. ငါက က်န္းမင္႐ွီ..”
“နတ္မင္း ဘာကိစၥ ႐ွိလို႔.. ဒီကို ေရာက္တာလဲ ဆိုတာကို သိပါရေစ..”
“ငါ့တပည့္ႀကီးက ဒီမွာပဲ ပညာသင္ခ်င္ပါတယ္လို႔ ဆိုေနေတာ့.. ငါလည္း မတတ္သာပဲ ဒီကို လာေနရတာ..”
ေကာင္းကင္နတ္ေတြ၏ ထုံးစံအရ ဆရာကို ႐ွာေဖြႏိုင္သလို ဆရာကလည္း တပည့္ကို ေ႐ြးယူႏိုင္တာမို႔ က်ိဳးလ်န္က ထပ္ေမးသည္။
“နတ္မင္းရဲ႕ တပည့္ ဆိုတာ ဘယ္က ေက်ာင္းသားလဲ မသိဘူး.. သူက ေနမင္းရဲ႕ေရာင္ျခည္ စာသင္ေဆာင္က ထင္ပါတယ္..”
က်န္းမင္႐ွီ လက္ကို ေနာက္ပစ္လိုက္ၿပီးမွ.. ေခါင္းယမ္းသည္။
“ငါက ေကာင္းကင္နတ္ေတြကို သေဘာမက်ဘူး.. သူက ေကာင္းကင္ေရာင္ဝါ ထြက္တဲ့ ေျမနတ္တစ္ပါးပဲ.. သူ႕နာမည္က ပိုင္ဟုန္ဟူ..”
“အဲ့ဒီ ေျမေခြးနတ္ေလးလား.. သူက.. နတ္မင္းရဲ႕ တပည့္လား..”
က်ိဳးလ်န္က ေမးေတာ့ က်န္းမင္႐ွီက လ်င္ျမန္စြာ ေခါင္းခါျပသည္။
“သူ ငါ့တပည့္ ျဖစ္လာေအာင္ ငါအရမ္းကို ႀကိဳးစားေနတယ္.. ေနာက္ဆို သူ ငါ့ကို ဆရာအျဖစ္ လက္ခံေတာ့မွာပါ..”
က်ိဳးလ်န္ပင္ ထိုေနရာတြင္ ေျခလွမ္းေတြ ရပ္ေတာ့မလို ျဖစ္သြား၏။ က်န္းမ်ိဳးႏြယ္ နတ္ေတြက မ်ားျပားေသာ္လည္း နတ္ဘုရားက ႐ွားပါးတာမို႔ က်ိဳးလ်န္.. ဒီနတ္မင္းရဲ႕ အသက္ကို ခန္႔မွန္းရခက္ေနသည္။ က်န္းမင္႐ွီက က်ိဳးလ်န္ကို တစ္ခ်က္ ၾကည့္လိုက္ၿပီးမွ.. လက္အတြင္းမွ အစိမ္းေရာင္ အေငြ႕ေလးတစ္ခု ျဖစ္လာေစၿပီး..
“ငါက နယ္လွည့္ခရီးသြား နတ္တစ္ပါးမို႔.. ေကာင္းကင္ျပည္မွာ ငါတို႔ ဆုံဆည္းဖူးခ်င္မွ ဆုံဆည္းဖူးမွာ.. ဒါေပမယ့္ က်ိဳးလြီက ငါ့သူငယ္ခ်င္း.. ၿပီးေတာ့ ငါက က်ိဳး႐ွီ နတ္မင္းရဲ႕ အငယ္ဆုံးတပည့္.. က်ိဳးလြီရဲ႕ သားသမီးေတြကို ေခါင္းကိုင္အေဖ လုပ္ေပးမယ္လို႔ ေျပာထားတယ္.. ဆႏၵ႐ွိရင္ က်ိဳးလ်န္ မင္း ငါ့ကို အေဖလို႔ ေခၚႏိုင္တယ္..”
ဒီနတ္မင္းက စကားေျပာတာမွာ ဘာလို႔ ဒီေလာက္ ဗ႐ုတ္သုတ္ခ ႏိုင္ေနရတာလဲ ဆိုတာကို က်ိဳးလ်န္ အသည္းအသန္ ေတြးေနမိသည္။ အခုခ်ိန္ႀကီး က်မွ က်ိဳးလ်န္ အသက္ႏွစ္သိန္းေက်ာ္ကာမွ.. တစ္ခါမွ မေခၚေဝၚဖူးေသာ အေဖ ဆိုတာကို ေခၚဖို႔က ဘယ္လိုမ်ား လြယ္ကူေနမွာတဲ့လဲ။ ၿပီးေတာ့ အေဖ ေခၚရမယ့္ နတ္မင္းကို ၾကည့္လိုက္လွ်င္ က်ိဳးရန္ ထက္ပင္ ႏုငယ္ေနေသးတဲ့ ပုံနဲ႔ ျဖစ္ေနျခင္းက ပိုၿပီး ဆိုးဝါးေသး၏။
သူတို႔ သြားေနတာ လမင္းရဲ႕ၾကယ္စင္ စာသင္ေဆာင္သို႔ ေရာက္လာၿပီမို႔.. က်ိဳးလ်န္ ဒီနတ္မင္းက ေက်ာင္းမွာ တစ္ခ်ိန္လုံး ေနေနတယ္ ဆိုတာ သံသယ မ႐ွိပဲ ယုံၾကည္လိုက္ၿပီ ျဖစ္သည္။
“နတ္မင္း သြားလိုတာကို ျဖည္းျဖည္း သြားပါ..”
“အားမနာပါနဲ႔.. မင္း တစ္ခ်ိန္လုံး ငါ့ေနာက္က လိုက္မၾကည့္အားဘူး ဆိုတာ ငါသိၿပီးသားပါ..”
က်ိဳးလ်န္ နတ္မင္း ထြက္သြားတာကို ၾကည့္လိုက္ၿပီးမွ.. ဟူအာ၏ အခန္းအတြင္းသို႔ လွမ္းဝင္လိုက္သည္။ ဟူအာက စာအုပ္တစ္အုပ္ကို ၿငိမ္သက္စြာ ဖတ္ေနၿပီးေတာ့ ေ႐ွာင္ေညာင္က အခန္းရဲ႕ အေပၚမွာ တန္းထားတဲ့ ႀကိဳးတန္းမွာ ထိုင္ေန၏။
“မင္း႐ွာခိုင္းတဲ့ နတ္ ကို ငါသိခဲ့ၿပီ..”
“သူက ဘယ္သူလဲ..”
“သူက တလီမ်ိဳးႏြယ္က ဒါေပမယ့္ သူ မ႐ွိေတာ့ဘူးလို႔ ေျပာတယ္..”
“ဟုတ္လား..”
ဟူအာ၏ မ်က္လုံးေတြ အေရာင္မွိန္ေဖ်ာ့သြားၿပီး ဖတ္လက္စ စာအုပ္ကို ဆက္ဖတ္ေနသည္။ က်န္းမင္႐ွီက ဟူအာအနားသို႔ တိုးသြားၿပီးမွ.. ေဘးတြင္ ဝင္ထိုင္လိုက္သည္။
“တကယ္လို႔ မင္း ေျပာတဲ့အတိုင္း ဆိုရင္ ငါ့ကို မင္း ဆရာလို႔ ေခၚသင့္ၿပီ..”
“ေကာင္းၿပီ.. တပည့္ ဆရာကို တစ္ႀကိမ္ ကန္ေတာ့ပါတယ္..”
ခ်က္ခ်င္းပဲ အ႐ိုအေသေပးလိုက္တာမို႔ က်န္းမင္႐ွီ အနည္းငယ္ မေနတတ္ မထိုင္တတ္ ျဖစ္သြားသည္။ သို႔ေသာ္ ဟူအာက တစ္ႀကိမ္တည္း အ႐ိုအေသေပးျခင္း ျဖစ္သည္။
“အေဖနဲ႔ အေမဆီကေန ခြင့္ေတာင္းၿပီးရင္ ေနာက္ထပ္ တစ္ႀကိမ္ အ႐ိုအေသေပးပါ့မယ္..”
“ေကာင္းၿပီေလ.. ငါတို႔ ဒီကေန သြားၾကတာေပါ့..”
ဟူအာ တကယ္လည္း ဒီ႐ွင္သန္ျခင္း ေက်ာင္းမွာ မေနလိုေတာ့ေပ။ ေက်ာင္းသားေတြ အားလုံး၏ အၾကည့္ကို မခံႏိုင္ေတာ့သလို ဟုန္႐ြယ္၏ ရန္လိုေသာ အၾကည့္ကိုလည္း မခံႏိုင္ေတာ့ေပ။ ဟူအာ ပစၥည္းေတြကို သိမ္းလိုက္ၿပီးမွ အိတ္ငယ္အတြင္းသို႔ ထည့္ထားလိုက္သည္။
ေ႐ွာင္ေညာင္က တက္ႂကြစြာျဖင့္ ခုန္ဆြေနသည္။ ဟူအာတို႔ ထြက္လာတာကို ဘယ္ဆရာကမွ မတားသလို ဘယ္ေက်ာင္းသားကမွလည္း လာၿပီး မႏႈတ္ဆက္ေပ။ ေက်ာင္းဝန္းအတြင္း႐ွိ သစ္ပင္တန္းေတြကေန ထြက္ခြာလာၿပီး.. ေက်ာင္းဝ ျဖစ္သည့္ ေက်ာက္တိုင္သို႔ ေရာက္ေတာ့.. ေက်ာင္းအုပ္ျဖစ္သည့္ က်ိဳးလ်န္ နတ္မင္းက ရပ္ေစာင့္ေနသည္။
“ဒါက စည္းမ်ဥ္းနဲ႔ သိပ္ၿပီး မညီၫႊတ္ဘူး ဆိုေပမယ့္ ေကာင္းကင္နတ္ေတြက တပည့္ေတြကို ေခၚေဆာင္ခြင့္ ႐ွိတယ္ ဆိုတဲ့ နတ္စည္းမ်ဥ္းကို မေဖာက္ဖ်က္ပဲနဲ႔ က်ိဳးလ်န္ ခြင့္ျပဳလိုက္ပါတယ္..”
“ေကာင္းၿပီ.. မင္း ငါ့ဆီ အေမြေတာင္းခ်င္ရင္.. ရတယ္.. အဲဒါက မင္းရဲ႕ အခြင့္အေရးပဲ..”
“ေနာက္မွပဲ လာလည္ပါေတာ့မယ္..”
@@@@@@@@@@
“ဒီေန႔ နတ္မင္း မ်က္ႏွာ မသာယာဘူး..”
ခံစားခ်က္မဲ့ နတ္မင္း၏ မ်က္ႏွာကို အကဲခတ္ရင္း ဆိုလိုက္ေတာ့.. ဆစ္က်ီ နတ္မင္းက လွည့္ၾကည့္လာသည္။ အခါတိုင္းလိုပဲ မ်က္ႏွာက ေအးစက္ေနတဲ့ အေငြ႕ေတြ ပ်ံတက္လာေတာ့မတတ္.. ေအးစက္ေနသည္။
“မင္း ကိစၥမဟုတ္ဘူး..”
ဆစ္က်ီ နတ္မင္းက ထိုသို႔ ေျပာေတာ့.. ႐ွင္းေရာင္းက သနားစဖြယ္ မ်က္ႏွာေလး ျဖစ္သြား၏။ သို႔ေသာ္ လက္ေလ်ာ့သြားလိုျခင္း မဟုတ္ပဲႏွင့္..
“နတ္မင္းက ေန႔တိုင္း ေန႔တိုင္း ခံစားခ်က္မဲ့ ဂါထာကို ႐ြတ္ဆိုတယ္.. တစ္ေန႔တာမွာ ခံစားခ်က္မဲ့ ဂါထာ ကုန္ဆုံးခ်ိန္တိုင္း နတ္မင္း မနာက်င္ဘူးလား.. တစ္ေနကုန္ မခံစားခဲ့သမွ် နတ္မင္း.. ပိုၿပီး မနာက်င္ရဘူးလား..”
ဆစ္က်ီ နတ္မင္းက ႐ွင္းေရာင္းအား.. လွည့္ၾကည့္လာၿပီးမွ..
“မင္းက သလင္းနန္းေဆာင္ကေန ထြက္သြားခ်င္ၿပီလား..”
ေအးစက္ေသာ ေမးခြန္းကို ေမးျမန္းလာသည္။ ႐ွင္းေရာင္း မ်က္ႏွာေလး ငုံ႔သြား၏။ သို႔ေသာ္.. မ်က္ႏွာေလး ငုံ႔သြားတာပဲ ျဖစ္ကာ ေျပာလက္စေတြ ရပ္သြားျခင္းေတာ့ မဟုတ္ခဲ့ပဲ သူမက ဆက္ေျပာျပန္သည္။
“နတ္မင္း ခံစားခ်က္မဲ့ ဂါထာကို မ႐ြတ္ပဲ တစ္ေန႔တာကို ျဖတ္သန္းၾကည့္ပါလား..”
“အပိုေတြ ေျပာေနတယ္..”
ဆစ္က်ီ နတ္မင္းက ႐ွင္းေရာင္းကိုေတာ့ တျခားေသာ နတ္မ်ားအား လြင့္စင္သြားေအာင္ ႏွင္ထုတ္သလို မျပဳလုပ္ေပ။ ထိုအနီးသို႔ က်ိဳးယြီက အလန္႔တၾကား ေရာက္လာသည္။
“ညီမေလး.. မင္းေတာ့ ဆရာ့ကို ဘာေတြ သြားေျပာတာလဲ.. မင္းကို လြင့္စင္သြားေစမယ္ ထင္ေနတာ.. ေတာ္ေသးတယ္.. ဆရာ စိတ္ေကာင္း႐ွိေနလို႔..”
“ဆရာက သူ႕အေၾကာက္တရားနဲ႔သူ ပိတ္ေလွာင္ေနတယ္လို႔ ႐ွင္းေရာင္းေတြးမိတယ္ အဲဒါေၾကာင့္..”
“ဆရာက ဒီလိုေနလာတာ ႏွစ္ေပါင္း သိန္းနဲ႔ခ်ီၾကာေနၿပီ.. မင္း တိုက္တြန္း႐ုံေလာက္နဲ႔ ဆရာက ေျပာင္းလဲသြားမယ္ ထင္လို႔လား.. ေဒၚေလးေတာင္ ဆရာကို ခံစားခ်က္မဲ့ ဂါထာနဲ႔ မစီးေမ်ာေအာင္ မေျပာႏိုင္ဘူး.. မင္းက ဘာေတြ ထပ္ၿပီး ႀကိဳးစားခ်င္ေသးတာလဲ..”
××××××××××
YOU ARE READING
မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီ
FantasyPaid Groupဝင်ရန် m.me/swaefoxlove ရေးသူ စွဲ့ညို့