unicode
အခန်း (၇၉)“မင်း ဘာကို တွေးမိနေတာလဲ”
“ငါလည်း ငါလည်း စကားပြောချင်တယ်”
“ဘာကိုလဲ၊ ဘယ်သူ့ကိုလဲ”
“ငါလည်း သူ့ကို စကားပြောချင်တယ်”
ကျိုးဟူ တောင်းဆိုသော လေသံဖြင့် ပြောလိုက်တော့ ကျိုးရင်းနတ်ဘုရားမက သလွန်တွင် ငြိမ်သက်စွာ လဲလျောင်းနေရာကနေ မတ်မတ်လေး ပြင်ထိုင်လိုက်သည်။ ပြီးနောက် မျက်မှောင်လေး ကုတ်ရင်းက ထပ်၍ အကဲခတ်သလိုဖြင့် မေးမြန်းလာသည်။
“မင်းက ငါ့ကလေးကို စကားပြောချင်တယ်လို့ ပြောနေတာလား”
ကျိုးဟူ ခေါင်းညိတ်လိုက်ဖို့ ပြင်လိုက်စဉ်မှာပဲ ကောင်းကင်မှ နွေးထွေးပြီး ရင်းနှီးသော အရှိန်အဝါတစ်ခုက ကျရောက်လာလေသည်။
“မင်း၊ ဒီမှာ လာပြီးတော့ အလေလိုက်နေတာလား၊ မင်းလေ့လာစရာတွေ ဒီလောက်များနေတာကို၊ ဒီမှာလာပြီး ငါ့ဇနီးနဲ့ အချိန်ဖြုန်းနေတာလား”
“မင်း လာပြီလား ယီမင်၊ ဟိုနေ့က ကိစ္စက ဘယ်လို ဖြစ်သွားလဲ၊ ရန်ချင့် ပြန်သွားပြီလား”
သူ့အဖေက သူ့အမေအနားမှာ ဝင်ထိုင်လိုက်ပြီးသည်နှင့် သူ့ကို တည်ငြိမ်စွာ ကြည့်လာလေသည်။
“ရန်ချင့်က ဒီနေ့ပဲ ပြန်သွားလိမ့်မယ်၊ ရန်လွေ့ကို နန်းတက်မင်းသားနေရာကနေ ဖယ်ရှားလိုက်ပြီးတော့ ချီရှန်းတောင်တန်းမှာ နှစ်ခုနှစ်သောင်း ပိတ်ပြီးတော့ ပညာသင်ယူပြီး ဆင်ခြင်စေဖို့ ဦးလေးနှစ်က အကြံပေးခဲတယ်၊ အဘိုးက လက်ခံလိုက်တော့ ရန်ချင့်က ပြန်သွားခဲ့တယ်”
“တော်သေးတယ်၊ ဒီတစ်ကြိမ် တလီချင်းယွင်က ခေါင်းမမာပဲနဲ့ ဒီကိစ္စကို မြန်မြန် အဆုံးသတ်လိုက်လို့ မဟုတ်ရင် မင်းပဲ ပင်ပန်းနေရတာ”
“မင်းကို ပူပန်စေမိပါတယ်”
“တစ်ခါတစ်လေ ဟုန်လျန်နတ်မင်း ရှိသေးရင် ကောင်းမယ်လို့ ငါတွေးမိတယ်”
“ဘာလို့လဲ”
တစ်ခါတစ်လေ သူ့ဇနီးက အတွေးဆန်းဆန်းတွေ တွေးမိတတ်တာကို သိနားလည်တော့ ယီမင်က မေးခွန်းပြန်ထောက်လိုက်သည်။
YOU ARE READING
မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီ
FantasyPaid Groupဝင်ရန် m.me/swaefoxlove ရေးသူ စွဲ့ညို့