အခန်း-၁၅၆
အကယ်၍သာ အိမ်ရှေ့မင်းသားနှင့် သူဇနီး၏ အကြောင်းကို အစအဆုံး မသိထားပါက ကျိုးဟူ၏ ပြောစကားများအရ အိမ်ရှေ့မင်းသားက သူ့ဇနီးကို အင်အားသုံး ရယူထားသည်ဟု တခြားသူများ ထင်မြင်စဖွယ် ဖြစ်သွားပြီ ဖြစ်သည်။
"တလီကျိုးဟူ.. ကျိုးဟူ.."
ကောင်းကင်နဂါးသုံးကောင်နှင့် ကျိုးဟူက နေ့တစ်ဝက်မျှ ငြင်းခုံပြီးနောက်တွင် အိမ်ရှေ့မင်းသား၏ ညီလာခံ ဆင်းသည့်အချိန်ကို ရောက်သွားပြီဖြစ်သည်။
သူ့ခမည်းတော်၏ အသံကို ကြားသည်နှင့် ကျိုးဟူ၏ ခုနတုန်းက ပြဇာတ်ကနေသည့် သူရဲကောင်းသဖွယ် ပုံစံက ချက်ချင်းပင် ပြောင်းလဲသွာပြီး သူ့ခမည်းတော်အနားသို့ ပြေးသွားလိုက်လေသည်။
မျက်နှာလေး ငယ်သွားပြီးနောက် နေ့တစ်ဝက်လောက် အရိုက်ခံလိုက်ရသော ကလေးတစ်ယောက်သဖွယ် ပြောင်းလဲသွားကာ ပြဇာတ်အသစ်ကို ထပ်ကရန် ပြင်လေသည်။
"ခမည်းတော် ဒီသားတော်က သားသမီးဝတ္တရားတွေ ကျေပွန်အောင်လို့ မယ်တော်နဲ့ ခမည်းတော်ကို လာတွေ့ပါတယ်။ ဒါပေမဲ့ ဒီကောင်းကင်နဂါးတွေက ကျွန်တော့်ကို တားမြစ်တယ်လေ။ ပြီးတော့ ခမည်းတော်က မယ်တော်နဲ့ မတွေ့ခိုင်းဘူးလို့လဲ ပြောတယ်"
အကြောင်းအရာက လျင်မြန်စွာ ပြောင်းလဲသွားကာ သူက နစ်နာရသူ ဖြစ်သွားလေတော့သည်။ ထိုအပြောင်းအလဲကို လုံဆစ်က ယောင်အမ်းနေသော်လည်း အိမ်ရှေ့မင်းသားကို အရိုအသေပြုရင်း နောက်သို့ ဆုတ်ရန်သာ ရွေးချယ်လိုက်သည်။
"ဒါ.. ဒါ.. ဘယ်လိုမျိုး.."
လုံစန်းက မခံမရပ်နိုင် ထစ်အနေသော်လည်း လုံဆစ်အတိုင်းပင် သားအဖနှစ်ဦးကြား ဝင်မပါရန်သာ တွေးလိုက်ပြီးနောက် အနောက်ဆုတ်လိုက်သည်။ ကလေးငယ်တစ်ဦး၏ ရှေ့နောက်မညီမှု၊ အပြောင်းအလဲ မြန်မှုကို မျက်ဝါးထင်ထင် ကြုံတွေ့လိုက်ပြီးနောက် ကောင်းကင်နဂါးများက အတော်လေးပင် အသိတရား ပွင့်သွားသည်ဟု ဆိုနိုင်သည်။
သို့သော် လုံးဝ ပေါက်ကွဲထွက်သွားသူက လုံအယ် ဖြစ်ကာ ချက်ချင်းပင် ထိုနတ်မင်းသားငယ်ကို ရိုက်နှက်ပစ်ရန် ဆုံးဖြတ်လိုက်ကာ အရှေ့သို့ တိုးထွက်လာသည်။

YOU ARE READING
မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီ
FantasyPaid Groupဝင်ရန် m.me/swaefoxlove ရေးသူ စွဲ့ညို့