မြေခွေးလေးရဲ့ ချစ်ခြင်းဒဏ္ဍာရီ
အခန်း ၃၇
“ကောင်းကင်က နတ်မင်းတွေဟာ အရူးတွေ..”
“မင်းပြောတာ ငါရောလား..”
ကျန်းမင်ရှီက မေးတော့ ဟူအာက ဆတ်ခနဲ ခေါင်းညိတ် ပစ်လိုက်ကာ..
“ဆရာက ထိပ်ဆုံးကပဲ.. ဂုဏ်ယူပါတယ်..”
“ဒါက ဂုဏ်ယူစရာလား..”
ပြောလည်းပြော ကျန်းမင်ရှီ ခေါင်းလည်း ယမ်းလိုက်မိသည်။ ဟူအာက အတန်ကြာ တိတ်ဆိတ်နေရာမှ..
“ဆရာ.. ကျွန်တော် ရှောင်ညောင်ကို တွေ့ချင်တယ်.. အဆင်ပြေရဲ့လား သိချင်တယ်..”
“သူ အဆင်ပြေမှာပါ.. သူက ဆစ်ကျီ နတ်မင်း နန်းဆောင်ကနတ်.. တခြားသူတွေ သူ့ကို ဂရုစိုက်ကြမှာ သေချာတယ်..”
“တော်သေးတယ်..”
ဟူအာက သူ့ကို ကြည့်နေရင်းမှ ရေရွတ်တော့ ကျန်းမင်ရှီ အနားသို့ တိုးသွားမိပြီးမှ..
“ဟူအာ.. မင်းသူ့ကို အရမ်း သဘောကျတာလား..”
“ဟုတ်တယ်.. သူ့ကို သဘောကျတယ်..”
“အဲ့လောက်တောင်လား..”
“ဟုတ်တယ်.. အဲ့လောက်တောင်ပဲ.. တကယ်လို့သာ.. ညောင်အာ တစ်ခုခု ဖြစ်ရင် ကောင်းကင် နန်းတော်တွေ ဘာတွေ ကျွန်တော် ဂရုစိုက်မှာ မဟုတ်ဘူး..”
“သိတယ်.. ဒါပေမယ့် မင်းကိုယ်မင်း သံသယ မဝင်မိဘူးလား.. မင်းက မြေပြင်နတ် တစ်ပါး ဟုတ်ပါ့မလားလို့ မင်း သံသယ မရှိဖူးဘူးလား..”
“မရှိဖူးဘူး..”
ကျန်းမင်ရှီ သက်ပြင်းချလိုက်မိပြီးမှ..
“မင်းဆီမှာ ကွယ်ပျောက်နေပြီးတဲ့ နတ်မင်း တစ်ပါးရဲ့ စွမ်းအားကို တွေ့တယ်လို့ ချီးရှီ နတ်မင်းက ပြောတယ်.. ငါထင်တာ ဖန့်အော်ရဲ့ စွမ်းအားလို့ ထင်မိတာ.. ချီးရှီ နတ်မင်း ပြောတာ.. အဲဒါက ဟုန်လျန် နတ်မင်းရဲ့ စွမ်းအားတဲ့..”
“ဟုန်လျန် နတ်မင်းရဲ့ စွမ်းအားက ဘယ်လို ဖြစ်ပြီး ကျွန်တော့်ဆီမှာ ရှိနေတာလဲ.. ကျွန်တော်က ပိုပြီး မရှင်းလင်းဘူး..”
