unicode
အခန်း (၆၅)
“ဘာလို့လဲ”
“အိမ်ရှေ့မင်းသားနဲ့ ကျိုးရင်းနတ်ဘုရားမမှာ ဒုတိယကိုယ်ဝန် ရှိနေပြီ”
“ဟုတ်လား”
ဒါက သူ့အတွက် မထူးဆန်းသော်လည်း ဘယ်ကနေ ဘယ်လိုမှန်း မသိတဲ့ ပျော်ရွှင်မှု တစ်ခုက သူ့စိတ်ထဲကနေ တိုးထွက်လာနေသည်။ မဟုတ်သေးဘူး၊ မရမက အတင်း တိုးထွက်နေတာ၊ ဘာကြီးလဲ၊ သူ့စိတ်နဲ့သူ မနိုင်မနင်းတောင် ဖြစ်လာပြီ။
*သောက်ပိန်း၊ အခု ချက်ချင်း ပြန်အိပ်စမ်း၊ ငါ မင်းအိပ်နေတုန်း ထွက်လာမလို့ကို*
“ဘယ်သူလဲ ဘယ်သူ ပြောနေတာလဲ”
ဟူအာ နားထဲမှာ အသံတစ်ခုကို သိသိသာသာ ထင်ထင်ရှားရှားပင် ကြားလိုက်ရသည်မို့ နှုတ်ကပင် မေးလိုက်မိလေသည်။ သို့သော် အနီးအနားတွင် ရှိနေတာက သူ့ဆရာရယ် သူရယ် နှစ်ဦးတည်းပင်၊
*ပြန်အိပ်စမ်း၊ ငါ မယ်တော့်ဆီ သွားချင်တယ်၊ မင်းပြန်အိပ်စမ်း၊*
“ဘယ်ကောင်လဲ၊ ငါ့ကို အတင်းအိပ်ခိုင်းနေတာ”
အနားတွင် ဘယ်သူမှ မရှိသဖြင့် ဟူအာ အော်မေးလိုက်မိသည်။ အနီးအနားကိုလည်း ပတ်လည်ကြည့်ရှုလိုက်မိသည်။
“ဟူအာ မင်း အရူးလို ဖြစ်နေတာက ဘာလဲ”
“မင်းကပဲ အရူး၊ မင်းကပဲ အရူး”
ကျန်းမင်ရှီ ကြောင်အသွားသော်လည်း အနည်းငယ် နားလည်သလို ရှိလာလေသည်။ တလီကျိုးဟူ စပ်စလူးဟာ အပြင်ထွက်ချင်လို့ ဟူအာကို ကြိုးကြိုးစားစား အိပ်ဖို့ ပြောနေတယ် ထင်ပါရဲ့၊ တစ်ကိုယ်တည်း ဝိဉာဉ်က နှစ်ခု မြင်ရသူတောင် ရူးသွားအုံးမယ်။
“ဆရာ ခုနတုန်းက ကျွန်တော် စကားပြောလိုက်တာလား”
ကျန်းမင်ရှီ ခေါင်းညိတ်ပြလိုက်သည်။ သေချာပေါက်ကို ပြောခဲ့တာပေါ့၊ အဲဒီလို စကားတွေက ဟူအာပြောမှာမှန်း သိနေရင်တောင်မှ သူ ခေါင်းညိတ်ပြဖို့ပဲ တတ်နိုင်မှာလေ။
“ကျွန်တော်မပြောဘူး၊ ကျွန်တော်မပြောဘူး”
“မင်း အိပ်တော့၊ မြန်မြန် အိပ်တော့”
YOU ARE READING
မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီ
FantasyPaid Groupဝင်ရန် m.me/swaefoxlove ရေးသူ စွဲ့ညို့