Part 153

117 10 0
                                    

အခန်း-၁၅၃

ဟူအာ ခန်းမအတွင်း ဝင်သွားပြီးနောက် ပြင်းထန်သော ခေါင်းကိုက်သည့် ဝေဒနာကြောင့် အသိစိတ်လွှတ်လုနီးပါးပင် ဖြစ်လာသည်။ ပြီးနောက် ဟူအာ၏ ခန္ဓာကိုယ်က ကိုယ်မှ ဖြာထွက်တော့မလို ခံစားရသည်အထိ တစ်ကိုယ်လုံး ကိုက်ခဲနာကျင်လာသည်။

"အား.."

ဟူအာ တိုးတိုး ညည်းညူလိုက်မိသည်။

>>ပိုင်ဟုန်ဟူ မင်း သူတို့ကို မလိုချင်ရင် ဘာလို့ ငါ့ကို မပေးလိုက်တာလဲ။ မင်း မလိုချင်ပေမဲ့ ငါလိုချင်တယ်

"မပေးဘူး။ မင်းကလည်း ငါပဲ။ ငါကလည်း မင်းပဲ"

ဟူအာ အားတင်းလျက် ပြောလိုက်သည်။ တလီကျိုးဟူ၏ အသိစိတ်က ဟူအာထံမှ အပြင်းအထန် ရုန်းကန်နေသည်။ ဤတစ်ကြိမ်က ရှောင်ဇီအာကြောင့် ရုန်းကန်ခြင်းထက် ပို၍ ဆိုးဝါးသည်။

>>ငါက မင်း မဟုတ်ဘူး။ ငါက ဘယ်လိုဖြစ်ပြီးတော့ မင်း ဖြစ်မှာလဲ။ မင်းက ခမည်းတော်၊ မယ်တော်နဲ့ ကောင်းကင်က ပိုင်ဆိုင်မှုတွေကို သဘောမကျဘူး။ ငါနဲ့မတူဘူး။

"မင်း လိုချင်ရင်တောင် ငါမင်းကို မပေးနိုင်ဘူး"

>>မင်း မလိုချင်ဘူး။ ငါက လိုအပ်တယ်။ ငါက ခမည်းတော်နဲ့မယ်တော်ကို လိုတယ်။ ငါက ကောင်းကင်က နတ်တွေကို လိုတယ်။ မင်းက မလိုဘူး။ မင်း ဘာလို့ ကိုယ့်ကိုယ်ကိုယ် ဖိအားပေးနေရတာလဲ။ မင်းက မြေနတ်သဘာဝကို နှစ်သက်တာပဲလေ။

"ငါက မြေနတ်သဘာဝကို နှစ်သက်တော့ရော ငါ့မှာ ကောင်းကင်နတ်မဖြစ်အောင် ငြင်းဆန်ဖို့ အခွင့်အရေး ရှိလို့လား"

>>ငါ ပြောသားပဲ။ ငါ့ကို ပေးလိုက်ပါဆို..၊ မင်း မလိုချင်ဘူး။ ငါ လိုချင်တယ်။ အဲဒီတော့ ငါ့ကို ပေးလိုက်။ မကောင်းဘူးလား။ အခုဆို မင်းနဲ့ငါ ဆက်သွယ်လို့ ရတာပဲလေ။ ငါတို့ တစ်လှည့်စီ ထွက်လာရင်တောင်မှ ဘယ်သူ သိမှာတဲ့လဲ။ ခမည်းတော်လား..။ သူက ငါ့ကို ချစ်ပြီးသားပါ။

"သူက မင်းကိုချစ်ရင်တောင်မှ သူက အိမ်ရှေ့မင်းသားပဲ။ မင်းကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာ မဟုတ်ဘူးလား"

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now