အခန်း (၅၄)
“ခမည်းတော် သားတော်ပါ ညီမလေးကို ကာကွယ်ပေးဖို့ လိုက်သွားပါ့မယ်၊ ညီတော်က အလောကြီးတတ်တဲ့ စရိုက်နဲ့ဆိုရင် အမှားတွေ လုပ်မိမှာ စိုးမိပါတယ်”
“ကောင်းပြီ မင်းတို့ နှစ်ယောက်လုံး လိုက်သွားပါ၊ ဒါပေမယ့် ပိုင်ဒေသမင်းသားကိုရော တောင်ပင်လယ်မင်းသမီးကိုပါ မထိခိုက်စေခဲ့ဖို့ သေသေချာချာ စောင့်ရှောက်လာခဲ့ပါ”
အရှေ့ပင်လယ်မင်းကြီးမှ မှာကြားလာသော ဆိုစကားတွင် ကျိုးဟူ တိုးတိုးသဲ့သဲ့ဖြင့် နှာခေါင်းကို လက်ဖြင့် ကာထားလိုက်ရင်းမှ ဇီအာကြားအောင် ပြောပြမိသည်။
“ဇီအာ ဒီနှစ်ယောက်က ငါ့ကို ကာကွယ်မလို့တဲ့၊ ရယ်စရာပဲ၊ ငါပြေးသွားရင်တောင် သူတို့တွေ ငါ့နောက်လိုက်လာနိုင်မှာမှ မဟုတ်တာ”
ဇီအာကလည်း ကျိုးဟူကဲ့သို့ပင် မျက်နှာတစ်ခြမ်းကို လက်ဖြင့် ကာကွယ်ရင်းမှ ပြန်ဆိုလာ၏။
“မင်း ကိုယ့်ကိုယ်ကို အထင်ကြီးနေတာ မဟုတ်လား”
“တကယ်ပြောတာ ငါ့ရဲ့မူလပုံသဏ္ဍာန်ကို မင်းကို ငါ ပြပေးမယ်၊ ဒါပေမယ့် တခြားသူတွေကို မမြင်စေချင်ဘူး”
“မင်းက နတ်မြေခွေး မဟုတ်ဘူးလား”
ကျိူးဟူ ခေါင်းယမ်းပြလိုက်ပြီးမှ မျက်ခုံးပင့်လိုက်သည်။ ကာထားတဲ့ လက်ကို ဖယ်လိုက်ပြီးမှ အနီရောင် ဆံမျှင်စများကို လက်ဖြင့် လုံးထွေးကာ ဆွဲချည်လိုက်ပြီးမှ တိကျသေချာသော အသံဖြင့် ပြောလိုက်သည်။
“သေချာပေါက် ဘယ်ဟုတ်မလဲ၊ ငါ့ရဲ့မူရင်ပုံသဏ္ဍာန်ကို တွေ့ရင် မင်း အရမ်း အံ့သြသွားမယ်၊ ဒါပေမယ့် ငါ ဒါကို တကယ်မလိုချင်ပါဘူး၊ ငါ့အမေဆိုရင် မူရင်းပုံဏ္ဍာန်မရှိဘူးလေ၊ ငါကလည်း အဲ့အတိုင်းပဲ ဖြစ်ရမှာ မဟုတ်လား”
“မဟုတ်သေးပါဘူး၊ ပိုင်မင်းကြီးကတော်က မြေခွေးဖြူ မဟုတ်လား”
“သူက ငါ့အမေ မဟုတ်ဘူး!”
ကျိုးဟူ၏ ငြင်းဆိုသံက အတန်ငယ် ကျယ်လောင်သွားသဖြင့် တခြားသောသူများက ကျိုးဟူနှင့် ဇီအာကို လှမ်းကြည့် လာကြလေသည်။ ဇီအာက တိုးတိုးတိတ်တိတ်လေ့သံဖြင့်၊