unicode
အခန်း (၇၇)
“ကောင်းပြီလေ ဒါဆိုရင်တော့ ငါလည်း ခဏလောက် အနားယူလိုက်မယ်”
ခဏလောက် အနားယူလိုက်မည်ဟု ဆိုသော်လည်း ဟူအာ မျက်လုံးမှိတ်လိုက်သည်မှ ပြန်၍ မျက်လုံးဖွင့်လိုက်သည်တွင် အမွှေးရနံ့သင်းသင်း တစ်ခုက အခန်းတွင်း ပျံ့နှံ့နေပြီ ဖြစ်သည်။ မီးတိုင်များက ငြိမ်းနေပြီ ဖြစ်ပြီး ဟူအာ၏ ကိုယ်ပေါ်တွင် မြောက်ပိုင်းမှ ရေမှော်ဖြင့် အထူးရက်လုပ်ထားသော နူးညံ့ပျော့စင်းနေသည့် စောင်တစ်ထည်က ရောက်နေသည်။
သလွန်ထက်မှ မျက်လုံးတွေကို လက်ဖြင့် ပွတ်ကြည့်လိုက်လိုက်တော့ စာကြည့်ရန် ချထားသော စားပွဲပေါ်တွင် စုတ်တံနှင့် မှင်သွေးကျောက်က အသင့်အနေအထားဖြင့်၊ အနီးတွင် အမွှေးအိုးငယ်တစ်ခု ရှိနေပြီး မွှေးရနံ့သင်းသင်းတစ်ခုက ပျံ့လွင့်နေသည်။ ထိုမှတစ်ဆင့် မျက်လုံးကို ရွေ့လျားလိုက်တော့ အသံတစ်စမျှ မထွက်ပါပဲနှင့် ငြိမ်သက်စွာဖြင့် စာဖတ်နေသော အိမ်ရှေ့မင်းသား၊
“အိမ်ရှေ့မင်းသား!”
ဟူအာ လူးလဲ ထရပ်လိုက်ပြီးမှ ကိုယ်ပေါ်က စောင်ကိုပါ ဖယ်ရှားလိုက်ပြီး ကပျာကယာ အရိုအသေပေးလိုက်သည်။
“မင်း သတိရလာပြီလား၊ မင်း ဒီမှာပဲ နေမှာ ဆိုတော့ တကူးတကကြီး အခုလိုမျိုး အရိုအသေပေးတာကို ငါတို့ ပိုပြီး ရှင်းလင်းထားကြမလား”
“ဒါက ဘာကို ဆိုလို”
“မင်းလည်း သတင်းကြားဖူးတယ် မဟုတ်လား၊ ကောင်းကင်အကာအကွယ် နန်းဆောင်မှာ ညအိပ်ဖို့ကို ဘယ်သူ့ကိုမှ ခွင့်မပြုဖူးဆိုတာ၊ အခု မင်းကို ငါက ခွင့်ပြုထားတယ် ဆိုတော့ အကြောင်းပြချက်က ဘာပဲ ဖြစ်ဖြစ် ငါတို့က မိသားစုဝင် ဆိုတဲ့ သဘောတရားမျိုးနဲ့ နေထိုင်သွားကြမယ်”
“မိ မိသားစုဝင် ဆိုတာက”
“မင်း ငါ့ကို အသိအမှတ်ပြုတယ် ဆိုတာနဲ့တင် လုံလောက်ပါပြီ၊ တွေ့တိုင်း အရိုအသေပေးနေမယ် ဆိုတာက ငါလည်း သိပ်အဆင်မပြေဘူး ဆိုတော့ အဲ့ကဏ္ဍကို နည်းနည်းလောက် လျော့ချလိုက်ကြမယ်”
YOU ARE READING
မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီ
FantasyPaid Groupဝင်ရန် m.me/swaefoxlove ရေးသူ စွဲ့ညို့