အခန်း-၁၅၄
"အရှင့်သား ခိုင်းထားတဲ့ဟာ.."
ကျွင်းကျီက သတိထားပြီးနောက် ပြောလာသည်။ ကျိုးဟူက ကျွင်းကျီကို အပြုံးကြီးကြီး တစ်ခု ပြုံးပြလိုက်ပြီးနောက် ပြော၏။
"အာ.. ငါခိုင်းထားတဲ့ဟာကိုး.. ဘယ်လိုလဲ အဆင်ပြေသွားပြီလား"
"အဲဒါက နတ်ဒေသစိုက်ပျိုးမြေအတွက် စိမ့်စမ်းပြာအိုင်က ရေကို သုံးမယ်လို့ ပြောထားပေမဲ့ အရှင့်သားက အခုထိ စိမ့်စမ်းပြာအိုင်ကို မခေါ်သွားရသေးပါဘူး"
"အို.. ရေပဲ လိုတာ မဟုတ်ဘူးလား.. ငါက ဘာလို့ ခရီးဝေးကို သွားရမှာလဲ"
ကျိုးဟူက ထိုကိစ္စကို လျင်မြန်စွာ ဖြေရှင်းရန်အတွက် လက်ချောင်းငယ်များကို အကြိမ်များစွာ လျင်မြန်စွာ လှုပ်ယမ်းလိုက်၏။ ရေစင်အိုးများက ထွက်ပေါ်လာပြီးနောက် စာရေးစားပွဲပေါ်တွင် ရောက်ရှိလာသည်။
ရေစင်အိုးငယ်များကို လက်နှစ်ဖက်ဖြင့် ကောက်ယူလိုက်ပြီးနောက် ကျွင်းကျီ၏ လက်ထဲသို့ ထိုးထည့်လိုက်ပြီးနောက် ပြောသည်။
"မင်းကို ပေးမယ်..။ သွား သွား မြန်မြန် ဖြေရှင်းလိုက် ဒီမှာ ဘာလုပ်နေတာလဲ"
ကျွင်းကျီက သူတို့ အရှင်သခင်၏ အနည်းငယ် ကွာဟနေသော အပြုအမူကို နားမလည်နိုင်ခြင်း ကြီးမားစွာဖြင့် စိမ့်စမ်းပြာအိုင်မှ ရေထည့်ထားသည့် ရေစင်အိုးများကို ပိုက်ပြီးနောက် တွန့်ဆုတ်တွန့်ဆုတ် ဖြစ်ကာ ထွက်ခွာသွား၏။ မတူတော့ မတူဘူး ဖြစ်ကာ မည်သည့်နေရာက မှားယွင်းနေမှန်းကို သူ မသိပေ။
ကျိုးဟူက ခန်းမဆောင်အပြင်သို့ ခြေလှမ်းချလိုက်သည်နှင့် နတ်အစေခံငယ်များက ရုတ်တရက် ထိုင်ချလိုက်ကာ ငိုတော့မလို လေသံဖြင့် တင်လျှောက်ကြသည်။
"အရှင့်သား ရုတ်တရက် ထွက်လာမယ်မှန်း မသိလို့ ကျွန်မတို့က.."
"ငါက ရုတ်တရက် ထွက်လာတော့ ဘာဖြစ်လို့လဲ ငါက မင်းတို့ကို ကိုက်မစားပါဘူး ထလာ ထလာ လုပ်စရာရှိတာလုပ် ငါ့ကို ဂရုမစိုက်နဲ့.."
"အရှင့်သားက ကျွန်မတို့ကို အရှင့်သားရဲ့ရှေ့မှာ မထွက်လာဖို့ အမိန့်ပေးထားပါတယ်"
