အခန်း (၆၀)
“ပုလဲလုံးလေ၊ မင်းရဲ့ခမည်းတော်က မင်းကို အဲ့ကောင်စုတ်နဲ့တော့ မပေးစားလောက်ဘူး မဟုတ်လား”
“ငါ မသိဘူးလေ၊ ငါမှအိမ်မပြန်သေးတာ”
“မင်း စိတ်ချပါ ငါမင်းကို ကူညီပေးနိုင်ပါတယ်”
“မင်းက ဘယ်လို ကူညီနိုင်မှာလဲ”
“အနည်းဆုံးတော့ ငါ မင်းကို သက်သေလုပ်ပေးနိုင်ပါတယ်၊ ဒီကောင်က မင်းကို ကောင်းကောင်းမွန်မွန် မဆက်ဆံဘူး ဆိုတာကို ငါ တောင်ပိုင်း ရေဘုရင်ကို ပြောပြပေးနိုင်ပါတယ်”
“မင်းကို မလိုပါဘူး၊ ငါ့ခမည်းတော်က ငါ ပြောလိုက်တာနဲ့ ငါ့စကားကို လက်သင့်ခံပြီးသားပဲ”
“မင်းသမီးလေး အိမ်ပြန်ဖို့ အချိန်ရောက်ပါပြီ၊ တောင်ပိုင်းရေနန်းတော်က အပြောင်းအလဲတွေကို မေ့ထားလို့ မရပါဘူး”
“ငါလည်း ခမည်းတော်ကို စိတ်ပူတာပါပဲ၊ ဒါပေမယ့် ဒီခရီးက အရမ်းကျေနပ်ဖို့ ကောင်းလွန်းနေတယ်”
“ခဏလေး!”
ခဏလေး ဆိုသော အသံကြောင့် ရှောင်ချွီ့နှင့် ဇီအာ ပြောလက်စကို ရပ်လိုက်လေသည်။ ကျိုးဟူက ရွက်ကြွေအနည်းငယ်ကို လက်ညိုးထိုးပြရင်းက၊
“ဒီနေရာနားမှာ တစ်ခုခု ထူးခြားနေတယ်လို့ ခံစားမိတယ်၊ နည်းနည်းနွေးထွေးတဲ့ အရှိန်အဝါတစ်ခု”
“ငါတော့ မရဘူး၊ ရှောင်ချွီ့ရော်”
“ဒီနေရာက နတ်မိစ္ဆာတွေအတွက် ကောင်းတဲ့နေရာပဲ၊ တစ်ယောက်ယောက် ရှိနေတယ် ဆိုတာက မထူးဆန်းပါဘူး”
ရှောင်ချွီ့က မထူးဆန်းသလို ပြောသည်တွင် ကျိုးဟူ ခြေတွေ လက်တွေ အားနည်းလာသလို ခံစားရလာလေသည်။
“မဟုတ်ဘူး၊ မဟုတ်ဘူး၊ မင်း မထွက်လာနဲ့အုံး ငါ ဘာမှတောင် မလုပ်ရသေးဘူး”
သူ့ခေါင်းကို သူ ထုရိုက်နေပြီးမှ ရေရွတ်နေသဖြင့် ဇီအာ အနားသို့ တိုးသွားလိုက်မိကာ ကျိုးဟူ၏လက်ကို ဆုပ်ကိုင်လိုက်ပြီး မေးလိုက်သည်။
“ကျိုးဟူ ဘာဖြစ်လာတဲ၊ ကျိုးဟူ”
“မင်း မထွက်လာသေးနဲ့၊ ငါ ဆော့လို့တောင် မဝသေးဘူး၊ မင်းအလှည့် မကျသေးဘူးနော် ပိုင်ဟုန်ဟူ!!”
YOU ARE READING
မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီ
FantasyPaid Groupဝင်ရန် m.me/swaefoxlove ရေးသူ စွဲ့ညို့