အခန်း-၁၅၉
ထိတ်လန့်တကြား အော်ဟစ်နေကြသော ကြယ်တာရာမျိုးနွယ်စု၏ နယ်မြေထဲသို့ ချင်းရန်နတ်မင်းက ကတိုက်ကရိုက် ရောက်ရှိလာသည်။ ချင်းရန်နတ်မင်းနှင့်အတူ တလီချင်းဆစ်ကလည်း လိုက်ပါလာ၏။
ချင်းရန်နတ်မင်းက အတွင်းသို့ မဝင်သေးခင်တွင် ကြယ်တာရာနယ်မြေအတွင်း လျိုမြောင်၌ ရပ်နေသော ကျိုးဟူကို တွေ့လိုက်ရလေသည်။
"မင် ဘာလုပ်နေတာလဲ။ ဒီမှာ အရေးပေါ်နေတယ် မင်း ဒီနားမှာ.."
ချင်းရန်နတ်မင်းက ကျိုးဟူကို ဆွဲခေါ်ရန် ပြင်လိုက်သော်လည်း တလီချင်းဆစ်က ချင်းရန်နတ်မင်းကို အနောက်သို့ ဆွဲခေါ်လိုက်ပြီးနောက် တအံ့တသြ ပြောလိုက်သည်။
"မင်း.. ဘာလုပ်နေတာလဲ။ သူ့ရဲ့အသက်ဓာတ်က ဖျက်ဆီးခြင်းလား"
ချင်းရန်နတ်မင်းက မှင်တက်အံ့သြသွားပြီးနောက် ကျိုးဟူ၏ လက်ကို လှမ်းကြည့်လိုက်သည်။ ကျိုးဟူက အနီရောင်တိုက်စားခြင်း အမှုန်ငယ်လေးများဖြင့် ဆော့ကစားနေခြင်းကို မရပ်တန့်လိုက်သေးပေ။
ချင်းရန်နတ်မင်းက ဆွံ့အနေရာမှ ခေါင်းယမ်းလိုက်ပြီးနောက် ပြော၏။
"သူ့ရဲ့ နတ်အသက်ဓာတ်က ကျိုးမျိုးနွယ်ရဲ့ ကုသခြင်းပဲ၊ ငါ တစ်ခါ တွေ့ဖူးတယ် အခု ဒါက.."
တလီချင်းဆစ်က အော်ပြောလိုက်တယ်။
"မင်း လုပ်နေတာကို ရပ်လိုက်တော့.. မင်း ကြယ်တာရာဒေသတစ်ခုလုံးကို လောင်ကျွမ်းပြာချ ပစ်ချင်နေတာလား"
ကျိုးဟူက ထိုအခါမှ သူနှင့် ထိုအသက်ဓာတ်များကြား ဆက်နွယ်နေမှုကို ဖြတ်ချလိုက်၏။ ပြီးနောက် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သည်။
"ဒါက ဘယ်လို ဖြစ်ပြီးတော့.. အဘိုး(၂) အဘိုး(၄)"
ကျိုးဟူက ရောက်ရှိလာသော ထိုနတ်မင်းနှစ်ပါးကို ကြည့်လိုက်ပြီးနောက် အဆူခံလိုက်ရသော ကလေးငယ်လေးလို မျက်နှာကို ငုံ့ချလိုက်သည်။
တလီချင်းဆစ်က ချင်းရန်နတ်မင်းကို ဘေးသို့ တွန်းဖယ်လိုက်ပြီးနောက် ဒေါသတကြီး အော်တော့သည်။
