unicode
အခန်း (၇၄)“ရင်းဖန့်အော် နတ်သမီး”
“နတ်သမီး!!”
သူမက သေဆုံးသည့်အချိန်ထိ နတ်သမီးအဆင့်သာ ရှိသေးသည်မို့ နတ်သမီးဟု ဆိုလိုက်တော့ ကျိုးဟူက ချက်ချင်းပင် မလိုလားသလို အပြုအမူကို ပြုလာသည်။
“သူမက ဘာလို့များ ငါ့အဘွားဖြစ်လာရတာလဲ”
ချီးရှီနတ်မင်းက ဖြတ်ခနဲ လျှပ်စီးတန်းတစ်ခုကို ဖန်တီးလိုက်ပြီးနောက် ကျိုးဟူကို တစ်ချက် ရိုက်လိုက်လေသည်။
“မင်း လူကြီးတွေကို မရိုမသေမလုပ်ရဘူး၊ မင်းအမေရဲ့မိဘတွေကို ကောင်းကင်ပြိုကျမှုကနေ ကာကွယ်ပေးဖို့ အသက်ပေးခဲ့လို့ စောစောစီးစီး နိတ္ထိဘုံရောက်သွားခဲ့တာ၊ မရိုမသေမလုပ်ရဘူး”
ကျန်းမင်ရှီ ပြောဆိုမည် ပြုလိုက်သော်လည်း ချီးရှီနတ်မင်းက ပြောဆိုလိုက်တော့ ကျန်းမင်ရှီ သက်ပြင်းသဲ့သဲ့သာ ချလိုက်တော့သည်။
“ဟုန်လျန်ရေ၊ ဟုန်လျန် မင်းရဲ့ဆက်ခံသူက ထူးဆန်းလွန်းလို့ ငါ့ကို အမှောင်နန်းဆောင်ထဲကနေ ဆွဲထုတ်ဖို့ကို သူ့ကို ငါ စိတ်ချရပါ့မလား”
“ချီရှီနတ်မင်း ဒါက ဘယ်လို အဓိပ္ပါယ်လဲ ဆိုတာကို”
“သွားမယ် ကျစ်ဟွေ့နန်းဆောင်ကို သွားကြမယ်”
ချီးရှီနတ်မင်းက အမှောင်ထုကို သိပ်သည်းစေလိုက်ပြီးနောက် သူ့ခန္ဓာကိုယ်ကို ဝန်းရံစေလိုက်လေသည်။ ထို့နောက်တွင်မှ နန်းဆောင်ခန်းမမှ ထွက်လိုက်တော့ အမှောင်လမ်းက ချီးရှီနတ်မင်းအတွက် ခင်းပေးထားပြီးသား ဖြစ်နှင့်လေ၏။
လမ်းမထက်မှ ကျစ်ဟွေ့စာကြည့်ဆောင်အတွင်းသို့ လှမ်းဝင်လိုက်တော့ ထိုနေ့က ရှိနေခဲ့သော နေအလင်းအားလုံးက ချီးရှီနတ်မင်းအတွက် မှေးမှိတ်ပေးသည်။ မြောက်အရပ်မှ ထွန်းလင်းသော ကြယ်သဏ္ဍာန်တစ်ခုတည်းကသာ ကျစ်ဟွေ့နန်းဆောင်တစ်ခုလုံး ပြန့်နှံ့စေလျက် အလင်းအေးအေးကို ထုတ်လွတ်ပေးနေလေသည်။
လမ်းတစ်လျှောက်တွင် မီးတိုင်များ ထွန်းလင်းနေပြီး လမ်းတစ်လျှောက်လုံးကို မြင်သာစေလေသည်။ ကျစ်ဟွေ့စာကြည့်နန်းဆောင်၏ အသိတရားက ထင်ထားသည်ထက်ပင် ပို၍ သိတတ်မှု ရှိလေသည်။ ချီးရှီနတ်မင်းအား အသိအမှတ်ပြုနေမှုသည်က တော်ရုံပင် မဟုတ်ပေ။

YOU ARE READING
မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီ
FantasyPaid Groupဝင်ရန် m.me/swaefoxlove ရေးသူ စွဲ့ညို့