unicode
အခန်း-၁၁၅ရှောင်ဇီအာ အနားသို့ ရောက်လာသည်နှင့် ထိုမေးခွန်းကို မေးလိုက်မိသည်။ ဇီအာက ဟူအာ၏ မျက်နှာကို မော့ကြည့်နေပြီးမှ တစ်ကိုယ်လုံးကို လှည့်ပတ်ကြည့်လေသည်။
“မင်း အပြစ်ပေးခံရတယ်လို့ ငါကြားတယ်၊ မင်း အဆင်ပြေရဲ့လား၊ ငါ အဲဒါကို နောက်ကျမှ တခြားသူတွေ ပြောတာကို ကြားလိုက်တာ မင်းကို ကောင်းကင်မင်းကြီးက ရေခဲလွင်ပြင်မှာ သန့်ရှင်းရေးလုပ်ဖို့ တာဝန်ပေးလိုက်တယ်လို့ ကြားတယ်၊ ငါကြားဖူးတာ ကောင်းကင်နန်းတော်မှာ အပြစ်ပေးရင် မိုးကြိုးဒဏ်ခံရလေ့ ရှိတယ်တဲ့ မင်းကို မိုးကြိုးလျှပ်စီးဒဏ် ခံလိုက်ရသေးလား”
“မခံရဘူး”
ဟူအာ ငြင်းလိုက်သည့်တိုင် ထိုကောင်မလေးက မယုံကြည်ဟန်ဖြင့် ကြည့်နေသေး၏။
“အဲဒီကောင်းကင်မင်းကြီး အဘိုးကြီးကတော့.. မင်းကို အနိုင်ကျင့်ရဲတယ် ဟုတ်လား၊ ငါမင်းကို လက်စားချေပေးမယ်၊ သူ့ခေါင်းက ဆံပင်ဖြူကို ငါ ကိုယ်တိုင် နှုတ်ပြမယ် ကြည့်ထား”
“အဟမ်း..”
သူမ၏ ကြိမ်းဝါးသံက ဟူအာကို ခေါင်းကိုက်စေသည်။
“သူက ငါ့ဘိုးဘေးပဲလေ မင်း သူ့ကို နည်းနည်း စိတ်လျော့လိုက်ပြီးတော့ လက်စားမချေလို့ ရမလား”
နောက်ဆုံးတွင်တော့ ဟူအာ စိတ်လျော့လိုက်ကာ သူမအလိုကျ စကားအနည်းငယ်ကို ပြောပေးလိုက်မိသည်။ သူမနှင့် ဟူအာက အသက်ရွယ်တူပင် ဖြစ်သော်လည်း အကြောင်းပြချက် ကင်းမဲ့စွာ သူမအား အငယ်တစ်ယောက်ဟု သဘောထားမိနေသည်။
“မင်း ကောင်းကင်မှာ လည်ပတ်နေတာ မဟုတ်လား၊ နေရာစုံသွားပြီလား”
ဟူအာ မေးလိုက်သော စကားတွင် သူမက မျက်နှာကို ရှုံ့မဲ့ပစ်လိုက်သည်။
“ကောင်းကင်နန်းတော်က တကယ်လို့ ထင်သလောက်လဲ မလှပါဘူး၊ နေရာအစုံ လည်ရတာ မလည်ရတာက အဓိက ပြဿနာ မဟုတ်ဘူး၊ ကောင်းကင်နန်းတော်က ငါ့ရဲ့ တစ်ဦးတည်းသော သူငယ်ချင်းက အပြစ်ဒဏ်ခံရတဲ့ အချိန်မှာ ငါက ဘယ်လို လုပ်ပြီးတော့ ပျော်ပျော်ပါးပါးနဲ့ လျှောက်လည်နိုင်မှာလဲ၊ ငါ မင်းနဲ့အတူတူ အပြစ်ဒဏ် လာခံပေးတာ”
