"အကြီးကဲ ဘာကိုဆိုလိုတာလဲရှင်းယွမ်နားမလည်ဘူး"
ဖုန့်မျိုးနွယ်စု၏အကြီးကဲသည်ပြုံးလိုက်ကာ လျိုဂိုဏ်းချုပ်ဘက်လှည့်ပြီးကြည့်လိုက်ပြီး ရှင်းယွမ်ဘက်သို့ပြန်လှည့်ကာ နူးညံ့တဲ့လေသံနှင့်
"ကြည့်ရတာ မင်းအဖေ မင်းကိုမပြောရသေးဘူးထင်တယ်
မင်းအမေက ဖုန့်မျိုးနွယ်စုဝင် ငါ့ရဲ့တူမဖြစ်ပြီး မင်းက ငါ့ရဲ့မြေးမပဲ မင်းမှ ဒီနေရာကိုမဆက်ခံရင် ဘယ်သူဆက်ခံရမှာလဲ"ရှင်းယွမ်သည် ခနတာ ညိမ်ကျသွားပြီးပြီးမှ
"ဒါပေမဲ့ ဖုန့်မျိုးနွယ်စုရဲ့စည်းကမ်းအရ ရွှေရောင်တောင်ပံပိုင်ရှင်မှသာ မျိုးနွယ်စုခေါင်းဆောင် ဖြစ်သင့်တာလေရှင်းယွမ်ရဲ့အတောင်ပံကဘာအရောင်မှန်းမသိသေးဘူး
ရွှေရောင်မဟုတ်ခဲ့ရင် အကြီးကဲကိုပဲစိတ်ပြတ်စေမိလိမ့်မယ်"အကြီးကဲသည်ရယ်လိုက်ကာ ရှင်းယွမ်ရဲ့ခေါင်းကို ခပ်ဖွဖွပွတ်သပ်ပေးလိုက်ပြီး
"မင်းရဲ့အတောင်ပံဘာအရောင်ပဲဖြစ်ပစေ မင်းကဖုန့်မျိုးနွယ်စုရဲ့အကြီးကဲမဖြစ်ခဲ့ရင်တောင် ငါမင်းကိုပေးတဲ့လက်ဆောင်ကိုပြန်ရုတ်သိမ်းမှာမဟုတ်ဘူးဒါကမင်းနဲ့ထိုက်တန်လို့ပဲ ငါတို့က ဒီသလင်းကျောက်ရဲ့ပိုင်ရှင်ကိုမရွေးနိုင်ဘူး သလင်းကျောက်ကပဲသူ့ရဲ့ပိုင်ရှင်ကိုရွေးချယ်တယ် ဒါကမင်းကိုရွေးချယ်ထားတဲ့အတွက် ဒါကမင်းအပိုင်ပဲ မင်းဖုန့်မျိုးနွယ်မဟုတ်ခဲ့ရင်တောင် ဒါကမင်းကိုရွေးချယ်ထားရင်မင်းအပိုင်ပဲ"
ထို့နောက် အကြီးကဲသည် ရှင်းယွမ်ကို ခမ်းမအလယ်သို့ခေါ်သွားကာ အတောင်ပံကိုဖွင့်ထုပ်ရန်အချက်ပြပြီးဘေးတွင်သွားရပ်လိုက်တော့သည်။
ရှင်းယွမ်လဲစိတ်လှုပ်ရှားပေမဲ့စိတ်ကိုထိန်းချုပ်ကာ စွမ်းအင်ကိုကိုယ်ထဲတွင်လှည့်ပတ်လိုက်ပြီး ဖုန့်မျိုးနွယ်စုရဲ့ပင်ကိုယ်စွမ်းအင်းကိုခန္ဓာကိုယ်ထဲတွင်လိုက်လန်ရှာဖွေလိုက်ပြီး
သူမဗဟိုချက်ကိုရှာတွေ့ သွားတဲ့အခါ လျှင်မြန်စွာစုပ်ယူလှည့်ပတ်လိုက်ပြီး စွမ်းအင်ကိုဖွင့်ထုပ်လိုက်လေသည်။ရှင်းယွမ်မျက်လုံးပြန်မဖွင့်ခင်မှာပဲ ဖုန်အကြီးကဲ၏အသံက
أنت تقرأ
ဗီလိန်မမပဲလုပ်ချင်တယ်
حركة (أكشن)ရှင်းယွမ်တစ်ယောက် သူဖတ်နေတဲ့ဝတ္ထုထဲကိုမတော်တစ်ဆမူ့တစ်ခုကြောင့်သူမနဲ့နာမည်တူ အရန်ဗီလိန်ဇာတ်ကောင်လေးရဲ့ကိုယ်ထဲရောက်သွားသောအခါ ရှင်းယွမ် "fuck ဘယ်လိုဇာတ်လိုက်လဲ မပြတ်မသားနဲ့မိန်းမကလဲရှုပ်သေး နင်မင်းသမီးဆိုလဲအစထဲက လျိုရှင်းယွမ်နဲ့ခပ်ကင်းကင်နေပါလား ဘာလဲ အခ...