အပိုင်း- 13(Z-U)

933 117 4
                                    

"​နောက်ဆုံးတော့ငါလွှတ်မြှောက်လာပြီး အောင့်မလေး ဒီလိုပျော်ရွှင်မူ့ကိုတခါမှမခံစားဘူးဖူး အယ်ဒါနဲ့ငါဘယ်ရောက်နေတာလဲ သေချာတာကတော့ ဒီနေရာက သတိမမေ့ခင်ရှိနေတဲ့နေရာပဲ

သေခြာ ပြန်စဉ်းစားရင် ငါသတိမမေ့ခင်က ပိုင်လီကျားနဲ့အတူတူရှိနေကြတာပါ ဒါနဲ့ သူကပိုင်လီကျားကို မဖမ်းပဲငါ့ကိုဘာလို့ဖမ်းသွားတာလဲ လူမှားသွားတာများလား

ဒါပေမဲ့လဲ အနည်းဆုံးတော့ နတ်ဆိုးသားရဲရဲ့အမြူတေကိုငါရထားသေးတာပဲ တကယ်လို့သာ ငါသေမလောက်ကြိုးစားထားရပြီး သူများသာအကြိုးခံစားခွင့်ရသွားရင်ငါရူးသွားလောက်တယ်"

ရှင်းယွမ်တစ်ယောက်ထဲရေရွတ်နေပြီး သူမရဲ့ဒါဏ်ယာတွေပြန်မကောင်းသေးပဲနာကျင်နေတဲ့ခန္ဒာကိုယ်နဲ့ အရှေ့ကိုသာ ဆက်လျှောက်နေလိုက်ပြီး အနာဂါတ်အတွက်အစီစဉ်တွေကြိုတင်ကာချမှတ်နေလိုက်သည်။

ထို့နောက်ရှင်းယွမ်သည် တစ်ခုခုအားသတိရသွားဟန်နှင့်
"ဒါနဲ့အဲ့ကစ္စကြီးတစ်ခုလုံးကိုပိုင်လီကျားမြင်သွားတာတော့မဟုတ်ဘူးမှတ်လား

သူမသာဒါတွေကိုတခြားသူတွေသွားပြောလိုက်ရင် သွားပြီ သူမကအဓိကဇာတ်လိုက်မင်းသမီးဖြစ်တဲ့အတွက်သူမစကားကအကျိုးသက်ရောက်မူ့အများကြီးရှိတယ်

တကယ်လို့သာ သူတစ်ယောက်ယောက်ကိုသာပြောလိုက်ရင်ကျင်ကြံခြင်းလောကတစ်ခုလုံးသိသွားနိုင်တယ် မမလေးလျိုကယောက်ကျားတစ်ယောက်နောက်ပါသွားပါတယ်ဆိုတဲ့ကောလဟာလတွေပြန့်တော့မယ်"

ရှင်းယွမ်သူမဖြစ်လာမဲ့အကြောင်းရာများကိုတွေးတောမိပြီး စိတ်ဆင်းရဲနေချိန်တွင် မလှမ်းမကမ်းကနေ
"အမလျို အမ.."

"ပိုင်လီကျား."

ပိုင်လီကျားသည် ရှင်ယွမ်းစကားပြောသည်တောင်မစောင့်နိုင်ပဲ ရှင်းယွမ်နားသို့အမြန်ပြေးရောက်လာပြီး ရှင်းယွမ်ကိုဖက်လိုက်ပြီး ဝမ်းနည်းတကြီးနဲ့ ရှိုက်ငိုကာ

"ကျွန်မ အမကိုတစ်ခုခုဖြစ်ပြီထင်နေတာ ကျွန်မကြောင့်သာမဟုတ်ရင်အမထွက်ပြေးလို့ရနေမှာကို "

ဗီလိန်မမပဲလုပ်ချင်တယ်Dove le storie prendono vita. Scoprilo ora