ယွီရှင်းဦးဆောင်သည့်အဖွဲ့သည် နေ့ဝက်လောက် တောထဲတွင်နားစရာနေရာရှာပြီးနောက်သူတို့သည်
စမ်းချောင်းတစ်ခုသို့ရောက်ပြီးနောက်ထိုနေရာမှာပဲနားရန်ဆွေးနွေးကြတော့သည်။
ယွီရှင်းက ဒီအကြံကိုစပေးပြီး
ယီရှင်းနဲ့ပါလာသည့်လူတွေထဲက ယောက်ျားလေးတစ်ယောက်က ယွီရှင်းစကားကိုထောက်ခံကာ
"ဒီနေရာမှာ ပဲနားတာပိုအဆင်ပြေမယ်ထင်တယ်"
"ယောက်ျားလေးတွေအတွက်အဆင်ပြေပင်မဲ့မိန်းကလေးတွေအတွက်ကျတော့ကော"
လူအုပ်ထဲမှအဖြူရောင်ဝတ်ဆုံနှင့်မိန်းကလေးမှလက်ပိုက်ကာမကျေနပ်ဟန်နှင့်မေးလိုက်တော့သည်။
ထို့နောက် အဖွဲ့ထဲမှပါ လာတဲ့မိန်းကလေးအသီးသီးကလဲ
"ဟုတ်တယ်လေ မိန်းကလေးတွေကကော"
"ဒီအတိုင်ငါကတော့မနေနိုင်ပါဘူး"
"ဟုတ်တယ် ငါလဲယောက်ျားလေးတွေနဲ့ရောနှောပြီးမနေနိုင်ပါဘူး မမလေးလျိုရှင်ကကော"
ရှင်းယွမ်သည်အစအဆုံး သူတို့ညင်းနေတာကိုပဲမျက်မှာသေနဲ့ပဲလက်ပိုက်ကာကြည့်နေပြီး သူမကိုမိန်းကလေးတစ်ယောက်ကမေးငေါ့ကာမေးလာတော့ မထူးခြားတဲ့အမူယာနဲ့ပဲ
"ငါကတော့ဘယ် လိုဖြစ်ဖြစ်အဆင်ပြေပါတယ်"
ရှင်းယွမ်ဒီလိုပြောလိုက်တော့ ပထမဦးဆုံးမကျေနပ်ချက်ကိုပြောတဲ့အဖြူရောင်ဝတ်ဆုံနဲ့မိန်းကလေးက
"အဆင်ပြေတယ် အမလျိုရှင်ဘယ်လိုတောင်ပြောရက်နိုင်ရတာလဲ တကယ်လို ရှင်သာယောက်ျားလေးတွေနဲ့ အတူတူ ဒီလိုနေရာမှအိပ်ရင် အများကကဲ့ရဲ့စရာဖြစ်နေမှာပေါ့"
သူမပြောပြီးသည့်နောက်အဖွဲ့ထဲမှမိန်းကလေးများကလဲထောက်ခံပြီး တစ်ယောက်တစ်ပေါက်တီးတိုးပြောနေကြတော့သည်။
ရှင်းယွမ်သည်သက်ပျင်းချက
ရှေ့ကိုလျှောက်လာပြီး အဖြူရောင်ဝတ်ဆုံနဲ့မိန်းကလေးနဲ့မျက်နှာချင်းဆိုင်ကာ အနည်းငယ်ပြုံးလိုက်ပြီး"မိန်းကလေး ဝမ်ဝမ် မင်းစကားပြောတာအရမ်းမချဲ့ကားနေလွန်းဘူးလား မင်းပြောတာမသိရင်ပဲ ငါက ယောက်ျားလေးတွေနဲ့ပလူးပလဲလုပ်နေတယ်လို့ထင်ကြအုံးမယ်
YOU ARE READING
ဗီလိန်မမပဲလုပ်ချင်တယ်
Actionရှင်းယွမ်တစ်ယောက် သူဖတ်နေတဲ့ဝတ္ထုထဲကိုမတော်တစ်ဆမူ့တစ်ခုကြောင့်သူမနဲ့နာမည်တူ အရန်ဗီလိန်ဇာတ်ကောင်လေးရဲ့ကိုယ်ထဲရောက်သွားသောအခါ ရှင်းယွမ် "fuck ဘယ်လိုဇာတ်လိုက်လဲ မပြတ်မသားနဲ့မိန်းမကလဲရှုပ်သေး နင်မင်းသမီးဆိုလဲအစထဲက လျိုရှင်းယွမ်နဲ့ခပ်ကင်းကင်နေပါလား ဘာလဲ အခ...