အပိုင်း-12 (Z-U)

985 104 7
                                    

(တော်သေးတယ် သောက်ပြသနာတွေမြန်မြန်ပြီးသွားလို့ အမကြီးမြေခွေးရေ ရှဲ့ရှဲ့)

ယခင်သူမကိုလာကြောင်နေသောမိစ္ဆနှစ်ကောင်သည် မြေခွေးမနောက်ကောက်ကောက်ပါသွားပြီသူမကတော့ယခုမှပင်သက်ပြင်ချနိုင်သွားပြီး

ကိုယ့်ကိုယ်ကိုနှစ်သိမ့်နေလိုက်သည် ပြီးတေယ့ယခုအချိန်သူမအားနည်းနေသေးသောကြောင့်ရန်ဖြစ်၍လဲမရ တကယ်လို့တိုက်ခိုက်ကြရင်လဲသူမမနိုင်မှာကိုသူမသိသည်။

သူမလှည့်ထွက်ချိန် အဆောက်ဦးပေါ်မှ နောက်ထပ်မြေးခွေးမိစ္ဆာတစ်ကောင်ဆင်းသတ်လာပြီး ရှင်းယွမ်ကိုအကဲခက်ကာ

ရှင်ယွမ်က သူမလမ်းပိတ်သွားသောကြောင့်အနည်းငယ်စိတ်မသက်သာဖြစ်ပေမဲ့ ပြုံးလိုက်ကာ
"ဒီကမမ ကျွန်မဆီကဘာအလိုရှိလို့လဲ"

ထိုမိန်းကလေးသည် သူမရဲ့ဆွဲဆောင်မူ့ရှိတဲ့နှုတ်ခမ်းတွေကိုအနည်းငယ်မြှင့်တင်ကာပြုံးလိုက်ပြီး

"မရှိပါဘူး ငါကမင်းကို တခါမှငါတို့တိုင်းပြည်မှာမတွေ့ဖူးလို့အကဲခက်ကြည့်ယုံပါ ဒါနဲ့မင်းကဘာမျိုးနွယ်လဲ"

သူမ၏အသံသည်ပထမတစ်ယောက်လောက်မချွဲပစ်ပဲ သူမအသံကတစ်မူထူးစွာနားထောင်လို့ကောင်းနေတော့သည်။

ရှင်းယွမ်က နည်းနည်း ဇဝေဇဝါဖြစ်သွားက
(ဖုန့် မျိုးနွယ်လို့ပြောရင် နတ်သမီး ဒီကိုကျူးကျော်လာပါတယ်ဆိုပြီးသတ်ရင်ဒုတ္ခ ငါဘာပြောရင်ကောင်းမလဲ)

"ကျွန်မ.. ကျွန်မက ကျိုးကြာပါ"

(ကျိုးကြာ-_- ငါပါးစပ်ထဲရှိရာတွေထုပ်ပြောမိကုန်ပြီ ယုံလိုက်စမ်းပါအမကြီးရာ ယုံပေးပါနော်)

"ကျိုးကြာ အင်း.. ဒါနဲ့မင်းရဲ့မိစ္ဆာဓာတ်ကဘာလို့အဲ့လောက်တောင်အားနည်းနေရတာလဲ မင်းပုံကြည့်ရတာ အားနည်းတဲ့ပုံလဲမပေါ်ပါဘူး"

ရှင်းယွမ်သည်ဆွံအသွားပြီ
"ဟဲဟဲ ဒါကလေ ဘယ်လိုပြောရမလဲဆိုတော့"

သူမပြောခင်ထိုမိန်းကလေးမှတစ်ခုခုသဘောပေါက်သွားဟန်နှင့်သူမနားကိုပို၍တိုးလာကာ သူမတို့နှစ်ယောက်သာကြားနိုင်အောင်အသံကိုတိုးလိုက်ပြီး
"မင်းက နတ်အဖြစ်ကျင့်ကြံနေသူလား"

ဗီလိန်မမပဲလုပ်ချင်တယ်Tempat cerita menjadi hidup. Temukan sekarang