လွန်ခဲ့သည့်နှစ်ပေါင်း၂၀၀ခန့်က
.ကောင်းကင်နယ်ဘုံနှင့် မိစ္စာတိုင်းပြည်ရဲ့နယ်နမိတ်အလယ်မေ့လျှော့ချင်းမြစ်ရဲ့အပေါ်တွင်
"နတ်မျိုးနွယ်ကိုသစ္စာဖောက်ချင်နေတဲ့သူကိုဖမ်းကြ"
"ဟတ်နတ်မျိုးနွယ်သစ္စာဖောက်သူတဲ့လား ကျွန်တော်က ဘယ်တုန်းကမှနတ်မျိုးနွယ်အပေါ်သစ္စာမခံခဲ့တာ သစ္စာဖောက်တယ်လို့ပြောလို့ဘယ်ရပါ့မလဲ"
"ညီလေးအဲ့လိုမပြောနဲ့.."
အဆင်တန်ဆာများစွာနဲ့တောက်ပြောင်လှပပြီးကျက်သရေရှိလှတဲ့ဝတ်ရုံကိုဝတ်ဆင်ထားတဲ့အမျိုးသမီးမှ မျက်မှောင်ကျုပ်လိုက်ကာ မျက်နှာထက်လှောင်ပြုံးပြုံးလိုက်ပြီး
"အပြောကတော့ ကောင်းတယ် နှမျောစရာပဲမကြာခင်သေရတော့မယ် "
ချင်းရှန်သည် ဘာလုပ်လို့ဘာကိုင်ရမလဲမသိကာ ပိုင်ကျွယ်နဲ့မလှမ်းမကမ်းတွင်ရပ်နေပြီး အရှေ့ကစစ်သားများကိုဦးဆောင်လာတဲ့ကောင်းကင်မိဖုရားကိုကြောက်ရွံ့စွာကြည့်လိုက်မိသည်။
ကောင်းကင်မိဖုရားကသူတို့နှစ်ယောက်လုံးကိုကြည့်ကာအကြံကောင်းတစ်ခုရသွားသလိုပြုံးလိုက်ပြီး
"ချင်းရှန်..မင်းသိလား မင်းရဲ့ညီလေးသာငါ့ကိုမဆန့်ကျင်ဘူးဆိုမင်းလဲဒီအခြေနေထိရောက်လာမှာမဟုတ်ဘူး မင်းကအရမ်းလိမ္မာတော့ ငါ့အတွက်မင်းကသားလေးတစ်ယောက်လိုပါပဲ"
ချင်းရှန်သည် အံကြိတ်လိုက်ကာ အရမ်းလဲမကြယ်သလိုအရမ်းလဲမတိုးတဲ့အသံနှင့်
"ဒီအချိန်မှာဒါတွေပြောလို့ဘာအသုံးဝင်မှာမို့လို့လဲ"
ကောင်းကင်မိဖုရားကစဉ်စားသလိုဟန်လုပ်လိုက်ကာ ချင်းရှန်အနားတဖြေးဖြေးနဲ့လျှောက်လှမ်းသွားပြီး
"အသုံးဝင်တာပေါ့... မင်းသားနတ်မျိုးနွယ်ဝင်ရဲ့သစ္စာဖောက်ကိုရှင်းပြစ်နိုင်ရင်"လို့ပြောလိုက်ပြီး သူတို့နှစ်ယောက်နဲ့မလှန်းမကမ်းမှာရပ်နေတဲ့ပိုင်ကျွယ်ကိုညွှန်ပြရင်းပြောလိုက်တော့သည်။
ရှင်းချန်းခနတာကြက်သေသေသွားကပိုင်ကျွယ်ကိုစိုက်ကြည့်နေမိသည်။

ŞİMDİ OKUDUĞUN
ဗီလိန်မမပဲလုပ်ချင်တယ်
Aksiyonရှင်းယွမ်တစ်ယောက် သူဖတ်နေတဲ့ဝတ္ထုထဲကိုမတော်တစ်ဆမူ့တစ်ခုကြောင့်သူမနဲ့နာမည်တူ အရန်ဗီလိန်ဇာတ်ကောင်လေးရဲ့ကိုယ်ထဲရောက်သွားသောအခါ ရှင်းယွမ် "fuck ဘယ်လိုဇာတ်လိုက်လဲ မပြတ်မသားနဲ့မိန်းမကလဲရှုပ်သေး နင်မင်းသမီးဆိုလဲအစထဲက လျိုရှင်းယွမ်နဲ့ခပ်ကင်းကင်နေပါလား ဘာလဲ အခ...