အပိုင်း- ၁၆(Z-U)

897 87 0
                                    

ရှင်းယွမ်ကသူမဓားကိုလက်ထဲမှာကိုင်းလိုက်ပြီး မြှောက်လိုက်ကာ သစ်ကိုင်းပေါ်မှ မျက်နှာမမြင်ရသည့်ထိုလူအား ချိန်ရွယ်လိုက်ပြီး

"ရှင်ဘယ်သူလဲ"

တဖက်မှ သစ်ကိုင်းပေါကနေမြေပြင်ပေါ်သို့ဆင်းလာကာ ရှင်းယွမ်အရှေ့တွင်ရပ်လိုက်ပြီး

"မိန်းကလေး တွေ့ကရာကိုဓားနဲ့လိုက်ခုတ်နေတာအကျင့်ကောင်းတစ်ခုတော့မဟုတ်ဘူးနော် အရင်ဆုံးဓားလေးကိုချလိုက်ပါအုံး"

ရှင်းယွမ်သည်သူ့ရှေ့ကလူကိုအကဲခက်လိုက်ကာ ထိုလူမှမျက်နှာဖုန်းတစ်ခုကိုဝင်ဆင်ထားပေမဲ့ ကြည့်ရမဆိုးတဲ့ပုံဆံရှိပြီးဖော်ရွေပြီးသဘောကောင်းတဲ့ပုံဆံပေါ်နေသေးသည်။

ရှင်းယွမ်သည် သူမလက်ထဲမှဓားကိုပြန်သိမ်းကာ
"မိန်းကလေးတစ်ယောက်ကို မမြင်နိုင်တဲ့နေရာကတိတ်တိတ်လေးချောင်းနေတာကလဲအမူကျင့်ကောင်းတစ်ခုဟုတ်မနေဘူးလေ"

ထိုသူကရှင်းယွမ်ပြောတာကိုသဘောကျစွာရယ်လိုက်ပြီး ရှင်းယွမ်ကတော့သူ့ရှေ့ကလူကိုနားမလည်သလိုသာကြည့်တော့သည်။

"ရိုင်းပြသလိုဖြစ်သွားရင်တောင်းပန်ပါတယ်မမလေး ကျွန်တော်ကကုယွင်ပါ ချင်ရှန်းတောင်ကတပည့်တစ်ဦးပါ "

(ချင်ရှန်းတောင်ကလူလား မူရင်းဇာတ်ကြောင်းမှာတော့ရှင်ရှန်းတောင်ကလူအများစုက သူလိုပဲမျက်နှာဖုံးဝတ်ဆင်ကြတယ်လို့ဖော်ပြထားတာပဲ ပြီးတော့သူတို့က တခြားကျင့်ကြံသူတွေနဲ့မတူပဲ သီးခြားနေတတ်တယ် ဒါနဲ့နေပါအုံးငါဒီလူနာမည်ကိုကြားဖူးနေသလိုပဲ)

ရှင်းယွမ်သည်တွေဝေစွာ
"ကုယွင် ? ကျွန်မရှင့်နာမည်ကိုတစ်နေရာရာမှကြားဖူးနေသလိုပဲ..."

ကုယွင်သည် သက်ပျင်းတစ်ချက်ချကာပြုံးလိုက်ပြီး
"မမလေးလျိုက ငယ်ရွှယ်ပြီးထက်မြတ်ပေမဲ့မှတ်ညာပ်မကောင်းပဲ ကျွန်တော်တို့တစ်ခါဆုံဘူးကြတာမမှတ်မိဘူးလား"

ရှင်းယွမ်သည်အနည်းငယ်စဉ်းစားလိုက်ပြီးနောက်
"ကျွန်မတို့ဆုံဖူးတာလား.."

ထိုအချိန်တွင်ပဲ ရှင်းယွမ်တို့နှင့်မလှမ်းမကမ်းနေရာကနေ

ဗီလိန်မမပဲလုပ်ချင်တယ်Nơi câu chuyện tồn tại. Hãy khám phá bây giờ