အပိုင်း- ၃၅(Z-U)

334 32 3
                                    


အနက်ရောင်မဟူရာ ကျောက်များနှင့်ပြုလုပ်ထားသည့်ပုလင်ထက်တွင်ရှိနေသောပိုင်ကျွယ်သည် ကြမ်းပြင်ပေါ်မှာသွေးအလှိမ်းလှိမ်းနဲ့လဲကျနေသော သူများကို အေးဆက်စွာကြည့်နေရင်း သူမျက်လုံးများတွင်ခံစားချက်မဲ့နေကာ

ပိုင်ကျွယ် ထိုမြင်ကွင်းကိုပျင်းရိနေသည့်အလား စိတ်မပါစွာဆက်ကြည့်နေပြီး ခနကြာတော့လက်ဟန်နဲ့ ရပ်ဖို့အမိန့်ပေးလိုက်၍ထိုင်နေရာမှထလိုက်ကာ ထိုနေရာမှ ရုပ်တရပ်ပျောက်သွားပြီး

ကြမ်းပြင်ပေါ်မှာလဲကျနေတဲ့ သူတွေအရှေ့မှာချက်ချင်းဆိုသလိုပြန်ပေါ်လာပြီး ထိုလူးများအား ရွှံရှာစွာကြည့်လိုက်ပြီး
"အသုံးမကျလိုက်တဲ့ကြွက်ဆုတ်လေးတွေ မင်းတို့ကငါညိမ်နေလို့အတင့်ရဲလာကြတယ်ပေါ့ ဟတ်"

ပိုင်ကျွယ်အေးဆက်စွာရယ်မောလိုက်ပြီး လက်ဖဝါးကိုဖြန့်လိုက်ကာ သူ့လက်ထဲတွင်ပျင်းပျင်းပြပြတောက်လောင်နေသောခရမ်းရောင်မီးများပေါ်ထွက်လာပြီး ထိုမီးတောက်များပေါ်ထွက်လာသည့်တစ်ပြိုင်နက် ကြမ်းပြင်ပေါ်မှာလဲကျနေသောသူများက

အရင်ကထက်ကြယ်လောင်စွာအော်မြည်လာကြပြီး သူတို့ကိုယ်ပေါ်တွင် အခမ်းရောင်မီးတောက်များ စွဲကပ်တောက်လောင်လာပြီး ခန္ဓာကိုယ်က မီးမကျွမ်းသေးသော်လဲ အရိုးထဲထိပါလောင်မြိုက်နာကျင်နေတာကိုခံစားနေရသည်။

ထိုအချိန်ရုပ်တရပ်ပိုင်ကျွယ်အနောက်မှ အလင်းရောင်တစ်ခုထွက်ပေါ်လာပြီး

"ပိုင်.....အောင်မလေး"

ထိုအလင်းတန်းနဲ့အတူထွက်ပေါ်လာသည်က ရှင်းယွမ်ဖြစ်ပြီး ရှင်ယွမ်သည် သူမရောက်ရောက်ချင်းရုပ်တရပ်ထိုမြင်ကွင်းကိုမြင်တော့ လန့်သွားပြီး နောက်သို့ခြေနှစ်လမ်းဆုတ်လိုက်ပြီး ထိုမြင်ကွင်းနဲ့ဆန့်ကျင်ဘက်သို့လှည့်လိုက်တော့သည်။

ပိုင်ကျွယ်သည် ရှင်းယွမ်ကိုမြင်တော့ရုပ်တရပ် အံဩသွားပြီး
လုပ်လက်စများကိုရပ်လိုက်၍ ရှင်းယွမ်ဆီကိုသွားလိုက်ကာ

"မင်းဘယ်လိုလုပ် ဒီကိုရောက်လာတာလဲ"

ရှင်းယွမ် သူမစိတ်ညိမ်အောင်ခနအချိန်ယူလိုက်ပြီးနောက်
"ကျွန်မ သိချင်တာလေးနည်းနည်းရှိလို့ ကျွန်မသိချင်တဲ့အချက်လတ်တွေ ကောင်းကင်ဘုံမှာရှာပေမဲ့မတွေ့ရလို့ ရှင့်ဆီမှာများရှိမလားလို့ ပြီးတော့ အကြောင်းမကြားပဲလာတာ တောင်းပန်ပါတယ်"

ဗီလိန်မမပဲလုပ်ချင်တယ်Where stories live. Discover now