"ပြန်ထ"
"အရှင့်သား....."
ရှောင်ရွှယ်သနားစရာကောင်းအောင်မျက်နှာငယ်လေးနဲ့ ရှင်းချန်ကိုမျှော်လင့်တကြီး ကြည့်လိုက်ပြီး"မရဘူး.. မင်းလေ့ကျင့်တာမလုံလောက်သေးဘူး"
သို့ပေမဲ့ရှင်းချန်ရဲ့စကားများကသူမမျှော်လင့်ချက်လေးကိုရိုက်ချိုးလိုက်တော့သည်။
"ဒါပေမဲ့အရှင့်သား ကျွန်မလေ့ကျင့်နေတာအချိန်အတော်ကြာပြီအခုထိအနားမယူရသေးဘူး"
ရှင်းချန် လက်ဖက်ရည်ခွက်ကိုစားပွဲပေါ်အသာယာချလိုက်ပြီး ရှောင်ရွှယ်ဘက်မျက်နှာလှည့်၍"မင်းကအနားယူချင်သေးတယ်ပေါ့..?
ဘာလဲ စာမေးပွဲတစ်ခါကျတာမလုံလောက်သေးလို့နောက်တစ်ခါထပ်ကျချင်နေတာလား".ရှောင်ရွှယ်မျက်နှာချိုသွေးလိုက်၍ မရဲတရဲအသံလေးနှင့်
"ဒါဆို ကျွန်မရဲ့စိတ်ဝိညာဉ်ဆေးလုံးလေးတွေပြန်ပေးလို့ရပြီလား...?"ရှင်းချန် အင်္ကျီလက်ကိုခါလိုက်ကာ တစ်ခုခုထုတ်ယူတော့မည့်အမူရာကိုလုပ်လိုက်ပြီး ရှောင်ရွှယ်ထိုပုံစံကိုမြင်တော့ဝမ်းသားအားရဖြစ်သွားပြီး ရှင်းချန်ကိုမှော်လင့်တကြီး ကြည့်မိလိုက်ပြီး
သို့ပေမဲ့ရှင်းချန်သည်လက်ကိုအလျှင်မြန်ပဲလှုပ်ရှားလိုက်၍ လက်ညှိုးနဲ့လက်ခလယ်အားပူးကပ်ပြီး လက်ချောင်းများတွင်ဝိညာဉ်စွမ်းအင်ထည့်လိုက်၍ ရှောင်ရွှယ်ထံပြစ်လွှင့်လိုက်တော့သည်။
"အ့."
ရှင်းချန်ပြစ်လွှင့်လိုက်သော ဝိညာဉ်စွမ်းအင် အလင်းတန်းသည် ရှောင်ရွှယ်၏နှာဖူးတည့်တည့်သို့မှန်ကာ သူမထပ်မန်မြေပြင်ပေါ်နောက်ပြန်လှဲကျသွားစေတော့သည်။ထို့နောက်ရှင်းချန်သည် ထိုင်နေရာမှထကာ ရှောင်ရွှယ်အနားသို့သွားလိုက်ပြီး သူမအားမထူပေးပဲ
"မင်းဒီလောက်အားနည်းတာ စိတ်ဝိညာဉ်ဆေးလုံးကိုသုံးချင်သေးတယ်ပေါ့ အဲ့ဆေးလုံးရဲ့အလုပ် လုပ်ပုံကိုတောင်ကောင်းကောင်းမသိပဲနဲ့ သေချာဆက်လေ့ကျင့်"
လို့ပြောကာ ရှောင်ရွှယ်ဘေးမှဖြတ်လျှောက်သွားလေတော့သည်။
မြေပြင်ပေါ်လဲကျနေတဲ့ရှောင်ရွှယ်က မကျေနပ်စွာမြေပြင်ပေါ်ခနလူးလိမ့်နေပြီး ပြန်ကုန်းထကာသူမရဲ့ရှုပ်ပွနေတဲ့ဆံပင်တွေကိုပြန်သပ်ရပ်အောင်ပြင်လိုက်ပြီး
![](https://img.wattpad.com/cover/286401559-288-k900946.jpg)
ESTÁS LEYENDO
ဗီလိန်မမပဲလုပ်ချင်တယ်
Acciónရှင်းယွမ်တစ်ယောက် သူဖတ်နေတဲ့ဝတ္ထုထဲကိုမတော်တစ်ဆမူ့တစ်ခုကြောင့်သူမနဲ့နာမည်တူ အရန်ဗီလိန်ဇာတ်ကောင်လေးရဲ့ကိုယ်ထဲရောက်သွားသောအခါ ရှင်းယွမ် "fuck ဘယ်လိုဇာတ်လိုက်လဲ မပြတ်မသားနဲ့မိန်းမကလဲရှုပ်သေး နင်မင်းသမီးဆိုလဲအစထဲက လျိုရှင်းယွမ်နဲ့ခပ်ကင်းကင်နေပါလား ဘာလဲ အခ...