"မင်းနိုးနေပြီပဲ"
ရှင်းယွမ်သည်သူ့ဆီလျှောက်လာတဲ့သူ့ရှေ့ကလူကိုကြည့်ပြီး
ဘာလုပ်လို့လုပ်ရမှန်မသိကာကြောင်အစွာထိုင်နေပြီးထိုလူအားငေးနေမိသည်။(ဒီလူကို ငါမြင်ဖူးသလိုပဲ ဒါပေမဲ့ငါဘယ်မှာတွေ့ဘူးလဲမမှတ်မိတော့ဘူး ဒါပေမဲ့သူသောက်ရမ်းချောတယ်)
ပိုင်ကျွယ်ကအိပ်ယာပေါ်တွင်ထိုင်နေသော ရှင်းယွမ်ကိုမျက်မောင်ကျုပ်ကာကြည့်လိုက်ပြီးတော့
(ဒီမိန်းမဒါဏ်ယာအပြင်းထန်ရပြီး စကားပါမပြောနိုင်တော့ဘူးလား)ပိုင်ကျွယ်ကရှင်းယွမ်အနားသို့တိုးသွားလိုက်ပြီး ရှင်းယွမ်ရဲ့မျက်နှာကိုဆွဲမော့လိုက်ကာ သေချာစစ်ဆေးနေပြီး
ရှင်ယွမ်းသည်လဲဘာတွေဖြစ်လို့ဖြစ်နေမှန်းမသိ၍ကြောင်အစွာပဲပိုင်ကျွယ်ကိုစိုက်ကြည့်နေလိုက်မိသည်။
"မင်းအသွားတာတော့မဟုတ်ဘူးမှတ်လား"
"ဟမ်."
ပိုင်ကျွယ်ကရှင်းယွမ်၏မျက်နှာကိုလွှတ်လိုက်ပြီး
"စကားပြောနိုင်သေးတာပဲ"ရှင်းယွမ်သည် သတ္တိများစုစီးလိုက်ပြီး သူ့ရှေ့က သူမကိုစိုက်ကြည့်နေသည့်သူကို
"ရှင် ဘာလို့ကျွန်မကိုခေါ်လာတာလဲ"
ပိုင်ကျွယ် တစ်ချက်ပြုံးလိုက်ပြီး ရှင်းယွမ်ထံသို့မင်းမှန်းကြည့်လေဆိုတဲ့အကြည့်မျိုးနဲ့ကြည့်လိုက်တော့သည်။
ရှင်းယွမ်က သူ့ရှေ့ကလူပြုံးတာကိုမြင်ပြီး လုံးဝကိုခံစားချက်မကောင်းပေ(အကိုကြီးရယ်ရှင်ဒီလိုမပြုံးလို့ရမလား ရှင့်ကကြောက်စရာကောင်းတာအစထဲက ကျွန်မသိပေမဲ့ ဒီလိုပြုံးလိုက်တာပိုကြောက်ဖို့ကောင်းတယ်)
ရှင်းယွမ်ကသက်ပျင်းအရှည်ကြီးတစ်ချက်ချလိုက်ပြီး သူရှေ့ကသူကိုတရားချဖို့ပြင်တော့သည်။
"ရှင်..ရှင် ဒီလိုလုပ်တာမှားတယ်နော် ရှင်သိလား တကယ်လို့ကျွန်မပျောက်တာသိရင် ကျွန်မအဖေကစိတ်ပူပြီး....
ပိုင်ကျွယ်က သူ့ရှေ့ကစကားများနေတဲ့သာလိကာမလေးကို တွန်းလှဲလိုက်ကာ အပေါ်ကနေအုပ်မိုးပြီး
VOUS LISEZ
ဗီလိန်မမပဲလုပ်ချင်တယ်
Actionရှင်းယွမ်တစ်ယောက် သူဖတ်နေတဲ့ဝတ္ထုထဲကိုမတော်တစ်ဆမူ့တစ်ခုကြောင့်သူမနဲ့နာမည်တူ အရန်ဗီလိန်ဇာတ်ကောင်လေးရဲ့ကိုယ်ထဲရောက်သွားသောအခါ ရှင်းယွမ် "fuck ဘယ်လိုဇာတ်လိုက်လဲ မပြတ်မသားနဲ့မိန်းမကလဲရှုပ်သေး နင်မင်းသမီးဆိုလဲအစထဲက လျိုရှင်းယွမ်နဲ့ခပ်ကင်းကင်နေပါလား ဘာလဲ အခ...