အပိုင်း- ၁၈(Z-U)

652 82 4
                                    

မမြင်ရတဲ့တစ်စုံတရာက အပေါ်ကနေ လူငယ်တစ်ဖွဲ့ကိုစူးစိုက်ကြည့်နေပြီး သူသည် သားကောင်ကိုအလစ်ချောင်းနေသလို ထိုလူငယ်အုပ်စု စီအာယုံစိုက်ကာ

အနက်ရောင်အခိုးငွေ့အဖြစ်ပြောင်းကာ သစ်ကိုင်းများကြားတွင်မသိမသာ လွင်မျောသွားလာနေပြီး သစ်ပင်များကအရမ်းကြီးပြီးထူထပ်နေတာကြောင့် တော်ရုံတန်ရုံဘယ်သူမှသတိထားမိမှာမဟုတ်ပေထို့နောက်ထိုအရာက ပြစ်မှတ်နဲ့အနီးဆုံးရောက်အောင်ကပ်လိုက်ပြီး

လူငယ်များသတိလပ်လွတ်ဖြစ်နေချိန်တွင် အနက်ရောင်အခိုးငွေကမူလပုံစ့အမှန်ကိုပြောင်းလဲလိုက်ပြီး သစ်ကိုင်းတွေနှင့်အကာကွယ်ယူကာ သူမနောက်ကျောမှ ပါးလွှာပြီး သေးငယ်လှတဲ့ အပ်ချည်ကြိုးလောက်သာရှိတဲ့အဖြူရောင်ပိုးမြှင်များကရှည်ထွက်လာပြီး ကျောင်းသားများထံသို့ ဦးတည်လိုက်သည်။

"အားးး.."

"ဒါဘယ်လို့ဖြစ်တာလဲ.."

"ဂိုဏ်းတူအကိုတို့ကယ်ပါအုံး အားး"

ဆူညံသံတွေကြားမှရှင်းယွမ် အသိဝင်လာပြီ သူမရှေ့က ကုယွင်ကို သူမနဲ့အကွာဝေးအနည်းငယ်ရောက်အောင်တွန်းလိုက်ကာ သူမသည်သတိအနေထားနဲ့

အော်သံများလာရာနေရာကိုကြည့်လိုက်ပေမဲ့ လေပေါ်မြှောက်တပ်ပြီး သစ်ကိုင်းများကြာရောက်ပြီးပျောက်ကွယ်သွားတာကလွဲလို့ဘာမှမတွေ့ရ

"ဒါဘယ်လိုဖြစ်တာလဲ သူတို့ကိုဘာကဆွဲခေါ်သွားတာလဲ"

ယွီရှင်းနဲ့ပိုင်လီကျားလဲရှင်ယွမ်တို့နားရောက်လာပြီးအားလုံးသတိအနေထားနဲ့စုစဉ်းလိုက်ကြပြီးနောက် သူတို့အကုန်လုံး
သစ်ပင်များပေါ်ကြည့်ပြီး ဘာမှန်မသိတဲ့ထိုအရာဆီကာကာကွယ်ဖို့အသင့်ဖြစ်နေကြတော့သည်။

ခနကြာတော့သစ်ကိုင်းများကြားမှအဖမ်းခံလိုက်ရတဲ့သူများရဲ့အော်ညည်းသံးများကြားရပြီခနအကြာတော့ အော်သံများရပ်တန့်သွားပြီ သစ်ကိုင်းများကြားမှသွေးများစီးကျလာလေသည်။

ရှင်းယွမ်ကထိုမြင်ကွင်းကိုမြင်ကာ အံကျိတ်မိသည် သူမတို့ယခုကြုံနေရတာဘာမှန်းမသိသေးသလို သူမတို့နှင့်အတူသွားလာခဲ့သည့် လူလေးယောက်ကသေဆုံးသွားပြီဖြစ်သည်။

ဗီလိန်မမပဲလုပ်ချင်တယ်حيث تعيش القصص. اكتشف الآن