ရှင်းယွမ် သစ်တောမှယာယီနေရန်ဆောက်ထားသောအဆောင်များသို့ပြန်အရောက်နားပင်မနားရသေး
သူမမြွေမိစ္ဆာနဲ့တိုက်ခိုက်ခဲ့သည့်အကြောင်းအကြီးကဲတွေကမယုံနိုင်စွာသူမကိုစစ်မေးလေသည် သူမအကျိုးကြောင်းအားလုံးကိုရှင်းပြပြီးနောက် မြွေမစ္ဆာရဲ့သူမရထားတဲ့အမြူတေကိုထုပ်ပြတော့မှအကြီးကဲအားလုံးယုံနိုင်သွားသည်။
သူမကြီးကဲများရှိသည့်ခန်းမမှထွက်လာလိုက်ပြီး ယခုမှပင်သက်ပျင်းချနိုင်လေသည်။
ရှင်းယွမ်သူမအတွက်စီစဉ်ပေးထားတယ်ဆိုတဲ့အခန်းကိုဦးတည်ကာသွားလိုက်လေသည် ယခုသူမပင်ပန်းနေ၍အရမ်းနားချင်ပြီဖြစ်သည်။
သို့ပေမဲ့သူမအခန်းဆီမရောက်သေးလမ်းတစ်ဝက်မှပင်ပိုင်လီကျားရဲ့ဆွဲခေါ်သွားချင်းကိုခံလိုက်ရလေသည်။
"ပိုင်...ပိုင်လီကျား ငါ့ကိုဘယ်ကိုခေါ်သွားမလို့လဲ"
"ရောက်ရင်သိမှာပဲလေအမလျိုရဲ့"
ထို့နောက်သူမပိုင်လီကျားရဲ့နောက်သို့ပါသွားပြီးခနအကြာမှာတော့စမ်းချောင်းတစ်ခုကိုသူမတို့ရောက်လာသည်။
"အမပင်ပန်းနေပြီမှတ်လား ဒီကတာဝန်ယူသူတွေက ဒီဘက်မှာမိန်းကလေးတွေအတွက်သီးသန့်ရေပူစမ်းရှိတယ်တဲ့အဲ့တာကြောင့်မို့အကိုကျွန်မခေါ်လာတာ"
ပိုင်လီကျားပြောတာလဲမှန်သည် ဒီနေရာကရေတွေကအငွေ့များထွက်နေပြီး စမ်းချောင်းဘေးမှ အဝတ်လဲခန်းလဲရှိနေသည်။
ရှင်းယွမ်သည်ရှည်ရှည်ဝေးဝေးပြောမနေပဲအဝတ်လဲခန်းထဲဝင်သွားလိုက်ပြီးအဝတ်စားများနဲ့အဆင်တန်ဆာများကိုချွတ်လိုက်ကာ အောက်ခံအင်္ကျီအဖြူတစ်ထပ်ပဲချန်ပြီး စမ်းချောင်းထဲချင်းကာ ကျောက်တုန်းကြီးများနားသွားပြီးကျောက်တုန်းတွေကိုမှီလိုက်ကာမျက်လုံးမှိတ်ချပြီး ရေစိမ်လိုက်လေသည်။
"ကောင်းလိုက်တာ ရက်အတော်ကြာပင်ပန်းခဲ့တာတွေပျောက်သွားသလိုပဲ"
"ကျွန်မကောပဲ"
ပိုင်လီကျားကရှင်းယွမ်ဘေးမှာရေအတူစိမ်ကာရှင်းယွမ်ကိုအဖော်လုပ်ပေးနေတော့သည်။
YOU ARE READING
ဗီလိန်မမပဲလုပ်ချင်တယ်
Actionရှင်းယွမ်တစ်ယောက် သူဖတ်နေတဲ့ဝတ္ထုထဲကိုမတော်တစ်ဆမူ့တစ်ခုကြောင့်သူမနဲ့နာမည်တူ အရန်ဗီလိန်ဇာတ်ကောင်လေးရဲ့ကိုယ်ထဲရောက်သွားသောအခါ ရှင်းယွမ် "fuck ဘယ်လိုဇာတ်လိုက်လဲ မပြတ်မသားနဲ့မိန်းမကလဲရှုပ်သေး နင်မင်းသမီးဆိုလဲအစထဲက လျိုရှင်းယွမ်နဲ့ခပ်ကင်းကင်နေပါလား ဘာလဲ အခ...