အပိုင်း- ၄၆(Z-U)

149 12 1
                                    

"ဖုန့်မျိုးနွယ်စုမှာ ရတနာတွေတကယ်ပေါတာပဲ ကောင်းကင်နန်းတော်ကစာကြည့်တိုက်မှာတောင်မရှိတဲ့စာလိပ်တွေက ဒီမှာရှိတာပဲ"

ရှောင်ရွှယ် စာအုပ်စင်ရှိလှေကားပေါ်တွင်ရပ်နေလျှက်စာလိပ်တစ်လိပ်ကိုလှန်လှော်ကြည့်နေရင် အောက်ကရှင်းယွမ်ကို လှမ်းပြောလိုက်ပြီး စာလိပ်ကိုဆက်ကြည့်နေတော့သည်။

ရှင်းယွမ်ကတော့ စားပွဲပေါ်ပျင်းရိစွာမေးကိုထောက်ထားလျှက်

"ရတနာတွေပေါလဲ နင့်အတွက်မှအသုံးမဝင်တာ အဲ့စာလိပ်ထဲက ကျင့်စင်တွေကနင်နဲ့မကိုက်ညီဘူး"

လို့ပြောလိုက်ရင် သူမလက်ချောင်းလေးများကိုလှုပ်ရှားလိုက်ကာ ရှောင်ရွှယ် လက်ထဲမှာ စာလိပ်ကိုလုယူလိုက်ပြီူနေရာတကျပြန်ထားလိုက်တော့သည်။

ရှောင်ရွှယ် သူမလက်ထဲကအရာလုယူခံလက်ရတာကြောင့် မကျေနပ်စွာနှာမှုတ်လိုက်ပြီး လှေကားထက်မှအောင်သို့ဆင်းလာလိုက်ပြီး

"အိုက်ယိုး စွမ်းအားမြင့်တဲ့လူတွေတကယ်ကိုကောင်းတာပဲ ငါမှာတော့ ဝိညာဉ်စွမ်းအင်နည်းလို့ စာလိပ်ကိုတကူးတကလှေကအမြင့်ကြီးထိတတ်ပြီးယူရတယ် တစ်ချို့လူတွေကြတော့ထိုင်ရာကမထပဲလက်ချောင်းလေးလှုပ်လိုက်ယုံနဲ့လိုတာရနေတော့တာပဲ ဟွန့်"

သူမ မကျေနပ်စွာခြေစောင့်ပြီး စားပွဲနားတွင်ထိုင်လိုက်ကာ ရှင်းယွမ်ကိုစိတ်ဆိုးသလိုအမူယာနှင့် ရေနွေးကြမ်းတစ်ခွက်ငှဲ့ကာသောက်လိုက်တော့သည်။

ရှင်းယွမ်ဂကုမစိုက်စွာပဲ
"မကျေနပ်ဘူးမလား များများပိုလေ့ကျင့် အဲ့စာလိပ်က နင့်အတွက်ကောင်းကျိုးမရှိဘူး ရော့ ဒီမှာ နင့်ရဲ့အရှင့်သားလာပေးသွားတာ"

သူမပြောရင်း သူမဘေးက သစ်သားဖြင့်ပြုလုပ်ထားသော စာလိပ်များကို​ရှောင်ယွယ်ဆီကမ်းပေးလိုက်ပြီး ရှောင်ရွှယ်မှ ထိုစာလိပ်များအား အနည်းငယ်ဖွင့်ကြည့်ပြီးနောက် စာလိပ်များအားစာပွဲပေါ်သိုစိတ်ပြတ်လက်ပြတ်နဲ့ပြစ်ချလိုက်ကာ စားပွဲပေါ်မေးကိုတင်လိုက်ရင်း စိတ်ပြတ်လက်ပြတ်ပဲ

"အသုံးမဝင်ဘူး ငါဒါတွေကိုအရင်ထဲကလေ့ကျင့်နေတာ တကယ်အသုံးမဝင်ဘူး ငါအရင်ဘဝက ဘာမကောင်းတာများလုပ်ခဲ့လို့ ဒီလိုကံဆိုးနေရတာလဲ"

ဗီလိန်မမပဲလုပ်ချင်တယ်Nơi câu chuyện tồn tại. Hãy khám phá bây giờ