အပိုင်း- ၂၄(Z-U)

509 45 1
                                    

ရှင်းယွမ်အရည်ချင်းစစ်ဆေးပွဲပြီးသွားတော့သူမအိမ်သို့ပြန်ကာတပတ်လောက်ဘာမှမလုပ်ပဲဟိုနားစပ်စပ်ဒီနားစပ်စပ်အလေလိုက်နေမိသည်။

သူမဒီနောက်ပိုင်းကုယွင်နဲ့လဲမတွေ့တော့သလိုဇာတ်လိုက်နဲ့ဇာတ်လိုက်မရဲ့ အချစ်ကြည်နူးတစ်တီတူးများကိုလဲမတွေ့ရမကြားရသဖြင့်စိတ်ချမ်းသာလျှက်ရှိနေတော့သည်။

ယခုသူမအဖေနှင့်ထမင်းစားဝိုင်းတွင်သူမ ဖုန့် မျိုးနွယ်စုကိုပညာသွားသင်ရန်ခွင်တောင်းတော့သည်။

"အဖေ အဖေကြည့်သမီးလဲမငယ်တော့ဘူး ပြီးတော့သမီးကဖုန့်မျိုးနွယ်စုရဲ့လာမဲ့ ဘုရင်မဖြစ်မဲ့သူတစ်ယောက် ဒါပေမဲ့သမီးကအားနည်းနေသေးတယ်လေ့ကျင့်ဖို့လိုသေးတယ်"

လျိုအကြီးကဲသည် လက်ဖက်ရည်တစ်ငုံသောက်လိုက်ပြီး သက်ပျင်းချကာ

"ဒါပေမဲ့အားယွမ် သမီးသာဖုန့်မျိုးနွယ်စုကိုသွားရင်အိမ်နဲ့ခွဲရမှာ သမီးအမေမရှိထဲကအဖေတစ်ခုသမီးတစ်ခုနေလာတာ အခုသမီးကသွားမယ်ဆိုတော့..."

"သမီးသိပါတယ်အဖေသမီးကိုမခွဲနိုင်မှန်း ဒါပေမဲ့လူသက်တမ်းကအရမ်းတိုတောင်းလွန်းတယ် အခုချိန်မှသမီး မလေ့လာရင် နောက်ကျသွားမှာဆိုးရတယ် ပြီးတော့ သမီးအဖေဆီစာအမြဲရေးမှာပါ ပြီးတော့အဖေလဲသမီးကိုလွမ်းရင် ဖုန့်မျိုးနွယ်စုဆီလာတွေ့လို့ရတာပဲလေ

ပြီးတော့အခုအဖေကသမီးအိမ်ကတစ်သက်လုံးထွက်သွားသလိုမျိုးစိတ်ပူနေတယ် သမီးကပညာလေ့လာမှာပါ အိမ်ထောင်ကျသွားတာမဟုတ်ဘူးလေအဖေကလဲ"

လျိုဂိုဏ်းချုပ်ကသက်ပျင်းချကာ ခေါင်းညိမ့်ကာသဘောတူလိုက်ရတော့လေသည်။

"ဒါဆိုနောက်၃ရက်နေရင်သွားဖို့ပြင် အခုတော့သမီးအနားယူလိုက်အုံး"

ရှင်းယွမ်သည်အလွန်ပျော်ရွှင်သွားကာ
"အဖေကသမီးကိုအချစ်ဆုံးပဲ"

ထို့နောက်သူမ လျိုဂိုဏ်းမှာနေရန်ကျန်ရှိနေတဲ့၃ရက်ကို စားလိုက်သောက်လိုက် ပပျင်းရင် မြို့ထဲပတ်ပြီးဈေးဝယ်ထွက်လိုက်နဲ့အချိန်ဖြုန်းနေလိုက်လေသည်။

ဗီလိန်မမပဲလုပ်ချင်တယ်Where stories live. Discover now