အပိုင်း- ၄၇(Z-U)

152 8 0
                                    

ရှင်းယွမ်နဲ့ရှောင်ရွှယ်တို့နှစ်ယောက် မသေမျိုးပြိုင်ပွဲမရောက်ခင်ထိနှစ်ယောက်အတူတူလေ့ကျင့်ခဲ့ကြပြီး ရှောင်ရွှယ်၏စွမ်းအင်ကမတိုးတက်သော်လဲ သူမက ကိုယ်ခံအားအရမ်းကောင်းလှပြီး ရှင်းယွမ်ကို စိတ်စွမ်အင်ခြင်းလိုက်မမှီပေမဲ့ စိတ်စွမ်အင်မသုံးပဲတိုက်ခိုက်တဲ့အချိန်ဆိုရင်တော့ ရှောင်ရွှယ်က အသာစီးရသည်။

သို့ပေမဲ့သူမကိုယ်ခံပညာဘယ်လောက်ကောင်းကောင်း ဒါကကောင်းကင်ဘုံဖြစ်သည် စိတ်စွမ်အင်နည်းတဲ့သူတွေက ဒီနေရာမှာအမိုက်သာသာပင်ဖြစ်သည်။

နောက်ဆုံးသူမတို့နှစ်ယောက်အပြင်းထန်လေ့ကျင့်ပြီးနောက်မသေမျိုးစာမေးပွဲ​နေ့ကိုရောက်ရှိလို့လာတော့သည်။

"ငါအရမ်းစိတ်လှုပ်ရှားနေပြီ"
ရှောင်ရွှယ်ပြောရင်း သူ့ခန္ဒာကိုယ်အညိမ်မနေနိုင်ပဲတုန်ရီနေတော့သည်။

"နင်ပထမတစ်ခါဖြေပြီးပြီပဲ ဒီလောက်ထိဖြစ်ဖို့လိုလို့လား"
ရှင်းယွမ်စိတ်ပြတ်စွာပဲသူမရှေ့ကလူအုပ်ကြီးကိုကြည့်ပြီး ပြောလိုက်ရင်း ပြီးတော့မှ တစ်နေရာကိုအကြည့်ရောက်သွားပြီး

"ဟိုမှာ နင့်ရဲ့အရှင့်သားလာနေပြီ"

ရှောင်ရွှယ်အမြန်ပဲ သူတို့နှစ်ယောက်ဆီဦးတည်လာနေတဲ့ရှင်းချန်ကိုအကြည့်​ရောက်သွားပြီး အနားရောက်လာတဲ့ရှင်းခန်အား
"အရှင့်သား စိတ်ချ ဒီတစ်ခါ ကျွန်မသေချာပေါက်အောင်စေရမယ် ဒီတစ်ခါကျွန်..မ.."

ရှင်းချန်သူရောက်လာထဲက စကားကိုမရပ်မနားပဲပြောနေတဲ့ ရှောင်ရွှယ်ကိုဟန့်တားလိုက်ကာ သူ့လက်ထဲမှာပါလာတဲ့ထီးကို​ရှောင်ရွှယ်လက်ထဲထိုးထည့်ပေးလိုက်တော့သည်။

ရှောင်ရွှယ်ကြောင်သွားပြီး
"ဒါဘာလုပ်ဖို့လဲ"

ရှင်းချန်နှုတ်ခမ်းလေးကော့တတ်သွားအောင်ပြုံးလိုက်ရင်း
"ထီးရိုးကိုလှည့်ပြီးဆွဲထုတ်လိုက်"

ရှောင်ရွှယ် ရှင်းချန်ပြောသလိုထီးရိုးကိုအနည်းငယ်လှည့်ပြီးဆွဲထုတ်လိုက်တော့သည်။

ထိုအခါ ထီးရိုးထဲမှထွက်လာသော ငွေဖြူရောင်ဓားသွားသည် ရောင်ပြန်ဟပ်ပြီး ရောင်ပြန်အလင်းသည် ရှောင်ရွှယ်မျက်လုံးထဲဝင်းခနည်းဖြစ်သွားပြီး ရှောင်ရွှယ်သည်အံအားသင့်မူ့နှင့်အတူ စိတ်ထဲပျော်ရွှင်သွားကာ

ဗီလိန်မမပဲလုပ်ချင်တယ်Hikayelerin yaşadığı yer. Şimdi keşfedin