အပိုင်း- ၄၃(Z-U)

196 19 0
                                    

"သနားဖို့ကောင်းလိုက်တာ နင့်ကိုယ်နင်ပြန်ကြည့်စမ်းပါအုံး
ဘယ်လောက်တောင်နိမ့်ကျနေလဲဆိုတာ"

"နင်ငါ့ကိုကူဖို့လာတာလား လှောင်ရယ်ဖို့ရောက်လာတာလား"
စုနန်သွေးအိုင်ထဲတွင်အံကျိတ်လျှက် သူ့ဆီဖြေးဖြေးခြင်းလျှောက်လှမ်းလာတဲ့ ပုဂိုလ်အားစူးရှတဲ့မျက်လုံးတွေနဲ့စိုက်ကြည့်လိုက်ပြီး မေးလိုက်တော့သည်။

ထိုပိုဂိုလ်သည် စုနန်ရှေ့တွင်ဒူးတစ်ဖက်ထောက်ကာထိုင်လိုက်ရင်း စုနန်ရဲ့မေးကိုဆွဲမော့လိုက်ကာ
"အတင့်ရဲလိုက်တာ ငါမြှောက်စားလို့ဒီအဆင့်ထိရောက်လာပြီးမှများ ငါ့ကိုပြန်ကိုက်ခြင်နေတာလား နင့်ရဲ့ဒေါသတွေကို ပိုင်ကျွယ်အတွက်ပဲသိမ်းထားလိုက် အသုံးမကျတဲ့ကောင်မ"

ထိုသူသည် ပြောရင်းစုနန်အားကိုင်ထားတဲ့လက်ကိုခါချလိုက်ပြီး ထရပ်လိုက်တော့သည်။

"အသုံးမကျဘူးတဲ့လား ရှင်ကရောဘာတွေများအသုံးကျနေလို့လဲ ရှင်ဒီအထိရောက်လာအောင်ဘယ်လိုနည်းတွေသုံးခဲ့လဲဆိုတာ ကျွန်မအသိဆုံးပါ ကျွန်မတို့ကဘာတွေများကွာခြားနေလို့လဲ ပြောရရင် ရှင်က ကျွန်မထက်ပိုနှိမ့်ကျတဲ့နည်းလမ်းကိုတောင်သုံးခဲ့သေးတာပဲ ကိုယ့်သွေးသားကိုတောင်မချန်ရက်စက်နိုင်ခဲ့ပြီးတော့..."

"ပါးစပ်ပိတ်စမ်း နင်မမေ့နဲ့ နင့်ကို ဒီအခြေနေထိရောက်အောင်ကူညီပေးခဲ့တာဘယ်သူဆိုတာ"

စုနန်အသံတိတ်သာရယ်လိုက်ရင်းသူမဒါဏ်ယာကိုဖိနှိမ့်လိုက်ကာ သူမရဲ့ခက်ထန်တဲ့အသံနှင့်
"ထားလိုက်တော့ ပိုင်ကျွယ်က သူလျိုတွေအကုန်လုံးကိုမိသွားပြီ အခုသူ့ကိုတိုက်ခိုက်ဖို့နည်းလမ်းမရှိတော့ဘူး ရှေ့ဆက်ဘယ်လိုလုပ်မယ်လို့ရှင်စီစဉ်ထာစလဲ"

ထိုပုဂ္ဂိုလ်သည် မဲ့ပြုံး ပြုံးလိုက်၍
"သူလျိုတွေလွှတ်ထားတာက သူ့အားနည်းချက်ကိုသိရဖို့ပဲ သေသွားလဲနှမျောစရာမရှိပါဘူး နင်မမေ့နဲ့သူကမိစ္ဆာဘုရင်
သူလျိုတွေကိုသူ သတိမထားမိတာကမှထူးဆန်းနေလိမ့်မယ်

ပိုင်ကျွယ်ကိုတိုက်ခိုက်နိုင်ဖို့နည်းလမ်းတွေက အများကြီးပဲ ခက်တာကဘယ်လိုပဲတိုက်ခိုက်တိုက်ခိုက်ပိုင်ကျွယ်အတွက်စာမဖွဲ့ဘူးအရေးကြီးဆုံးက ပိုင်ကျွယ်ကိုဘယ်လိုအားနည်းအောင်လုပ်မလဲဆိုတာ

ဗီလိန်မမပဲလုပ်ချင်တယ်Tempat cerita menjadi hidup. Temukan sekarang