ရှောင်ရွှယ်မျက်ခင်းပြင်ပေါ်တွင်ခြေပြစ်လက်ပြစ်လှဲချနေပြီး သူမပါးစပ်ကမောဟိုက်သည့်အသံဖြင့်
"မရတော့ဘူး...မရ..တော့ဘူး..ဒါ..ငါခံ..နိုင်ရည်..အကန့်သန့်အကုန်ပဲ..ငါ...တကယ်..မ..ရတော့ဘူး"ရှင်းယွမ်ပျင်းရိစွာမျက်လုံးကိုလှန်လိုက်ရင်း
"ငါတို့လေ့ကျင့်နေတနေ့တစ်ဝက်တောင်မရောက်သေးဘူး နင်ကသေမလိုဖြစ်နေပြီလား နင်တကယ်အားနည်းတာပဲ"ရှောင်ရွှယ်လေကိုအငမ်းမရရူသွင်းပြီးနောက် သူမကုန်းရုံးထလိုက်ကာ
"ငါပြောထားတယ်လေ ငါက ကောင်ကင်ဘုံမှာရှိတဲ့အရာအားလုံးထက်အားနည်းတယ်လို့ ပြီးတော့ နင်ကဒီလောက်အသေကြေတိုက်နေရအောင် နင်နဲ့ငါနဲ့လေ့ကျင့်နေတာနော် ငါတို့ပညာပြိုင်နေတာမဟုတ်ဘူး"ရှင်းယွမ်ရှောင်ရွှယ်ရဲ့စကားတွေကိုနားထောင်နေရင်း မျက်ခင်းပြင်ပေါ်ထိုင်ချလိုက်ကာ သူမရဲ့ဝိုင်းဆက်ပြီးညှို့ငင်အားကောင်းတဲ့မျက်ဝန်းတွေနဲ့ ရှောင်ရွှယ်ကိုစိုက်ကြည့်လိုက်ပြီး
"တကယ်လို့နင့်နဲ့ငါပြိုင်ရင် နင်ဒီလိုစကားပြောနိုင်အုံးမယ်လို့နင်ထင်လား"ရှောင်ရွှယ်သူမရင်ဘက်ထဲကနှလုံးသားတွေတစ်ဆဆီကျေကွဲသံကိုသူမနားထဲကကြားယောင်မိလိုက်ပြီး သူမရှေ့က သူမထက်အနှစ်၁၀၀လောက်ငယ်တဲ့မိန်းကလေးကိုကြည့်လိုက်ပြီး
"နင်တကယ်ရက်စက်တာပဲ ငါတို့ကသူငယ်ချင်းတွေလေဟာ နင်ဘာလို့ငါ့အပေါ်ဒီလိုရက်စက်ရတာလဲ နင်နည်းနည်းပါးပါးငါ့ကိုညှင်သာပေးလို့မရဘူးလား အရှင့်သားတောင် ငါ့ကို ဒီလောက်မတင်းကျပ်ဘူးဖူး"
ရှင်းယွမ်မျက်နှာသေနှင့်ပဲ ရှောင်ရွှယ်ကိုစိုက်ကြည့်လျှက် ခေါင်းကိုသာအသာခါးရမ်းလျှက်
(အရှင့်သားရှင်းချန် ဒီနှစ်တွေအတွင်းနင့်ကိုဘယ်လိုများသီးခံခဲ့တာလဲငါတကယ်သိချင်တယ်)"အမွှေးတိုင်းတစ်တိုင်စာနားမယ် ပြီးရင်ဆက်လေ့ကျင့်မယ်"
ရှင်းယွမ်ထိုသို့ပြောလိုက်တာနှင့်တစ်ပြိုင်နက် ရှောင်ရွှယ်အရမ်းစိတ်သက်သာရာရတဲ့ပုံဆံပေါက်သွားကာ သူမလက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး
![](https://img.wattpad.com/cover/286401559-288-k900946.jpg)
VOCÊ ESTÁ LENDO
ဗီလိန်မမပဲလုပ်ချင်တယ်
Açãoရှင်းယွမ်တစ်ယောက် သူဖတ်နေတဲ့ဝတ္ထုထဲကိုမတော်တစ်ဆမူ့တစ်ခုကြောင့်သူမနဲ့နာမည်တူ အရန်ဗီလိန်ဇာတ်ကောင်လေးရဲ့ကိုယ်ထဲရောက်သွားသောအခါ ရှင်းယွမ် "fuck ဘယ်လိုဇာတ်လိုက်လဲ မပြတ်မသားနဲ့မိန်းမကလဲရှုပ်သေး နင်မင်းသမီးဆိုလဲအစထဲက လျိုရှင်းယွမ်နဲ့ခပ်ကင်းကင်နေပါလား ဘာလဲ အခ...