အပိုင်း- ၂၈(Z-U)

390 47 2
                                    

"Wow.. ဒါက ထျန်ယွမ်မြို့လား ဒါက လူပြည်ကမြို့တော်ထက်တောင်စည်ကားနေတာပဲ"

ရှောင်ရွှယ်က ရှင်းယွမ်ပုခုံးကိုဖက်လိုက်ပြီးတော့

"ဒါပေါ့ ငါနင့်ကိုထျန်းယွမ်ကအကောင်းဆုံးနေရာတွေကိုခေါ်သွားပေးအုံးမှာ"

ရှင်းယွမ်ကလဲရှောင်ရွှယ်ပုခုံးပြန်ဖက်လိုက်ပြီးတော့
"ကောင်းပြီလေသွားကြတာပေါ့"

သူမတို့ပျော်ရွှင်စွာထွက်သွားကြပေမဲ့ ထောင့်တစ်နေရာကစောင့်ကြည့်နေတဲ့မျက်လုံးတစ်ဆုံကိုတော့မမြင်သွားခဲ့

ပိုင်ကျွယ် သက်ပျင်းချလိုက်ကာ ရှင်းယွမ်ရဲ့​နောက်ကျောကိုကြည့်လိုက်ပြီး
"ရောက်တဲ့နေရာမှာအပေါင်းသင်းဆန့်တာပဲ ငါပဲသက်သက်မဲ့စိတ်ပူမိနေတာပဲ"

လို့ပြောကာ ထိုနေရာမှအနက်ရောင်အခိုးငွေ့အသွင်ပြောင်းပြီးပျောက်ကွယ်သွားတော့သည်။

ရှင်းယွမ်နဲ့ရှောင်ရွှယ် စားသောက်ဆိုင်တစ်ခုမှာသီးသန့်ခန်းတစ်ခန်းယူကာထိုအခန်းထဲတွင်

"ဒါထျန်းယွမ်ရဲ့နာမည်အကြီးဆုံးမက်မွန်ပန်းသေရည် တစ်ခါသောက်ရဖို့အရမ်းရှားပါးတာ ဒီတစ်ခါကံကောင်းလို့သာသောက်ရတာ"

ရှင်းယွမ်သေရည်ခွက်ကိုတစ်ကျိုက်ထဲမော့ချလိုပ်ပြီး

"ဟားး အရမ်းကောင်းတာပဲ ပါးစပ်ထဲမှာမွှေးပြီးနူးညံ့နေရော
ထျန်းယွမ်ရဲ့အကောင်းဆုံးသေရည်ဖြစ်နေတာမထူးဆန်းတော့ဘူး"

ရှောင်ရွှယ်သူမလဲသောက်လိုက်ပြီး ရှင်းယွမ်စကားကိုထောက်ခံတဲ့အနေနဲ့ခေါင်းညှိမ့်ပြလိုက်တော့သည်။

ရှင်းယွမ်သူမသောက်နေရင်း စိတ်ထဲခုနေတာတစ်ခုရှိတာနဲ့ သူမရှေ့ကရှောင်ရွှယ်ကို

"ငါမရှင်းတာတစ်ခုရှိလို့ မသေမျိုးစာမေးပွဲဆိုတာဘာလဲဟင်"

ရှောင်ရွှယ်သည် သောက်လက်စခွက်ကိုချလိုက်ပြီးတော့

"မသေမျိုးစာမေးပွဲက ဘယ်လိုပြောရမလဲ ငါတို့ကနတ်စွမ်းအင်နဲ့မွေးဖွားလာကြပေမဲ့ မျိုးနွယ်တွေမတူကြဘူး အဲ့တော့အားလုံးကိုနတ်သမီးလို့အလွယ်ကောက်ချက်ချလို့မရသလို မသေမျိုအဖြစ်မသတ်မှတ်နိုင်ကြဘူး

ဗီလိန်မမပဲလုပ်ချင်တယ်Where stories live. Discover now