အပိုင်း- ၂၉(Z-U)

397 49 4
                                    

"နတ်ဘုရားဘုံ..?"

ရှောင်ရွှယ်သည်စိတ်ရှည်စွာ ရှင်းယွမ်အားသူမသိသမျှအရာအားလုံးကိုရှင်းပြတော့သည်။

"တကယ်တော့ ကောင်းကင်ဘုံကအမြင့်ဆုံမဟုတ်ဘူး ကောင်ကင်ဘုံအထက်မှာနတ်ဘုရားဘုံဆိုတာရှိသေးတယ်

အရင်က လောကကြီးမှာသုံးဘုံပဲရှိတာမဟုတ်ဘူး ဝိညာဉ်ဘုံ နတ်ဘုရားဘုံ နတ်ဘုံ မိစ္ဆာလောက တစ္ဆေဘုံ သားရဲဘုံ လူ့ဘုံ များစွာရှိခဲ့တယ် ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်၁၀၀၀ကနတ်မိစ္ဆာဘုရင်ထန်းလင်ယွင်နဲ့ နတ်ဘုရားတွေနဲ့တိုက်ပွဲမှာ

မိစ္ဆာဘုရင်ထန်းလင်ယွင်ကလောကစွမ်အင်ကျောက်တိုင်ကိုဖြတ်ဆီခဲ့တာကြောင့် လောကကြီးကဘုံလောက အသီးသီးကိုထိခိုက်ပြတ်စီးစေခဲ့တယ်

ဒါကြောင့် လောကပါလနတ်ဘုရားမတစ်ဖြစ်လဲဖုန့်မျိုးနွယ်ရဲ့ဇာမဏီနတ်ဘုရားမနဲ့ရာသီဥတုလေးပါးထဲကနှင်းနဲ့သမီးကပူးပေါင်းပြီး ဇာမဏီနတ်ဘုရားမက မျိုးနွယ်စုစွမ်းအင်နဲ့နတ်ဘုရားစွမ်းအားတွေပေါင်းပြီး

လောကစွမ်းအင်ကျောက်တိုင်ကိုပြန်လည်ပြင်ဆင်ပြီး ဘုံအသီးသီးကိုပေါင်းလိုက်ပြီး လောကသုံးခုပဲကျန်စေခဲ့တယ်
ကျန်တဲ့သုံး​လောကကတော့ငါတို့သိတဲ့ ကောင်းကင်ဘုံ လူပြည်နဲ့ မိစ္ဆာလောကတွေပဲပေါ့

အဲ့အချိန်ကစစိနတ်ဘုရားနဲ့မိစ္ဆာဘုရင်ထန်လင်ယွင်နဲ့တော်တော်လေးပျင်းပျင်းထန်ထန်တိုက်ခိုက်ခဲ့တာ ဒါပေမဲ့ ထန်လင်ယွင်ကအသာစီးရခဲ့တယ် လောကပါလနတ်ဘုရားမနဲ့နှင်းနတ်သမီးကြောင့်တာမဟုတ်ရင်အခုဆိုအရာအားလုံးပြတ်စီးကုန်လောက်ပြီ"

"အစကမိစ္ဆာဘုရင် ထန်လင်ယွင်က စိတ်သဘောထားပြည့်ဝတဲ့နတ်ဘုရားတစ်ပါးပဲ ဒါပေမဲ့တစ်နေ့မှာဘာကြောင့်မှန်မသိသူ့စရိုက်နဲ့ဆန့်ကျင်ဘက်အနေထားကိုပြောင်းလဲလာပြီး လောကကြီးကိုဖြတ်ဆီချင်ခဲ့လဲဆိုတာငါစဉ်းစားလို့မရဘူး"

ရှင်းယွမ်တိတ်တဆိတ်နားထောင်နေပြီးနောက်
"ငါသိထားတာက လောကပါလနတ်ဘုရားမခေါ်ဇာမဏီနတ်ဘုရားမရဲ့စွမ်းအင်က လွန်ခဲ့တဲ့နှစ်၅၀၀ကမှပျောက်ကွယ်သွားတာဆို ကြားထဲကနှစ်ပေါင်း၅၀၀ကြီးတောင်ကွာနေတယ် ပြီးတော့စစ်နတ်ဘုရားရယ်နှင်းနတ်သမီးရယ်သူတို့ကောအခုဘယ်မှာလဲ မိစ္ဆာဘုရင်ထန်လင်ယွင်ကကောသေ သွားတာလား ဒါမှမဟုတ်ရှိနေတုန်းပဲလား"

ဗီလိန်မမပဲလုပ်ချင်တယ်Donde viven las historias. Descúbrelo ahora