အပိုင်း-၃၄(Z-U)

323 40 2
                                    

"စုနန် မင်းငါ့ကိုစိတ်မပြတ်စေဘူးပဲ မင်းပိုင်လင်နန်းဆောင်ကိုရောက်တာမကြာသေးပေမဲ့မင်းပါရမီကြောင့် တိုးတပ်တာမြန်သားပဲ"

စုနန်သည်ပျော်ရွှင်သွားကာ
"အရှင်မရဲ့သင်ပြမူ့တွေကြောင့်သာမဟုတ်ရင် စုနန်ဒီလိုမြန်မြန်တိုတပ်မှာမဟုတ်လောက်ဘူး"

နှင်းနတ်သမီးကနူးညံ့စွာပြုံးလိုက်ကာ စုနန်ခေါင်းကိုခပ်ဖွဖွလေးပုတ်ပေးလိုက်ပြီး
"အရမ်းနှိမ့်ချဖို့မလိုပါဘူး"

"ရှောင်ရွှယ်.."

စုနန်နဲ့နှင်းနတ်သမီးတပြိုင်နဲ့နန်းဆောင်တခါးဝကိုကြည့်လိုက်၍ စုနန်သည် ထိုင်နေရာမှအမြန်ထကာ ယဉ်ကျေးမူ့ရှိစွာဂါရဝပြုလိုက်ပြီး

"ဆောင်းဦးနတ်သမီးကိုအရိုသေပေးပါတယ်"

ဆောင်းဦးနတ်သမီးသည် စုနန်နှုတ်ဆက်တာကိုအသိမှတ်ပြု၍ခေါင်းညှိမ့်ပြလိုက်ပြီထို့နောက်သူမအား ရှောင်ရွှယ်နှင့်သူမသီးသန့်စကားပြောရန်အပြင်သို့ထွက်ခိုင်းလိုက်တော့သည်။

ဆောင်းဦးနတ်သမီးနှင်နှင်းနတ်သမီးက ရာသီဥတုတစ်ခုထဲကိုအုပ်ချုပ်စီမံရတဲ့ ဥတုနတ်ဘုရားများဖြစ်သည် သို့ရာတွင်သူမတို့နှစ်ယောက်ကတစ်ချိန်ထဲပေါ်ပေါက်လာ၍ ညီအမဟုခံယူထားကြတာဖြစ်ပြီး သူမတို့ရဲ့ပေါ်ပေါက်မူ့က ဘိုးဘေးနတ်ဘုရားများရဲ့အလိုလား ဒီအတိုင်မတော်တဆမူ့တစ်ခုလားဆိုတာတော့မည်သူမှမသိပေ သို့ပေမဲ့သူမတို့နှစ်ယောက်ကတော့အမြဲစည်းလုံးပြီးသင့်သင့်မြတ်မြတ်ရှိကြလေသည်။

"သူလားနှင်းနတ်သမီးခေါ်လာတာ"

"နှိမ့်ကျတဲ့နယ်မြေကလာပြီးငါတို့နဲ့တန်းတူလာနေရဲသေးတယ်"

"ဟုတ်ပ ဘယ်လိုမာယာတွေနဲ့နှင်းနတ်သမီးကိုဖျားယောင်းထားလဲမသိဘူး"

စုနန်တည်းတိုးပြောနေတဲ့အသံတွေကိုလျှစ်လျူပြီး သူမလုပ်ရမြည်ကိုသာအားယုံစိုက်ကာလုပ်နေသည်။

သူမသူတို့ရဲ့စကားများကိုခွန်းတုန့်မပြန်သော်လဲသူမရင်ထဲမှာတော့အနည်းနဲ့အများသူမကိုယ်တိုင်မသိလိုက်ပဲမှတ်ထားမိနေသည်။ သူမစိတ်ထဲမှာ တစ်နေ့သူမသူတို့အားလုံးထက်သာရမည် ထိုနေရာကိုရောက်ဖို့သူမပိုကြိုးစားရပေမည်ထို့ကြောင့် ဒီစကားများကိုသူမအာယုံစိုက်ဖို့မအားပေ သူမအချိန်ပြည့်စာကြည့်စောင်ထဲမှာစာအုပ်များအားလေ့လာပြီး
ကျန်တဲ့အချိန်များကိုခေ့ကျင့်တဲ့နေရာမှအသုံးချတတ်သည် တနေ့ထက်တနေ့သူမ ပိုပြီးသန်မာလာဖို့သာအာယုံစိုက်နေပြီးသူမကိုယ်သူမတောင်မေ့ရော့တဲ့ထိဖြစ်လာပြီး ပိုပိုပြီးစွမ်းအင်များအားလောဘတက်လာမိလေသည်။

ဗီလိန်မမပဲလုပ်ချင်တယ်Where stories live. Discover now