ပိုင်ကျွယ်သူမျက်ခုံးနှစ်ခုကြားကိုလက်နဲ့ဖိနှိပ်လိုက်ပြီး သက်ပျင်းချမိလိုက်သည်။
သူရှင်းယွမ်နဲ့စတွေ့ထဲက သူမကထူးခြားပြီး မြင့်မားတဲ့စွမ်းရည်တွေရှိနေတာကိုသူရိပ်မိသည် ထို့ကြောင့်ပဲသူမဆီကိုသူချည်းကပ်ခဲ့တာဖြစ်ပြီး သူမနဲ့နီးစပ်ခဲ့တာဖြစ်သည်။
ဒါပေမဲ့သူမက ဒီလောက်ထိမြင့်မားတဲ့စွမ်ရည်တွေရှိနေလိမ့်မယ်လို့တော့မမျှော်လင့်ခဲ့ပေ ဒါကသူမဆီ အန္တရာယ်များခေါ်ဆောင်လာပေးနိုင်ပြီး သူမကိုအားလုံးရဲ့ပြစ်မှတ်ဖြစ်သွားစေလိမ့်မည်။
ရှင်းယွမ်အစကပိုင်ကျွယ်ရဲ့အပြုမူတွေကိုသဘောမပေါက်ပေမဲ့သူမကထက်မြတ်သူမို့အများကြီးမတွေးလိုက်ရပေ ပိုင်ကျွယ်ကသူမကိုစိတ်ပူနေတယ်ဆိုတာသူမသဘောပေါက်သွားပြီး
သူမရင်ထဲနွေးခနည်းဖြစ်သွားပြီးကျေနပ်မူ့အပြည့်နဲ့ပြုံးမိလိုက်သည် သူမအချစ်ဆိုတဲ့အရာကိုမခံစားခဲ့ဘူးပေ ဘဝရှင်သန်ရေးအတွက်ပဲနေစဉ်ရုန်းကန်နေခဲ့ရတာဖြစ်သည်။
ရှင်းယွမ် ပိုင်ကျွယ်ပုခုံးပေါ့လက်နဲ့ပေါ့ပေါ့ပါးပါးအမူရာနဲ့နှစ်ချက်ပုတ်လိုက်ကာ
"အရမ်းမဆိုးရိန်နေပါနဲ့ကျွန်မကိုယ်ကျွန်မကာကွယ်နိုင်ပါတယ်"
ပိုင်ကျွယ် ရှင်းယွမ်သူမကိုယ်သူမကာကွယ်နိုင်မယ်ဆိုတာသိသည် ဒါပေမဲ့ ကောက်ကျစ်စဉ်စလဲတဲ့သူတွေကတော့သူမကိုအသုံးချဖို့ကြိုးစားမြည် သူတို့အတွက်အကျိုးမရလျှင်သူမအား
တိုက်ခိုက်လိမ့်မည်ဖြစ်သည်။ရှင်းယွမ်ပူပန်နေတဲ့ပိုင်ကျွယ်ကိုကြည့်ပြီး ပြုံးကာမျက်လုံးလှန်လိုက်၍ ပိုင်ကျွယ်နားတိုးကပ်သွားကာ သူမခြေဖျားထောက်လိုက်ပြီး သူမနှုက်ခမ်းနဲ့ပိုင်ကျွယ်ပါးပြင်ကိုထိကပ်စေလိုက်သည်။
ပိုင်ကျွယ်အံအားသင့်သွား၍ မျက်ဝန်းများဝိုင်းစက်သွားပြီး ရှင်းယွမ်သူနဲ့ထိကပ်နေတာပြန်ခွာလိုက်ပြီးနောက် ပိုင်ကျွယ်ရှင်းယွမ်အား နောက်ဆုတ်ခွင့်မပေးတော့ပဲ သူမခါးကိုပွေ့ဖက်လိုက်၍
"မမလေးလျိုမင်း ဒီလိုလုပ်တာအိပ်နေတဲ့ကျားကိုနှိုးနေတယ်ဆိုတာသိရဲ့လား"
![](https://img.wattpad.com/cover/286401559-288-k900946.jpg)
VOCÊ ESTÁ LENDO
ဗီလိန်မမပဲလုပ်ချင်တယ်
Açãoရှင်းယွမ်တစ်ယောက် သူဖတ်နေတဲ့ဝတ္ထုထဲကိုမတော်တစ်ဆမူ့တစ်ခုကြောင့်သူမနဲ့နာမည်တူ အရန်ဗီလိန်ဇာတ်ကောင်လေးရဲ့ကိုယ်ထဲရောက်သွားသောအခါ ရှင်းယွမ် "fuck ဘယ်လိုဇာတ်လိုက်လဲ မပြတ်မသားနဲ့မိန်းမကလဲရှုပ်သေး နင်မင်းသမီးဆိုလဲအစထဲက လျိုရှင်းယွမ်နဲ့ခပ်ကင်းကင်နေပါလား ဘာလဲ အခ...