အပိုင်း- ၃၉(Z-U)

283 26 0
                                    

ဒီအပိုင်းကိုပြီးတာနဲ့မထွက်လိုက်နဲ့နော်အောက်မှာငယ်တို့အတွက်လက်ဆောင်ပါတယ်😊

........................

"ရှင်..ရှင့်ကိုယ်ရှင်ထန်လင်ယွင်ပြန်လည်မွေးဖွားတယ်လို့မထင်ဘူးလား"

သူတို့နှစ်ယောက်ရေထဲတွင်အထန်ကြာအောင်နှစ်ယောက်လုံးတိတ်ဆိတ်နေပြီး ရှင်းယွမ်မှသူမစိတ်ထဲသိချင်စိတ်ကိုထိန်းမရပဲ ပိုင်ကျွယ်အားထိုမေးခွန်းအားမေးလိုက်တော့သည်။

ပိုင်ကျွယ်ချက်ချင်းပြန်မဖြေပဲအသာရယ်လိုက်၍
"မဖြစ်နိုင်ဘူး"

"ဘာလို့လဲ ရှင်ကအရည်ချင်းလဲရှိတယ် ထက်မြတ်တယ်ဉာဏ်ကောင်းတယ် စွမ်အားကလဲပြောဖို့မလိုဘူး ပြီးတော့..."
ထို့နောက်ရှင်းယွမ်စကားခနရပ်လိုက်ပြီး "ချောတယ်"လို့ပြောလိုက်ကာသူမစကားကိုရပ်တန့်လိုက်တော့သည်။ထိုအချိန်သူမမျက်နှာက ပန်းရောင်သန်းနေပြီးအနည်းငယ်ရှက်သွေးဖြာလျှက်ရှိနေကာ ခေါင်ကိုလဲငုံထားသေးသည်။

ပိုင်ကျွယ်က ရှင်းယွမ်သူအားအမွန်းတင်ပြောဆိုနေတာကိုသဘောကျစွာ ရယ်လိုက်ပြီး ရှက်သွေးဖျာနေတဲ့သူ၏့ ဇနီးအသစ်စက်စက်လေးအားအသဲယားစွာပွေ့ဖက်လိုက်တော့သည်။

သို့ပေမဲ့ရှင်းယွမ်ပြောတာတွေကသူမလျှောက်ပြောသည်မဟုတ် သူမပြောတဲ့အရာတွေအကုန်လုံးကပိုင်ကျွယ်မှာရှိနေသည်။

"ရှင်ကျွန်မကိုအသက်ရူကျပ်ပြီးသေအောင်လုပ်နေတာလား လွတ်အုံး..လွှတ်"

ထိုအချိန်မှပိုင်ကျွယ် တင်းတင်းကျပ်ကျပ်ပွေ့ဖက်ထားတာကိုအနည်းငယ်ဖြေလျော့ပေးလိုက်ပြီး ရှင်းယွမ်ပါးအားနူးညံစွာနမ်းလိုက်ပြီး

"မင်းကအရမ်းအသဲယားစရာကောင်းနေတော့ကိုယ်ဘယ်လိုလုပ်စိတ်ထိန်းနိုင်ပါ့မလဲ တကယ်ဆို မင်းကိုဘယ်သူမှမမြင်နိုင်အောင်တောင်သော့ခက်ပြီးသိမ်းထားချင်သေးတာ တခြားယောက်ျားတွေမင်းကိုကြည့်ရင်ကိုယ်သူတို့မျက်လုံးတွေကိုဖောက်ထုတ်ပြစ်ချင်တယ် အဆိုးဆုံးက မင်းရဲ့ဆရာတူမောင်လေးပဲ"

ပိုင်ကျွယ်တခြားအကြောင်းတွေပြောနေချိန် ပုံမှန်သာဖြစ်ပြီး ယွီရှင်းအကြောင်းပါလာချိန်မှာအနည်းငယ်ကျောချမ်းဖို့ကောင်းနေသည်။

ဗီလိန်မမပဲလုပ်ချင်တယ်Donde viven las historias. Descúbrelo ahora