အပိုင်း- ၁၉(Z-U)

622 64 1
                                    

ကုယွင် ကရှင်းယွမ်ခါချသွားတဲ့သူ့လက်ကိုကြည့်ကာ အလိုမကျစွာသက်ပျင်းချလိုက်ပြီး သူ့ကိုတို့ခိုက်ဖို့ပြင်နေတဲ့အနီးနားရှိပင်ကူများကို လက်တောင်တစ်ချက်မလှုပ်ပဲလေထဲမှာပင်ဖောက်ခွဲပလိုက်လေသည်။

(ကိုယ့်နေရာကိုယ်မသိဘူး ငါကိုယ်တော်ကို ဒီလောက်နဲ့ထိခိုက်အောင်လုပ်နိုင်မယ်ထင်နေတာပဲ)

ရှင်းယွမ်သည် ကုယွင်ရဲ့အစွမ်းကိုမြင်ပြီး တိုက်ခိုက်နေရင်းတန်းလန်းနဲ့ ကုယွမ်ဘက်ကိုလှည့်ကာ လက်မထောင်ပြလိုက်ကာ

"Wow! ရှင်အရမ်းတော်တာပဲ"

ကုယွင် ရှင်းယွမ်းအနောက်သို့လက်ညှိုးထိုးကာ
"အနောက်မှသတိထား"

ရှင်းယွမ်သည်အနောက်ကအရာကိုအလျှင်မြန်ပဲရှောင်လိုက်ကာ ထိုလူခေါင်အရွယ်စားလောက်ရှိတဲ့ပင်ကူသည်မြေပြင်ပေါ်ကိုပြုတ်ကျကာ သူတန်ပြန်မတိုက်ခိုက်နိုင်ခင် ရှင်းယွမ်ကလက်ဦး ကာ ဓားကိုလက်နှစ်ဖက်နဲ့တင်ကျပ်စွာကိုင်ကာ

သူမဓားကိုပင်ကုကိုယ်ထဲစိုက်ဝင်သွားယုံသာမကမြေကြီးထဲထိပါစိုက်ဝင်အောင်ထိုးချလိုက်တော့သည်။

ရှင်းယွမ် ဓားကိုပြန်နှုတ်လိုက်ပြီး ဘေးပတ်ပတ်လည်ကိုအကဲခက်ကာ ပင်ကူများပိုများလာတာကိုသတိမိလာပြီသူမသည်ခနတာတွေးကာ

တခြားဂိုဏ်းသားများ ဆီကိုသွားရောက်ကူညီလိုက်ပြီး လူအမြန်ပြန်ဆုကာ ယွီရှင်းတို့ကို တွေ့တော့

"ဆရာတူမောင်လေး မင်းအကုန်လုံးကိုခေါ်ပြီအမြန်သွားတော့ငါဆက်ထိန်းထားမယ် မဟုတ်ရင်အကုန်သေကုန်လိမ့်မယ်

ငါထင်သလောက်တော့ အခုငါတို့တွေ့နေတာသာမန်မကောင်းဆိုးဝါးမဟုတ်ဘူး"

"ဒါပေမဲ့ဆရာတူအမ အမတစ်ယောက်ထဲနိုင်လို့လား"

"အမလျိုအကိုယွီပြောတာမှန်တယ် အမ အမတစ်ယောက်ထဲမနိုင်လောက်ဘူး"

ရှင်းယွမ် စိတ်မရှည်စွာ
"ငါသွားဆိုသွား ငါမင်းတို့အားလုံးနဲ့ရှင်ရင်စွမ်းအားအမြင့်ဆုံးပဲ
ငါက မင်းတို့ထက်အကြီး လျိုဂိုဏ်းကလူတွေကိုကာကွယ်ဖို့ငါ့တာဝန် မင်းကြည့် မင်းရဲ့ဆရာတူမောင်လေးနဲ့ဆရာတူညီမလေးတွေကို သူတို့ကိုသေစေချင်လို့လား"

ဗီလိန်မမပဲလုပ်ချင်တယ်Donde viven las historias. Descúbrelo ahora