အပိုင်း- ၃၃(Z-U)

379 30 0
                                    

"စုနန် မင်း...."

ထိုလူသူကျမ်းပြင်ပေါ်တွင်အင်အားချိနဲ့စွာမှောက်ရက်လှဲနေပြီး
သူနဲ့မလှမ်းမကမ်းမှာရှိတဲ့ ရွှေဝါရောင်တောက်တောက်ဝတ်ဆုံနဲ့အမျိုးသမီးကတော့ ကောက်ကျစ်စွာပြုံးကာထိုလူကိုယ်ထဲမှစွမ်အင်းတွေကိုစုပ်ယူနေပြီး သူမစွမ်းအင်များစုစည်းလို့ပြီးသွားတော့ ထရပ်လိုက်ကာ

မှောက်ရပ်လှဲတဲ့ထိုသူရှေ့ကိုလှပကျော့ရှင်းစွာတစ်လှမ်းချင်းလျှောက်သွားလိုက်ပြီး ထိုလူခန္ဓာကိုယ်ကို ခြေထောက်တစ်ဖက်နဲ့ဖိနင်းလိုက်ကာ

"ငါနာမည်က နင်တို့ခေါ်ချင်တိုင်းခေါ်လို့မရဘူး ငါကကောင်းကင်မိဖုရား"

အနင်းခံထားရတဲ့လူသည် အားအင်ချိနဲ့နေသောလဲ ကျယ်လောင်စွာလှောင်ရယ်လိုက်ကာ
"ကောင်ကင်မိဖုရား ဟားဟာ့ဟား စုနန် မင်းကိုယ်ပေါ်တန်ဆာတွေဘယ်လောက်ဆင်ဆင် ကျီးကန်းက ကျီးကန်းပါပဲ
အဲ့အချိန်ကသာကံကောင်းထောက်မပြီး နှင်းနတ်သမီးကမင်းကိုပညာသင်ဖို့မခေါ်ယူခဲ့ဘူးဆိုရင် မင်းအခုလိုအခြေနေမျိုးရှိနေမှာမဟုတ်ဘူး တကယ်ရီရတာပဲ"

ကောင်ကင်မိဖုရားစုနန်သည် ဒေါသထွက်သွားကာ သူခြေထောက်အောက်ကလူကို ပိုပြီးပျင်းပျင်းထန်ထန်ထပ်မန်ဖိနင်းလိုက်ပြီး

"နှင်းနတ်သမီး တစ်ခါလာလဲနှင်းနတ်သမီး နှစ်ခါလာလဲနှင်းနတ်သမီး သူမ မရှိတော့ဘူး သေသွားပြီလောကကြီးထဲထပ်ပေါ်မလာနိုင်တော့ဘူး အဲ့လိုပဲ နင့်တို့ရဲ့ လေးစားရပါတယ်ဆိုတဲ့ ထန်လင်ယွင်လဲပြန်မပေါ်လာနိုင်တော့ဘူး

နတ်ဘုရားတွေအကုန် နိဂုန်းချုပ်သွားပြီ အခုငါကသာ လောကကြီးကိုချယ်လှယ်အုပ်ချုပ်မှာ အဲ့အချိန်ရောက်ဖို့ နည်းနည်းလေး နည်းနည်းလေးပဲ လိုတော့တယ် ငါသာငရဲမီးတောက်ကိုထိန်းချုပ်နိုင်သွားရင်အရာအားလုံးငါ့လက်ထဲမှာပဲ အဲ့အတွက် မင်းတို့လိုပုရွတ်ဆိတ်လေးတွေကိုစတေးရမယ် ဂုဏ်ယူလိုက်စမ်းပါ ငါမင်းတို့ကိုအမှတ်ရနေမှာပါ"

ထိုလူသည်သေခါဆဲဆဲဖစ်နေသောလဲ လောဘအပြည့်နဲ့လောကကြီးကိုလိုချင်နေတဲ့သူမအား လှောင်ရယ်ဖို့မမေ့ ထို့နောက်သူ့ရဲ့ဖျော့တော့လှတဲ့အသံနဲ့
"မင်းကပေါ့လေ ငရဲမီးတောက်ကိုထိန်းချုပ်မယ် ဖွီးး
မင်းကပေါ့လေ လောကဘုံအကုန်လုံးမှာ ငရဲမီးတောက်ကိုထိန်းချုပ်နိုင်တာ လေးစားရတဲ့အရှင်ထန်လင်ယွင်ပဲရှိတယ် မင်းကလေမဖြစ်နိုင်တဲ့အိမ်မက်တွေမက်နေတာပဲ

ဗီလိန်မမပဲလုပ်ချင်တယ်Where stories live. Discover now