အပိုင်း- ၁၇(Z-U)

660 76 3
                                    

နောက်တရက်တွင်ယွီရှင်းသည် အဖွဲ့သို့ဦးဆောင်ကာ ဂိုဏ်းပေါင်းဆုံ ပြန်လည်စုဝေးမဲ့နေရာသို့ အားလုံးခေါ်ကာခရီးဆက်ခဲ့သည်။

ရှင်းယွမ်က လမ်းလျှောက်နေရင်းမြက်ပင်လေးတပင်ကိုလက်ထဲမှာဆော့ကစားနေပြီး ဘေးဘီကရူ့ခင်းတွေကိုငေးကြည့်ကာ ဖြေးဖြေးချင်းလျှောက်နေလေသည်။

သူမဘေးမှကုယွင်က သူမကိုကြည့်ကာပြုံးလိုက်ပြီး

"မမလေးယွမ် မင်းကြည့်ရတာပေါ့ပါးနေတာပဲနော် တခြားမိန်းကလေးတွေနဲ့မတူဘူး သူတို့ကိုကြည့်ရတာတစ်ယောက်နဲ့တစ်ယောက်အပြုမူတွေအရမ်းတူညီနေပြီး အပြောဆိုကိုဂရုစိုက်ကြတယ် မင်းကမင်းကိုတခြားသူတွေဝေဖန်မှာလဲဂရုမစိုက်ပုံပဲ"

ရှင်းယွမ်သည်ကုယွင်ပြောတာကိုနာထောင်ပြီးနောက်ရယ်လိုက်ပြီး
"ကျွန်မကဘာလို့သူများဝေဖန်တာကိုဂရုစိုက်နေရမှာလဲ ပြီးတော့.... ဘာလို့အပြုမူကိုအရမ်းဂရုစိုက်နေရမှာလဲ

ကျွန်မကအမြင်မတော်တာလုပ်နေတာလဲမဟုတ်ဘူးလေကိုယ့်ပါကိုလွှတ်လွှတ်လပ်လပ်နေတာပဲ ဘယ်သူ့ဂရုစိုက်ရမှာလဲ"

"ဒါပေမဲ့မိန်းကလေးတိုင်းကတခြားသူရဲ့အမြင်ကိုဂရုစိုက်နေကြရတယ်လေ လူတွေရဲ့အမြင်မှာအမြင်မတင့်ရင်ကဲ့ရဲ့ခံရမှာမင်းမကြောက်ဘူးလား"

ရှင်းယွမ်ကသက်ပျင်းချလိုက်ပြီး

"တခြားသူတွေရဲ့အမြင်ကိုဂရုစိုက်နေရင်အသက်တောင်ဝအောင်ရူလို့ရမှာမဟုတ်လောက်ဘူး"

ကုယွင်ကသူမစကားကိုထောက်ခံသလိုခေါင်းညှိမ့်လိုက်ကာအနည်းငယ်ကျေနပ်သလိုရယ်လိုက်တော့သည်။

ထို့နောက်သူတို့နှစ်ယောက်သည် တစ်လမ်းလုံးစကားမျာပြောလာကြပြီ တစ်ခါတလေရှင်းယွမ်ကမပျင်ရအောင်ဟာသလေးပါထည့်ပြောပြီးရယ်ရယ်မောမောနဲ့ခရီးဆက်ပြီးနောက် နေ့လယ်ရောက်ချိန်တွင် သူတို့သည်တစ်နေရာတွင်ခနနားလိုက်ကြသည်။

ရှင်းယွမ်ကသစ်ပင်တစ်ပင်အောက်တွင်ထိုင်လိုက်ပြီး ဘေးဘီကိုဝဲကည့်လိုက်ရာ

ပိုင်လီကျားကယွီရှင်းနဲ့အတူရှိ​နေပြီးပိုင်လီကျားက ဂရုစိုက်မူအပြည့်နဲ့ယွီရှင်းနှဖူးပေါ်ကချွေးတွေကိုသူမလက်ကိုင်ပုဝါလေးနဲ့သုတ်ပေးနေတာကိုတွေလိုက်ရသည်။

ဗီလိန်မမပဲလုပ်ချင်တယ်Where stories live. Discover now