အပိုင်း- ၂၂(Z-U)

626 66 14
                                    

ရှင်းယွမ်နဲ့ပိုင်လီကျား ရေစိမ်ပြီးပြန်လာပြီးနောက်သူမတို့နှစ်ယောက်အဆောင်မတူကြတာကြောင့် ပိုင်လီကျားသည်ရှင်းယွမ်ကိုနှုတ်ဆက်ကာပြန်သွားလေသည်။

ရှင်းယွမ်သူမနား​နေဆောင်သို့ပြန်လာတဲ့အချိန်တွင်နားထဲတိုက်ခိုက်သံတစ်ချို့ကြားရတာကြောင့်အသံလာရာဘက်ကိုသွားကြည့်လိုက်လေသည်။

နားနေအဆောက်ဦးနဲ့အလှမ်းဝေးတာကြောင့် ရှင်းယွမ်သွားနေရင်းနဲ့

"ဒီလောက်တောင်ရောက်နေပြီအရိပ်ယောင်မတွေ့သေးဘူး ငါ့နားဘယ်တုန်းကအဲ့လောက်အကြားအာယုံကောင်းသွားရတာလဲ"

ရှင်းယွမ်အနည်းငယ်လောက်ထပ်လျှောက်ပြီးတော့ရင်နီးနဲ့ကျောပြင်တစ်ခုကိုမြင်လိုက်ရသဖြင့် မရေရာစွာ

"ကုယွင်.."

ရှင်းယွမ်ရှေ့ကိုဆက်လျှောက်ဖို့လုပ်တော့ကုယွင်က

"မလာနဲ့ ဒီမှာ အန္တရာယ်များတယ်"

ကုယွင်သည် ရှင်းယွမ်ကို မရှိစေချင်ပေဒညပေမဲ့ရှင်းယွမ်ဒီနေရာကိုစိုက်စိုက်မြိုက်မြိုက်ရောက်လာတော့သူဟန့်တားယုံပဲတတ်နိုင်သည်။

ချင်းရှန်ကုယွင်အခြေနေကိုအကဲခက်လိုက်ပြီး ထို့နောက်သူ့ဘက်ကလက်လျှော့ကာ ဒီနေရာမှာအမြန်ပင်ပျောက်ကွယ်သွားတော့သည်။

ကုယွင်ရှင်းယွမ်အနားကိုအမြန်သွားလိုက်ကာ

"မင်းဘယ်လိုလုပ် ဒီကိုရောက်လာရတာလဲ"

"ကျွန်မ တိုက်ခိုက်သံတွေကြားလို့ ဆရာတူမောင်လေးညီတွေများတစ်ခုခုဖြစ်လားလို့လာကြည့်တာ ရှင်ဖြစ်နေမယ်လို့မထင်မိဘူး"

ကုယွင်သည် တစ်ချက်ညိမ်ကျသွားကာ သူတို့ယခုရှိနေတဲ့နေရာနှင့် ယာယီအဆောက်ဦးများနေရာအကွာဝေးကိုကြည့်လိုက်တော့သည်။

"ဒီလောက်အဝေးကြီးကို မင်း.."

တကယ်လို့သူတို့တိုက်ခိုက်သံကြယ်လောင်ရင်လဲ ဒီလောက် အကွာဝေးက တော်ယုံမကြားနိုင်လောက်ပေ ကုယွင်ကရှင်းယွမ်ကိုအကဲခက်သလိုကြည့်လိုက်တော့သည်။

ဗီလိန်မမပဲလုပ်ချင်တယ်Where stories live. Discover now