#Unicode
#လိုချင်တယ် ပိုင်ဆိုင်ချင်တယ် မင်းကို#
ညက ထိန်းချုပ်လို့မရတဲ့စိတ် အခုတော့
သူမဟုတ်တဲ့အတိုင်းဘဲ့ ညကအိမ်မက်ဆိုးထပ်မမက်လို့
ကျွန်တော်ကံကောင်းသွားတယ်ဘဲ့ပြောရမလား ။
စိတ္တဇလား စိတ်ရောဂါလား ဒါမှမဟုတ်ကျွန်တော်ရူးသွားတာလား
အကြိမ်ကြိမ်အခါခါပြန်စဉ်းစားတယ် ဘာအဖြေမှမထွက်လာခဲ့ ။
တစ်ခါတလေ ကိုယ့်ကိုကိုရော တရားမျှတမှုမရှိတဲ့လောကကြီးရော
သိတ်မုန်းတယ် ။"အဲ့ကောင်လေးကို သေသေချာချာစောင့်ကြည့်ထား
သူထိခိုက်မိတာတို့ဘာတို့ ငါဘာမှမကြားချင်ဘူး မမြင်ချင်ဘူး
ကြားလား "
"ဟုတ်ကဲ့ boss"
"ငါကိုဆင်ခြေပေးတာတွေလဲမလိုချင်ဘူး အကယ်၍ငါခိုင်းတဲ့အတိုင်းမဖြစ်လာ ရင် မင်းတို့အသက်ကို ဖက်နဲ့ထုပ်ထား သွားလို့ရပီး"
"ဟုတ်ကဲ့ boss"မင်းလေးကငါ့အပိုင်မကြာခင်ဖြစ်လာတော့မှာပါ
အချိန်ခဏလေးဘဲ့စောင့် ။ဘယ်တော့မှအလုပ်ကိစ္စမရှိဘဲ့နေ့ခင်းဘက်
အပြင်ထွက်လေ့မရှိတဲ့သူ
အခုတော့ တစ်ခုတည်းသောအရာက သူကို အပြင်ထွက်ဖို့
တိုက်တွန်းနေသည် ။
အဲ့တာ ဘာကြောင့်လဲဆိုတာ jkတစ်ယောက်သူကိုယ်သူနားမလည်ခဲ့။
______________________________________________
"ကောက်စိန်ရစ်စိန် မျက်နှာက မအီမသာနဲ့ ဘာဖြစ်လာတာလဲ"
"ဘာဖြစ်နေလို့လဲ ငါစိတ်ကောက်တာရစ်တာကို မင်းမကြိုက်ဘူးလား"
"နေမကောင်းဘူးမလား ပြစမ်း"ကျွန်တော်ကောင်းကောင်းသိတာပေါ့
သူနေမကောင်းဘူးဆိုတာ jmနေမကောင်းရင်
စကားကောင်းကောင်းမပြောဘူး အမြဲဘုကလန့် ရစ်မယ် ငိုမယ် ။"ဆေးသောက်ပီးပီးလား"
"ဟအင်း မင်းသိသိကြီးနဲ့ အိမ်မှာငါ့ကိုဂရုစိုက်တာ
ဘယ်သူရှိလို့လဲ ဟင့်"သူပြောတာလဲမှန်နေတာဘဲ့
jmကနေမကောင်းဖြစ်တဲ့အချိန်ဆိုရင် နွေးထွေးမှု ကြင်နာမှုယုယမှုတွေကို တအား လိုချင်တာ ။"အင်းပါ ခနနော် ငါဆေးသွားယူပေးမယ်"
"အွန်း"ထယ် လဲ ရေတစ်ခွက်နဲ့ဆေးတချို့ယူကာ
ပြန်ထွက်လာတယ်