#Unicode
သူ အသားနာအောင်လုပ်တိုင်း စိတ်နာမိတာတော့အမှန်ဘဲ့
သူကြောင့်ငိုရတိုင်း ပါးစပ်ကနေပြောမိတယ်
မုန်းတယ် မုန်းနိုင်အောင်ကြိုးစားမယ်
ပြောသာပြောတာ မမုန်းနိုင်ပါဘူး အစကတည်းက
ဘာဖြစ်လို့လဲ သူကျမှ ဘာလို့မုန်းမရဖြစ်နေတာလဲ ။
ဘာလို့သူကိုမှအရမ်းချစ်နေရတာလဲ ။ဘယ်မှာလဲ မုန်းမယ် ကြယ်ကလေးတွေ ဗူးအပြည့်ဖြစ်သွားရင်?
ပြောခဲ့တဲ့သူလေးက မေ့လျော့နေခဲ့တာတော့မဟုတ်ပါဘူး
သတိရလွန်းလို့...."jimin ဘာဖြစ်လို့ အဲ့ကြယ်ဗူးကို ပစ်ချလိုက်တာလဲ"
"မလိုချင်တော့လို့"
"လက်အနာခံပီးခေါက်ထားထားသွားပြန်ကောက်"
"သူခေါက်ထားထားလဲမဟုတ်ဘဲ့နဲ့"
"ပွစိပွစိနဲ့ ငါကြားတယ်နော်"
*ဒီစက္ကူကြယ်လေးတွေက
မျက်ရည်တွေ ဝမ်းနည်းမှုတွေနဲ့ခေါက်ထားတာ
သိမ်းထားလို့မကောင်းလောက်ဘူး
ပီးတော့ ကိုယ့်ကို မုန်းမယ်ဆိုတဲ့အရူးစိတ်နဲ့ ခေါက်ထားတာ
ဒီတစ်ခါတော့ကိုယ့်စကားနားမထောင်ပါရစေနဲ့ ။
ကြယ်လေးတွေက ဗူးတစ်ဝက်တောင်မရှိသေးပါဘူး
ကို ကြိုက်ရင် ထပ်ခေါက်ပေးမယ် အခုတော့ ဒီဗူးကိုပစ်ချပါရစေ*"ဟအင်း မင် ပစ်ချမှာ နောက်မှအသစ်ပြန်ခေါက်မယ်"
"jimin"သူနာမည် ခေါ်လိုက်တာနဲ့
ကြယ်ဗူးကိုဖွင့်ကာ အမှိုက်ညစ်ပတ်ပတ်တွေကြား
ထည့်လိုက်လေသည် ဒါကရော ဘာအပြုအမူလဲဒီတစ်ခါ မင် ရင်ဆိုင်လိုက်ရတာက Jeonရဲ့စိတ်ဆိုးနေတဲ့
အော်သံမဟုတ်ဘဲ့ အကြည့်တစ်ချက်သာJeon ကို ပြုံးစိစိလုပ်ကာ ပြန်ပြုံးပြနေသော Min
ဒါပေမယ့် Jeon ကတော့တစ်ချက်မျှမကြည့်ဘဲ့အခန်း
ထဲဝင်သွားလေသည်ကိုယ့်ရဲ့နှလုံးသားတစ်ခုလုံးကို မင် အပိုင်ဖြစ်အောင်လုပ်ပစ်မယ်
ဒါကို ယောကျာ်းလေးတစ်ယောက်လုပ်တဲ့အရာမဟုတ်ပေမယ့်
မင် ကိုယ့်ကိုယ် သူများလက်ထဲအပါမခံနိုင်ဘူး ကို ဘာကိုဘဲ့မုန်းမုန်း
မင် တစ်ယောက်ထဲကိုဘဲ့ချစ်နေရင်ရပီး ။
မင် မမုန်းနိုင်ခဲ့ဘူး မင်အရှုံးပေးပါတယ် ။
ဒါကြောင့်မို့ ရှုံးတဲ့အနေနဲ့ ကိုယ့် အချစ်ကိုပြန်ယူပါရစေ ။