#Unicode
"ချစ်တယ်.... "
"ဟအင်းမချစ်ဘူး..."
Jeon တစ်ယောက် သူရင်ခွင်ထဲမှာအိပ်စက်နေသောကောင်လေးကိုကြည့်ကာ အတွေးတွေသည် ယောက်ယက်ခက်စွာ သူဆုံးဖြတ်၍မရ
ဆုံးဖြတ်ရခက်နေခဲ့သည် ။
သူတကယ်ဘဲ့ ဒီကောင်လေးကိုချစ်မိနေတာလား။*ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူး
သူက ငါအမုန်းဆုံးလူရဲ့သားလေ ငါချစ်လို့မရဘူး*တိတ်ဆိတ်စွာ ကြိတ်ငိုနေမိသောသူမှာ Jeon သာ
သူငိုနေမိသည် ။ တင်းကျပ်စွာဖတ်ထားသော ရင်ခွင်ထဲက ကောင်လေးရဲ့ဆံပင်ကိုလဲ တရှုံရှုံနမ်းနေမိသည် ။ သူမခံစားနိုင်တော့ဘူး သူတကယ်ကိုပူလောင်နေပီး ။ အတိတ်ကအဖြစ်ဆိုးနဲ့အခုလက်ရှိအခြေအနေ
အတိတ်ကမြင်ကွင်းနဲ့ အခုလက်ရှိသူရင်ခွင်ထဲမှာအိပ်နေတဲ့ကောင်လေး"ချစ်တယ် jimin"
နင်နေသောစကားလေးတစ်ခွန်း
Jeon ပြောထွက်ဖို့ဝန်လေးနေခဲ့တာ
အခုတော့ ပြောခဲ့ပီးလေ ဒါပေမယ့်
အိပ်နေသောကောင်လေးက ကြားမည်မထင် ။ဘယ်ကတည်းက ချစ်တတ်သွားမှန်းမသိခဲ့
တစ်သက်လုံး အချစ်မရှိဘူး လို့သူကိုယ်သူထင်နေခဲ့တာ
အခုတော့သူရဲ့ တစ်ဦးတည်းသောအပိုင်လေး ကိုသူချစ်မိသွားပီး
ကိုယ့်ရဲ့ရန်သူရဲ့သားကိုမှ လက်စားချေရမယ့်လူရဲ့ သားကိုမှ
ကျွန်တော် မိဘနှစ်ပါးလုံးကို ရက်ရက်စက်စက်သတ်ခဲ့တဲ့လူရဲ့သားကိုမှ"ချစ်တယ် ဒါပေမယ့် ဒီစကားကို ငါမင်းကိုမပြောဘူး
အကယ်၍ ငါပြောလာခဲ့တဲ့တစ်နေ့ကျရင်လဲ မင်းလဲ
ငါ့ကိုမုန်းနေလောက်ပီး ။"Jeon မျက်ဝန်းတွေသည် နီရဲလာခဲ့ပီး
"ချစ်တယ် ဒါပေမယ့် မင်းအရှေ့မှာ
မင်းအဖေကို ငါကိုယ်တိုင်သတ်မယ်
မင်းမှာအပစ်မရှိတာသိပေမယ့် ငါခံစားခဲ့ရသလို
မင်းအဖေကိုရောမင်းကိုရော ခံစားကြည့်စေချင်တယ်
ချစ်နေပေမယ့် ခက်တယ် မင်းကိုချစ်တယ်လို့ပြောရဖို့
ငါ့ဘဝမှာအခက်ခဲဆုံးက မင်းကိုချစ်တယ်လို့ပြောဖို့ဘဲ့...."နီရဲနေသောမျက်ဝန်းကြား အမုန်းတွေကြောင့်ကျဆင်းလာသော
မျက်ရည်များ တစ်စက်ခြင်းဆီ ပါးပြင်ထပ်သို့နေရာယူနေသည်
အတိတ်ကဖြစ်ရပ်တစ်ချို့သည် jeonမျက်ဝန်းထဲ လျှပ်တပြတ်ဝင်
ရောက်လာခဲ့သည် Jeon သူစိတ်ကိုအတတ်နိုင်ဆုံးထိန်းထားခဲ့သည်