#Unicode
ရိုက်တော့လဲသူဘဲ့
ဆေးလိမ်းပေးပြန်တော့လဲသူဘဲ့
တောင်းပန်ပါတယ် တစ်မျိုးထဲဘဲ့နေပေးပါ
ခဗျာ ကျွန်တော်ကို ဂရုစိုက်ပေးလိုက်ပီးဆိုရင်
နောက်ထပ် အဲ့ဂရုစိုက်မှုကိုဘဲ့ ကျွန်တော် ထပ်လိုချင်နေလို့ ။"အရမ်းနာသွားလား"
ရိုက်ခဲ့မိတယ် ။ အမှန်တိုင်းပြောရရင် ကို မင်းကိုမရိုက်ရက်ဘူး
ဟောဒီမကောင်းတဲ့စိတ်ကြောင့် မင်းပါးလေးနာသွားရပီး ။"မနာဘူး "
မေးရက်တယ် မနာစရာလား နာတာပေါ့
ဒီပါးလေး ရိုက်ခံထိနေတာအကြိမ်အရေဘယ်လောက်ဘဲ့များများ
ခဗျာ ရိုက်တဲ့တစ်ချက်ကတော့ ပါးရော နှလုံးသားရော
တစ်ဆက်ဆက်နာကျင်ရတယ် ။"မင်းလိမ်နေတာ"
"မလိမ်ဘူး ကိုယ်ကိုmin မလိမ်ရဲဘူး "
"မနာဘူးဆို မင်းဘာလို့ မျက်ရည်ကျနေတာလဲ"
"နာလို့မဟုတ်ဘူး "။
ပြောရင်း သစ္စာမရှိတဲ့မျက်ရည်က ထပ်ကျလာသည်
ကျလာတာနဲ့ အကြမ်းပတမ်းသုတ်ခဲ့မိတယ်"ဖြည်းဖြည်းသုတ် မျက်နှာနီကုန်ပီး
ထမင်းစားတော့မလား "
"မစားတော့ဘူး အိပ်တော့မယ်"
"မစားလို့မရဘူး ဆေးသောက်ရမယ်"
"ရတယ် တရေးနိုးရင် ထသောက်လိုက်မယ် "
"..................."ပြောပီး တာနဲ့ အိပ်ချလိုက်သည်
စိတ်ဆိုးချင်ခဲ့သည် ဒါပေမယ့် မဆိုးရက်ခဲ့
မုန်းချင်ခဲ့သည် ဒါပေမယ့် မမုန်းရက်ခဲ့.........စီးကျနေသောမျက်ရည်တွေလဲ အထိန်းအကွပ်မဲ့စွာ
ဒီညတော့ ခေါင်းအုံးလေး စိုစွတ်ခဲ့ပြန်သည် ။သူကို ချစ်လားလို့ မေးခဲ့ရင်
ကျွန်တော်မချစ်ဘူးလို့ဘဲ့ဖြေမိမယ်
မုန်းလားလို့မေးရင်လဲ
ကျွန်တော်သူကိုမမုန်းဘူး
သူကိုမှမဟုတ်ဘူး ဘယ်သူကိုမှ မချစ်ခဲ့ဘူး
ကိုယ်ကိုယ်ကိုလဲမချစ်ဘူး ဒါပေမယ့် သူငိုရင်
ကျွန်တော် မနေတတ်ဘူး သူအသားနာသွားမှာကိုလဲ မလိုလားဘူး
စိတ်မထိန်းနိုင်လို့သာရိုက်မိသွားတာ သူအသက်မရှင်ခြင်းတော့ဘူးပြောတာ ကျွန်တော် မတ်တပ်တောင်ရပ်ဖို့အားမရှိတော့လောက်အောင်တုန်လှုပ်ခဲ့တယ် ။ မကြားချင်ဆုံးစကားက အဲ့စကားဘဲ့ တခြားသူပြောရင် ကိစ္စမရှိဘူး ဒါပေမယ့် သူပြောရင်တော့ စိတ်က ဘယ်လိုမှ ထိန်းချုပ်လို့မရအောင် ဒေါသထွက်တယ် ။ ဘာကြောင့်လဲဆိုတာတော့ စဉ်းစားလို့မရ ။