#Unicode
အခန်းထဲသို့ဖြာကျနေတဲ့ လအလင်းရောင်သည်
ပိုင်ဆိုင်မှုလေးကိုစိတ်ပူလို့ အိပ်မပျော်တဲ့ကောင်လေး
ကို အလင်းပေးထား သယောင်..."ကိုယ်တော့မပူပါဘူး "
နှာဖူးလေးကိုအသာအယာစမ်းကာ
တိုးတိုးလေးရေရွတ်လာတဲ့Jeonဒါပေမယ့် ဘယ်လိုဘဲ့ဖြစ်ဖြစ်သူအိပ်လို့မရပါ
ပိုင်ဆိုင်မှုလေးကိုစိတ်မချဖြစ်နေတဲ့ Jeon
ရင်ခွင်ထဲမှာ ငြီးညူးသံမရှိဘဲ့နှစ်နှစ်ခြိုက်ခြိုက်
အိပ်ပျော်နေတဲ့ပိုင်ဆိုင်မှုလေးကို ငေးကြည့်နေသည်မှာ
မျက်တောင် တောင်ခက်ပုံမရ ။"ပင်ပန်းသွားပီး ကိုယ့် အပိုင်လေး "
ပွင့်လင်းစွာပြောလာတဲ့သူနဲ့ မြိုသိပ်ထားရတဲ့သူက
ဘယ်သူပိုပင်ပန်းလဲ ? သေချာတာကတော့ မြိုသိပ်
ထားတဲ့သူကပိုပင်ပန်းတယ်ထင်တယ် ။
ပွင့်လင်းစွာ ပြောလာတဲ့သူကလဲ သူနည်းသူဟန်နဲ့ပင်ပန်းပါတယ်"နောက်တစ်ခါ မင် မျက်ရည်မကျစေရဘူး
မင် မျက်ရည်ကျဖို့ ကို ခွင့်မပြုတော့ဘူး"တစ်ဦးတည်းသောပိုင်ဆိုင်မှုလေးမို့
အချိန်တိုင်း အချိန်ပြည့် အပြုံးလေးတွေ
ဘဲ့မြင်ချင်တာ....Jeonရဲ့အတ္တလေးတစ်ခုပေါ့"အင်းးးဟင်းးးအိပ်မပျော်ဘူးလား...ကို"
တစ်ရေးနိုးလာသော ပိုင်ဆိုင်မှုလေး
ပိုင်ဆိုင်မှုလေးရဲ့ ပိုင်ရှင်ကတော့တစ်ရေးမှမအိပ်ရသေးပိုင်ဆိုင်မှုလေးရဲ့ အိပ်ချင်မူးတူး
အက်ကွဲကွဲအသံလေးသည် ချစ်ဖို့ကောင်းလွန်းလှသည်"အွန်းး"
"ဘယ်ကတည်း အိပ်မပျော်တာလဲ"
"မင် မအိပ်ခင် အနမ်းပေးပီးကတည်းက""နည်းနည်းလေးတောင်မအိပ်ရသေးဘူး"
ပိုင်ဆိုင်မှုလေးသည် Jeon
စကားကြောင့်လန့်လန့်ဖြန့်ဖြန့်ရယ်"အခုဘယ်နှစ်နာရီရှိပီးလဲ "
"ည 1နာရီ "
"ဘာဖြစ်လို့မအိပ်သေးတာလဲ
နေမကောင်းဖြစ်နေတဲ့ဟာ ""ကို ဘာမှမဖြစ်ပါဘူး "
တကယ်ကိုဘာမှမဖြစ်ခဲ့တာပါ မုန်းတယ် ဆိုတဲ့
စကားလေးကြောင့် ပြိုလဲခဲ့ရုံဘဲ့...