💔(part~23)💔U/Z

6K 350 27
                                    

#Unicode

သာယာတဲ့မနက်ခင်းတစ်ခုမှာ...
မိုးလင်းစောစောစီးစီး မြည်လာတဲ့ ဖုန်းကြောင့်
Jeonစိတ်တိုသွားခဲ့သည် ။
Jeon နိုးသွားလို့မဟုတ် သူရင်ခွင်ထဲမှာ အိမ်မောကျနေတဲ့
ကောင်လေး နိုးသွားမှာကြောက်လို့သာ

"ပြော"

"....."

"အေ ငါအခုဆင်းလာမယ်"

"....."

ရင်ခွင်ထဲမှာ အိမ်မောကျနေတဲ့ ချစ်ရသူကို
ဖြည်းဖြည်းချင်း ဖယ်ချဖို့လုပ်တော့
အတင်း ပြန်တိုးဝင်လာတဲ့သူကြောင့်

"အေ ခဏနေမှဆင်းလာမယ်
အဲ့တိုင်းထားထားလိုက် "

တီ့

Jeon စကားဆုံးတာနဲ့ဖုန်းချလိုက်တာကြောင့်
Jeon တပည့်တွေမှာ ကြောင်နေလျက်သား
ဘာမှပြန်မပြောနိုင်ခဲ့
အခုဆင်းလာမယ်တဲ့
တစ်စက္ကန့်တောင်မကြာ
ခဏနေမှဆင်းလာတော့မယ်တဲ့
အရင်ကJeon ceoကိုရှာပေးကြပါအုန်း

"မင် ထတော့လေ "

မင်ကို နိုးတဲ့အသံ သည် ပြောသာပြောနေတာ
ထွက်မလာ ။

"ကို မင် ကြောက်တယ် ဟင့်"
"မင်  ကိုရှိတယ်လေ မျက်လုံးဖွင့်ပါအုန်းကွာ"

အိမ်မက်ဆိုးထပ်မက်နေပြန်ပီး

"ဟင့်"
"မငိုရဘူးလေ ကိုပြောထားတယ်မလား
အိမ်မက်က အိမ်မက်ဘဲ့လို့နော် ပြန်အိပ်လိုက်နော်"
"မအိပ်ချင်တော့ဘူး "
"မင် အိပ်ရေးမဝသေးတာ ကိုသိတယ် ပြန်အိပ်လိုက်"
"မအိပ်ချင်တော့ဘူးဆို"

မင် အိပ်ရေးမဝသေးတာကြောင့်
စိတ်က မကြည်တာနဲ့ Jeon ကို
စိတ်မရှည်သလိုအော်ပြောလိုက်မိတယ်

"မင် ! ပြန်အိပ်လိုက် ကိုပြောတာနားထောင်
အိပ်ရေးမဝရင် မူးနေအုန်းမယ်"

ကြည့် အသံလေး နည်းနည်းမာမရ
စိတ်ကဆိုးပြန်ပီး

တစ်ဖက်သို့ လှည့်အိပ်သွားသောသူလေး
သူကိုဖက်ထားတဲ့ Jeon ရဲ့လက်ကိုတော့ မဖယ်ချ

"မင် ရာ ကိုယ်က စိတ်ပူလို့ပါ
မင် မအိပ်ချင်တော့ဘူးမလား မအိပ်နဲ့တော့နော်"
"အိပ်ချင်တယ် အိပ်မယ် "

အတင်း ‌စောင်ကို ဆွဲခြုံသောသူလေး

"အဲ့တာဆို မင် ဆက်အိပ်လိုက်အုန်းနော်
ကို အလုပ်ရှိလို့ ထတော့မယ် "

အမုန်း၏စေရာ💔(Completed)Where stories live. Discover now