💔34💔U/Z

4.8K 315 29
                                    

#Unicode

Omma သား အိပ်ချင်ပီး"

ဝရံတာက ဒန်းလေးပေါ်မှာ ထိုင်ပီး
ကောင်းကင်ကြီးက ကြယ်လေးတွေကို
ကြည့်နေတဲ့ Omma က တကယ့်ကို နတ်သမီးလေး

"ဟုတ်ပါပီး Omma ချစ်ဆုံးလေးရဲ့"

ကလေးငယ် သည် သူမရဲ့ ပေါင်ကို ခေါင်းခု၍
‌လဲချလိုက်လေသည်...သူအကြိုက်ဆုံး ဝက်ဝံရုပ်လေးကိုလဲ
ပိုက်ထားတာ ကျစ်ကျစ်...

"Omma က ကြယ်လေးတွေကို သဘောကျတာလား"

ပြွတ်စ်...

သူမ သည် သူမရဲ့သားငယ်လေးကို ချစ်ခြင်း မေတ္တာတွေအပြည့်နဲ့
နမ်းရှုံလိုက်လေသည်...

"အင်းသဘောကျတယ် ကြယ်လေးတွေက....
သားငယ်လေးနဲ့ တူလို့လေ"

ခ်ခ်ခ်...

သဘောကျနေလိုက်တာများ တခစ်ခစ် ရယ်သံတွေသည်
Park အိမ်တော်တစ်ခုလုံးကို လွှမ်းခြုံလို့...

"Omma "

"ပြောပါရှင့်..."

"သား အသက်တွေကြီးလာရင်
Omma ပေါင်ပေါ်မှာ အခုလို အိပ်လို့ရပါအုန်းမလား "

"ဘာဖြစ်လို့လဲ သားငယ်ရဲ့ Omma က သားကို တစ်သက်လုံး
သားအိပ်ချိန်ရောက် တိုင်း ဒီလိုလေး ‌ချော့သိပ်ပေးမှာ..."

ပြောရင်း နှာဖူးပေါ်ကိုဝဲကျနေတဲ့ဆံပင်လေးကို သပ်တင်ပေး
တယ် နွေးထွေးနေတဲ့ လက်.... လုံခြုံမှုတွေအပြည့်

"သားက ကြီးလာရင် ခန္ဓာကိုယ်က ကြီးလာမှာလေ
အခုလိုOmma ပေါင်ပေါ်မှာ အိပ်တာကတော့ အိပ်လို့ရပါတယ်
အခုဘဲ့ကြည့် ခဏနေသား အိပ်ပျော်သွားရင် Omma က သားကို
အခန်းထဲ ချီသွားမှာလေ...သားအသက်ကြီးလာလို့ ခန္ဓာကိုယ်ပါကြီးလာတဲ့အခါကျရင် Omma က သားကို ဘယ်လိုလုပ်ချီနိုင်တော့မှာ
လဲ ပီးတော့ သားက လူကြီးဖြစ်ချင်တယ် Omma ပေါ်မှာ မအိပ်ရတော့မှာလဲကြောက်တယ်"

"အဲ့ဒါဆိုလဲ သားငယ်လေး နိုးတဲ့အထိ Omma က
စောင့်ပေးမှာပေါ့"

"Omma ညောင်းမှာပေါ့..."

"အတတ်လေး
သားလေး အိပ်ရေးဝဖို့က အဓိက
Omma မညောင်းပါဘူး...
သားလေး Omma ဘေးမှာရှိရင်
ရပီး ကျန်တာတွေ ကိစ္စမရှိပါဘူး "

အမုန်း၏စေရာ💔(Completed)Where stories live. Discover now