#Unicode
"ကလေးရော အဖေရော ဘာထိခိုက်မှုမှ မဖြစ်စေနဲ့ !!"
ခက်ထန်လွန်းတဲ့အမိန့်ပေးသံသည် ဆေးရုံထဲက ရှိသမျှဆရာဝန်တိုင်းကို အုပ်အုပ်ကြွကြွဖြစ်သွားစေသည်
မနက်၄:၀၀နာရီ
"အင့်..."
ငြီးငြူးသံလေး
အင်္ကျီကို ဆုပ်ကိုင်ထားသော လက်ကလေးသည်
ချွေးစီးများစွာဖြစ် မျက်နှာလေးသည်လဲ ဖြူစွတ်နေခဲ့သည်"ကို အင့် "
"ဟင် ကလေးဘာဖြစ်လို့လဲ "
"ဗိုက် အင့် ဗိုက်နာတယ်...ဟင့်"
"မွေးတော့မယ်ထင်တယ်
ကိုယ်တို့ဆေးရုံသွားကြမယ်နော် ဘာမှမဖြစ်ဘူး ''ကောက်ပွေ့လိုက်တော့ဘောင်းဘီတွင် စိုနေသော အရာတွေကြောင့် Jeon ပြူးပြာသွားခဲ့သည်
ပွေ့ချီပြီးခပ်မြန်မြန် အောက်ထပ်ကိုဆင်းလာကာ"ကားထုတ် ဆေးရုံသွားမယ်!!"
Jeon လက်ထဲက ကောင်လေးမျက်နှာသည်
အနည်းငယ်ဖြူဖျော့နေသည်မို့
တစ်အိမ်လုံးပြူးပြူးပြာပြာ"ဟုတ်ကဲ့ သခင်လေး "
"ဟင့် နာတယ် "
"ကားကို မြန်မြန်မောင်း !"
"ဟင့် ကို မင် တအားနာတယ် ဟင့် "
"အင်းအင်း ကိုယ်သိတယ်
နှုတ်ခမ်းတွေကိုမကိုက်ရဘူးလေကိုယ့်ကလေးရဲ့
ရောက်တော့မယ်နော်....""ဟင့် "
မြတ်နိုးရတဲ့နှုတ်ခမ်းလေးတွေကိုမကိုက်ရဘူးပြောတော့ ချက်ချင်းလွှတ်ကာ ကြိတ်မှိတ်ခံသည်
ပိုင်ဆိုင်မှုလေးကိုကြည့်ကာ
Jeon မျက်နှာသည် ပိုင်ဆိုင်မှုလေးထက်
ဖြူဖျော့သွားခဲ့သည် နှုတ်ခမ်းပါးတွေသည်လဲ
သွေးတွေမရှိတော့...။နောက်တစ်ခါ ဘုရားသခင်က ကျွန်တော်တို့အတွက်ဆုလာဒ်အဖြစ်ကလေးတစ်ယောက်ထပ်ပေးခဲ့မယ်ဆိုရင် အခုထဲကကြိုငြင်းပါရစေ ဒီအဖြစ်အပျက် ဒီကြောက်စိတ် ဒီစိုးရိပ်ထိပ်လန့်မှုတွေကို နောက်ထပ်မခံစားချင်တော့
ဓားရှရင်တောင် မျက်နှာတစ်ခုလုံးပြိုပြိပျက်ပျက်ဖြစ်နေတဲ့ကောင်က အခုအခြေအနေကို ရင်ဆိုင်ဖို့အားမရှိ