💔(part~1)💔U/Z

26K 683 18
                                    

#Unicode

ချစ်ခြင်းမေတ္တာတွေဆိုတာ ကျွန်တော်ဘဝမှာ
ဘယ်တုန်းကမှမရှိခဲ့ဘူး
ရှိလာအောင်လဲဘယ်တော့မှကြိုးစားမှာမဟုတ်ဘူး ။
သေခြင်းတရားက မမျှတဘူးလို့ကျွန်တော်ထင်တယ်။
ကျွန်တော်မိဘနှစ်ပါးကို လောကကြီးနဲ့ရော ကျွန်တော်အနားကနေရော အပီးအပိုင် ထွက်သွားခွင့်ပြုလိုက်တယ်။
အမုန်းဆိုတာရှိလာရင် လက်စားချေခြင်းဆိုတာဖြစ်ပေါ်လာတယ်
ကျွန်တော်မိဘနှစ်ပါးအတွက် မျှတမှုကိုပြန်ယူရမယ် လက်စား‌ချေရမယ် အဲ့စိတ်က ငယ်ငယ်ကတည်းက တည်မြဲနေသောတစ်ခုတည်းသောအရာဘဲ့ ဘယ်တော့မှမေ့သွားမှာမဟုတ်သလို ပျောက်ကွယ်သွားမှာလဲမဟုတ်ဘူး သေရာပါအမှတ်ကြီးလိုစိတ်ထဲမှာစွဲနေပီး။

"bossမနက်ဖြန် ကော်ဖီဆိုင်မှာ ဧည့်သည်တစ်ယောက်
နဲ့တွေ့ဖို့ရှိပါတယ်"
"အေ သွားဖို့ပြင်ဆင်ထားလိုက်"
"ဟုတ်ကဲ့ boss"

ပြတင်းပေါက်ဘက်ကို ဝိုင်တစ်ခွက်နဲ့ငေးနေရင်း
ဒေါသစိတ်တွေကိုဖြေလျော့နေသည်
ငယ်ငယ်ကတည်းက တစ်ခုခုကိုအလိုမကျဘူးဆိုရင်
စိတ်က ဖောက်ပြန်လာရော ဒေါသထွက်ရင်လူမပြောနဲ့
ကိုယ့်ကို ကိုတောင်မမြင်တော့ဘူး ။ဒေါသဆိုတဲ့အရာကြီးက
သိတ်ကြောက်စရာကောင်းသည် ။
______________________________________________
စိတ်ပင်ပန်းပီးဝမ်းနည်း ရင်ဖြစ်တတ်တဲ့ မေ့လဲတဲ့ရောဂါကို
သိတ်မုန်းသည်ကိုယ်ကိုအားနည်းတဲ့သူဆိုပီး
အနိုင်ကျင့်နေတဲ့သူတွေကိုလဲမုန်းသည်
အမြဲတမ်း အားနည်းနေပီး သိမ်ငယ်တတ်တဲ့
ကိုယ့်အကျင့်ကိုလဲမုန်းသည် ။ ဒီကမ္ဘာမှာ
ကျွန်တော်မမုန်းတဲ့အရာ‌ဆိုတာ သိတ်ရှားသည်
ဖြစ်လာသမျှ အရာတွေကို မျက်စိမှိတ်ပီးသာ
ဖြေရှင်းလို့ရရင် အရာအားလုံးကိုဖြေရှင်းပစ်လိုက်ချင်သည်။

"park jimin နင်ကိုယ်နင်ဘာထင်နေလဲ မနေ့ကမှ
ဈေးကြီးပေးပီး ဝယ်လာတဲ့ ငါ့ပန်းချီကားကို နင်ဘာဖြစ်လို့
‌ဖျက်စီးပစ်လိုက်တာလဲ ။"
"မတော်တဆ ဖြစ်သွားတာ ငါတမင်သက်သက်သာလုပ်ရင်
အဲ့ပန်းချီကားရုပ်ကိုနင်တွေ့ရမှာတောင်မဟုတ်ဘူး"
"နင်လူပါးမဝနဲ့နင်ကိုငါ appaနဲ့တိုင်မယ်"
"................"

သူကတော့ မယားပါသမီး Anna သူအမေနဲ့သိတ်တူတယ်
စရိုက်ရောအကျင့်ရော ကျွန်တော်အမုန်းဆုံးကသူတို့နှစ်ယောက်ကိုပေါ့ ။ သူသွားတိုင်မယ် ပီးရင်appaက ကျွန်တော်ကိုဆုံးမမယ်အော်မယ် တစ်ခါတစ်လေဆိုရင်လက်ပါတဲ့အထိတောင်ဖြစ်တယ်
ဒါတွေက ဖြစ်နေကြမို့ ကြောက်စရာမလိုတော့ဘူး
ကျွန်တော် အရေခွံတွေထူနေပီး။

အမုန်း၏စေရာ💔(Completed)Donde viven las historias. Descúbrelo ahora