💔33💔U/Z

5.6K 292 28
                                    

#Unicode

"အားးးးးးးး"

မနက်မိုးလင်းတာနဲ့ Jeon ရဲ့အသံဆာဆာ
ဗိုက်ဗိုက်လေးက အဲ့သလိုဘဲ့...အခုလဲဘယ်နေရာ
ကိုကိုက်ထည့်လိုက်ပြန်ပီးလဲမသိ

"ကလေးး!!"

လူပေါ်မှာ ဇိမ်နဲ့တစ်ကိုယ်လုံးတက်နေကာ
ရင်ဘတ်ကိုဆက်ကိုက်မလို့လုပ်နေတဲ့ ဗိုက်ဗိုက်လေးကို ခေါ်လိုက်တော့
"ဗျာ" တဲ့ ဆူစရာစကားတွေတောင် ‌လေထဲ လွင့်စင်ကုန်သည်

အပစ်လုပ်ထားပီး စပ်ဖြဲဖြဲနဲ့ တကယ် လက်လန်

"ဗျာ လုပ်မနေနဲ့ ကို ပြောထားတယ်လေ 
အကြမ်းကြီးမကိုက်ပါနဲ့လို့  "

သွားအကွင်းရာကြီးနဲ့ရင်ဘတ်ကိုပွတ်သက်ကာ
Jeon ငြီးညူးလိုက်သည်

"ခင်ဗျားဘဲ့ ပြောထားတယ်မလား မကျေနပ်ရင် ကြိုက်တာလုပ်ဆို"

နှုတ်ခမ်းကလဲ ဆူထားတာ လူကိုပါလာထိုးမိတော့မယ်
သူလဲ မှားသေး...Jeon လဲတစ်ခါတစ်လေ အဲ့လိုမျိုး
ပြောချင်မိပါရဲ့ စိတ်ထဲကနေဘဲ့ပြောရဲတဲ့ဘဝက လွယ်မနေဘူး

"ဟုတ်ပါတယ် အခုက.."

တစ်ခြားအချိန်လုပ်ရင် ကြိုက်သလိုလုပ်
အိပ်နေတဲ့အချိန် လုပ်ရင် တော်တော် စိတ်တိုတယ်
ဗိုက်‌ဗိုက်လေးကို အော်ဖို့နေနေသာသာ အသံတောင်မမာရဲ
အသံမမာတာတောင်
မျက်နှာလေး ညိုးကျကာ ‌ကိုယ်ပေါ်ကနေ ဆင်းသွားတဲ့ သူလေး
‌ရစ်ပါတော့မယ် ချော့ပေတော့

"အခု ကိုယ့်ကလေးလေးက ကိုယ့်ကိုယ်
ဘာ မကျေမနပ်ဖြစ်နေတာလဲ ပြောပါအုန်း"

တစ်ဖက်သို့ လှည့်အိပ်နေတဲ့ ‌ခန္ဓာကိုယ်လေးကို ရင်ခွင်ထဲ ဆွဲပွေ့လိုက်ပီး
မေးတော့ ဘာမှပြန်မဖြေလား မျက်စိကို အတင်းမှိတ်ကာ ငြိမ်နေသည်

"စိတ်ကောက်သွားတာလား ''

ထိုအခါမျက်စိဖွင့်လာကာ မကျေနပ်ဘူးဆိုတဲ့အကြည့်နဲ့ကြည့်ပီး

"မကောက်ဘူး!!ခင်ဗျား ငြိုငြင်လို့ စိတ်မကောင်းဖြစ်တာ"

"ဟာဗျာ မငြိုငြင်ရပါဘူး ကိုယ်လန့်သွားလို့ပါ ကိုယ်
အိပ်နေတာကို နှောက်ယှက်တာ ဘယ်သူလေးလဲ ဟမ်"

အမုန်း၏စေရာ💔(Completed)Where stories live. Discover now