#Unicode
ချစ်တော့လဲ စိတ်ရှည်ပီးချော့ရတာပေါ့
Jeon က Minဆီမှာ ကျရှုံးသွားပီးလေ"မင် ကလဲကွာ ဘာဖြစ်သွားတာလဲ"
"ဘာဖြစ်လို့လဲ ဘာမှမဖြစ်ဘူး"မျက်နှာက ဒီလောက်ဆူပုပ်နေတာတောင်
ဘာမှမဖြစ်ဘူးတဲ့ စိတ်ဆိုးနေတာ အထင်သား"ကိုယ့်အတွက်လား"
စားပွဲပေါ်မှာတင်ထားတဲ့ မားမားပြုတ်နှစ်ပွဲကိုတွေ့တော့
Jeon မေးလိုက်ခြင်း"မဟုတ်ဘူး ပစ်ချမလို့ ပြုတ်ထားတာ"
ရွဲ့တာရွဲ့တာ
"မင်ကလဲ ကိုဘာပြောလို့စိတ်ဆိုးသွားတာလဲ"
*တကယ်ဘဲ့ မသိတာလား မသိချင်ယောင်ဆောင်တာလား
မသိရင် မင် ကဘဲ့
ဒီတိုင်းစိတ်ဆိုးကစားနေတဲ့အတိုင်းဘဲ့*"......"
"မင် !""အင်းအင်း ခဗျာ ဘာမှမပြောဘူး ခဗျာ မမှားဘူး
အဲ့တာ ကြောင့်မို့သွားအိပ်လိုက်တော့ ပင်ပန်းလာတယ်မလား""ခဗျာနဲ့မပြောနဲ့ ကို မကြိုက်ဘူး"
"အဲ့တာဆို ဘာလို့ ကျွန်တော်မကြိုက်တာကိုပြောလဲ"*ကို မကြိုက်ကျတော့ ပြောလို့မရဘူး
မင် မကြိုက်တာကျတော့ရော ဘာလို့ပြောလဲ
ကို မချစ်ဘူး မင်ကို ကိုယ်ချစ်တယ်လို့ပြောတာတောင်
ဘာလို့ မင် တစ်ယောက်ထဲဘဲ့ ချစ်နေသလိုမျိုးခံစားနေရတာလဲ
သိပ်မုန်းတာဘဲ့.........အဲ့ခံစားချက်ကြီးကို သိပ်မုန်းတယ် ။*မျက်ရည်တွေ ဖောင်းပြည့်နေတဲ့
ပါးပြင်နှစ်ဖက်ပေါ်တွင်အပြည့်နေရာယူထားကာ
တစ်ဦးတည်းသောပိုင်ဆိုင်မှုလေးက ကျွန်တော်ကို
မျက်ရည် အရွဲသားနဲ့ စိုက်ကြည့်နေလေရဲ့"ကို အမုန်းဆုံးက နည်းနည်းဖြစ်ရင်
ငိုတတ်တဲ့ မင်ရဲ့အကျင့်ကို "ကျနေတဲ့မျက်ရည်လေးကို ဖွဖွလေး သုပ်ပေးပီးပြောတော့
"မုန်းနေတာဘဲ့မလား မင်ကို ကိုယ်ချစ်ရောချစ်လို့လား"
ဒီစကားကမင် ကျွန်တော်ကို စိတ်ဆိုးလို့ပြောလိုက်တဲ့စကားလား
သူမမြင်သေးတာလား ကျွန်တော်ရဲ့အချစ်တွေကို
အမုန်းဆုံးလူရဲ့သားကို ချစ်မိခဲ့တာ နောင်တလဲမရခဲ့ဘူး
ချစ်လွန်းလို့....