💔(Part~31)💔U/Z

5.4K 306 17
                                    

#Unicode

မင်္ဂလာဦးည မဦးရတဲ့ခံစားချက်ကြီးက ငိုချင်စရာ

လက်မထပ်ခင်ကတည်းက အတူနေတာမို့ ဒီကိစ္စကို
ထပ်ခါထပ်ခါပြောရဖို့ မင် ကိုအားနာလှပါသည်
ကိုယ်ယူထားတာယောကျာ်းလေးတစ်ယောက်ဖြစ်နေပေမယ့်
သူအသွေးအသားတွေက စွဲလမ်းဖွဲအတိ လှရက်လွန်းတယ်

ကိုယ့်ရဲ့ဆန္ဒတွေကို အောင့်အီးထားရသည်မှာလဲ ခံရခက်စွာ
လွန်လွန်းတယ်လို့မထင်ဘူးလား အခုက မင်္ဂလာဆောင်ပီး
တစ်ပတ်တောင်ကျော်နေပီး အခုထိ တစ်စက်ကလေးမှမထိရသေး

အရိပ်အကဲပြရင်လဲ ချက်ချင်းသတိထားမိပီး
ရှောင်ရှောင်ထွက်သွားတတ်သည်
ကိုယ့်ယောကျာ်းကို ကိုယ်မယုံတာ တစ်ခု တော်တော်ခံရပြင်းသည်

"ကို!!"

ညီညီညာညာမျက်ခုံးလေးနှစ်ဖက်သည် 
မိုးလင်းကတည်းတွန့်ကျိုးနေသည်
အကြောင်းမှာ Companyလဲမသွား အိမ်မှာဘဲ့နေပီး လူကိုဂရုမစိုက်ဘဲ့ သူ့အလုပ်တွေဘဲ့ လုပ်နေတဲ့ ကျွန်တော့်ရဲ့နှစ်ယောက်မရှိ ယောကျာ်းကြောင့် ၊ သူအလုပ်မသွားတာကို ကျွန်တော်နဲ့ဘာဆိုင်လဲ ကျွန်တော့်ကိုလဲ အလုပ်ပေးမသွား ၊ ပီးတော့ သူ့အနားမှာဘဲ့ထိုင်နေတဲ့
ဒါ... ဒါကတော်တော်လေးတရားလွန်တယ်မလား

စိတ်ရှိလက်ရှိ ကိုက်ပစ်ချင်လိုက်တာ

"ကို ခဗျားခေါ်နေတာမကြားဘူးလား !!"

အိပ်ယာပေါ်မှာ ဇိမ်နဲ့ အလုပ်တွေမကူဘဲ့ ဖုန်းထိုင်ဆော့နေတဲ့
အကောင်ပေါက်သည်
သူခေါ်တာကို ပြန်မထူးလို့ အော်နေပြန်ပါပီး
တမင်သက်သက်ကိုမထူးတာ
Jeon အလိုမကျဖြစ်နေတဲ့ပိုင်ဆိုင်မှုလေးကို လှည့်ကြည့်ပီး မျက်ခုံးနှစ်ဖက်ကိုအပေါ်သို့ပင့်တင်လိုက်ကာ "ဘာလဲ ဒီမှာအလုပ်လုပ်နေတယ်မမြင်ဘူးလား" ဆိုတဲ့သဘောမျိုးနဲ့ Jeon စိတ်ထဲမှာလဲ အဲ့လိုဘဲ့ပြောနေသည် အပြင်သို့ထုတ်ပြောပါလား တိုက်တွန်းချင်မိ...

"တကယ်မထူးဘူးပေါ့လေ ရတယ်"

လူကို အရေးမလုပ်ဘဲ့ပစ်ထားတဲ့လူနား ဘာထိုင်လုပ်နေမိတာပါလိမ့်
အစကတည်းက သူ့စကားနားမထောင်ရမှာ
ဆက်ထိုင်နေတော့လဲ ဘာထူးမှာလဲ အောက်ထပ်မှာမုန့်သွားစားတာဘဲ့ကောင်းတယ်

အမုန်း၏စေရာ💔(Completed)Where stories live. Discover now